Connect with us

Asia

မြောက်ကိုရီးယားလေတပ်တွင် မဟာဗျူဟာမြောက် စစ်ရေးပစ္စည်းသစ်များ တပ်ဆင်မည်ဟု ကင်ဂျုံအန်း ပြောကြား

မြောက်ကိုရီးယားလေတပ်လေယာဉ် ပျံသန်းသရုပ်ပြနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/KCNA)

ပြုံယမ်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံတွင် ပြည်သူ့တပ်မတော်လေတပ် တည်ထောင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားများကို နိုဝင်ဘာ ၂၈ ရက်က ကျင်းပခဲ့ရာ ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းက မြောက်ကိုရီးယားလေတပ်တွင် မဟာဗျူဟာမြောက် စစ်ရေးပစ္စည်းသစ်များ တပ်ဆင်မည်ဖြစ်သလို တစ်ချိန်တည်းတွင်ပင် အရေးကြီးတာဝန်သစ်များကို ပေးအပ်မည်ဖြစ်ကြောင်း အခမ်းအနားသို့ တက်ရောက်စဉ် ပြောကြားခဲ့ကြောင်း KCNA သတင်းဌာန၏ နိုဝင်ဘာ ၃၀ ရက် သတင်းအရ သိရသည်။

လေတပ်သည် နျူကလီးယားစစ်ပွဲ ဟန့်တားနိုင်သည့်အင်အားအဖြစ် ထမ်းဆောင်ရာတွင် တစ်မူထူးခြားသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း ကင်ဂျုံအန်းက နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပသည့် မြောက်ကိုရီးယားပြည်သူ့တပ်မတော် လေတပ် တည်ထောင်ခြင်း နှစ် ၈၀ ပြည့် အစီရင်ခံအခမ်းအနား၌ ပြောကြားခဲ့သည်။
မြောက်ကိုရီးယားလေကြောင်းပိုင်နက်ကို ထိပါးကျူးကျော်ရန်ကြိုးပမ်းသည့် ရန်သူ၏ ထောက်လှမ်းရေးလုပ်ဆောင်မှုနှင့် စစ်ရေးရန်စမှုဖြစ်နိုင်ခြေအမျိုးမျိုးကို “အပြတ်အသတ်အားသာသော စိတ်ဓာတ်အင်အားနှင့် ထိုးစစ်ဆင်မှုအရှိန်အဟုန်” ဖြင့် အခိုင်အမာ တွန်းလှန်ဟန့်တားသွားရန် လေတပ်ကို ၎င်းက တောင်းဆိုခဲ့သည်။

ကင်ဂျုံအန်းသည် ယင်းနေ့တွင် လေတပ်ပျံသန်းသရုပ်ပြမှုများကို ကြည့်ရှုပြီးနောက် လေတပ်အား မြောက်ကိုရီးယား၏ အမြင့်ဆုံးဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော ကင်ဂျုံအီဆုတံဆိပ် ချီးမြှင့်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)

မြောက်ကိုရီးယားလေတပ်လေယာဉ် ပျံသန်းသရုပ်ပြနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/KCNA)

——————–
(Chinese Version)
金正恩称朝鲜空军将装备新战略军事资产
新华社平壤11月30日电(记者冯亚松 王超)据朝中社30日报道,朝鲜28日举行系列活动庆祝人民军空军成立80周年,朝鲜劳动党总书记、国务委员长金正恩在出席活动时表示,朝鲜空军将装备新的战略军事资产,同时被交付新的重大任务。
金正恩在28日举行的纪念朝鲜人民军空军成立80周年报告会上说,空军在行使核战争遏制力方面独当一面。他要求空军“发挥压倒性精神力量和进攻性气势”,坚决击退和遏制敌人企图侵犯朝鲜领空的各种侦察行为和军事挑衅可能性。
报道说,金正恩当天观看了空军飞行表演,并向空军授予朝鲜最高勋章金正日勋章。(完)
1. 这张朝中社提供的照片显示的是朝鲜空军飞机进行飞行表演。 新华社/朝中社

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.