Africa & Middle East
နေတန်ယာဟုက အစ္စရေးသမ္မတထံ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံ
ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုသည် အစ္စရေးနိုင်ငံ သမ္မတ အီဆက် ဟာဇော့ထံ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် လျှောက်ထားချက်တစ်ရပ် တင်ပြထားပြီးဖြစ်ကြောင်း အစ္စရေးနိုင်ငံ သမ္မတရုံးက နိုဝင်ဘာ ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ နေတန်ယာဟုသည် လက်ရှိတွင် အဂတိလိုက်စားမှုကြောင့် စစ်ဆေးမှုခံယူနေရသည်။
နေတန်ယာဟု၏ရှေ့နေ အာမစ် ဟတ်ဒစ်က လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် လျှောက်ထားချက်ကို သမ္မတရုံး တရားဥပဒေရေးရာဌာနသို့ တင်ပြထားပြီးဖြစ်ကြောင်း၊ အီဆက် ဟာဇော့က သက်ဆိုင်ရာအကြံပြုချက်များ လက်ခံရရှိပြီးနောက် “တာဝန်ယူမှုရှိသည့် သဘောထား” ဖြင့် အဆိုပါလျှောက်ထားချက်ကို စိစစ်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အစ္စရေးနိုင်ငံ သမ္မတသည် တရားရုံးက ပြစ်ဒဏ်ချမှတ်ထားသူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိကြောင်း၊ အလွန်ရှားပါးသည့်အခြေအနေတွင် အများပြည်သူအကျိုးစီးပွားနှင့်ကိုက်ညီပါက သက်ဆိုင်ရာပုဂ္ဂိုလ်သည် တရားဥပဒေအစီအစဉ် မပြီးဆုံးမီတွင် လွတ်ငြိမ်းချမ်းသာခွင့်ရနိုင်သော်လည်း လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံသည့် ကာယကံရှင် သို့မဟုတ် ၎င်း၏တိုက်ရိုက်သွေးသားတော်စပ်သူက လျှောက်ထားရမည်ဖြစ်ကြောင်း The Times of Israel က သတင်းဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် အစ္စရေးနိုင်ငံ အစိုးရရှေ့နေရုံးက လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုနှင့် အများပြည်သူယုံကြည်မှုကို ချိုးဖောက်မှု စသည့် စွဲဆိုချက် ၃ ရပ်ဖြင့် နေတန်ယာဟုအား တရားဝင် တရားစွဲဆိုခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မေလတွင် တရားရုံးက အဆိုပါအမှုအား ပထမဆုံးအကြိမ် စီရင်ခဲ့ရာ နေတန်ယာဟုသည် ယင်းကြောင့် ပထမဆုံး တရားစီရင်မှုခံရသည့် တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
အဆိုပါအမှုတွင် နေတန်ယာဟုနှင့် ၎င်း၏မိသားစုဝင်များသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကြားတွင် အစ္စရေးကုန်သည်၊ ဟောလ်လိဝုဒ် ထုတ်လုပ်သူ Arnon Milchan ထံမှ ကန်ဒေါ်လာ ၂၈၀,၀၀၀ တန်ဖိုးရှိသော ပစ္စည်းများလက်ခံရယူခဲ့ကြောင်း၊ အပြန်အလှန်အားဖြင့် နေတန်ယာဟုက တစ်ဖက်သူထံသို့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် ကောင်းကျိုးဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြစ်မှုကို အတည်ပြုနိုင်ပါက နေတန်ယာဟုသည် လာဘ်ပေးလာဘ်ယူမှုကြောင့် အမြင့်ဆုံးကျခံရနိုင်သည့် ပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၀ နှစ်ဖြစ်ပြီး လိမ်လည်မှုနှင့် အများပြည်သူယုံကြည်မှုအား ချိုးဖောက်ခြင်းကြောင့် စုစုပေါင်း အမြင့်ဆုံးထောင်ဒဏ် ၃ နှစ် ကျခံရနိုင်ကြောင်း အစ္စရေးမီဒီယာများကဆိုသည်။
၂၀၂၀ ပြည့်နှစ်တွင် စစ်ဆေးမှု စတင်လုပ်ဆောင်သည့်အချိန်မှစ၍ နေတန်ယာဟုသည် စစ်ပွဲ၊ နိုင်ငံခြားခရီးစဉ်၊ ကျန်းမာရေးအခြေအနေ စသည့် အကြောင်းပြချက်များဖြင့် အကြိမ်များစွာ “စီရင်မှုကို အချိန်ဆွဲ ရှောင်တိမ်း” ခဲ့သည်ဟု အစ္စရေးမီဒီယာများက ထိုမတိုင်မီ သတင်းဖော်ပြကြသည်။ (Xinhua)
———————
(Chinese Version)
内塔尼亚胡向以总统提交赦免请求
新华社耶路撒冷11月30日电(记者路一凡 王卓伦)以色列总统府11月30日发表声明说,以总理内塔尼亚胡已向以总统赫尔佐格提交一份赦免请求。内塔尼亚胡目前正因贪腐案受审。
声明说,内塔尼亚胡的律师阿米特·哈达德已将赦免请求提交至总统府法律部门。赫尔佐格将在收到相关意见后,以“负责任的态度”审议这一请求。
据《以色列时报》报道,以色列总统有权赦免经法院定罪的人,在极少数情况下,如果符合公共利益,相关人员甚至可以在法律程序结束前获得赦免,但必须由寻求赦免的当事人或其直系亲属提出申请。
2020年初,以色列检方以受贿、欺诈和违背公众信任3项指控正式起诉内塔尼亚胡。同年5月,法院首次开庭审理该案,内塔尼亚胡因此成为以色列首个接受司法审理的在任总理。
该案中,内塔尼亚胡及其家人涉嫌在2007年至2016年间,从以色列商人、好莱坞制片人阿尔农·米勒汉处收受价值约28万美元的物品。作为回报,内塔尼亚胡直接或间接向对方提供好处。
以媒报道说,如果罪名成立,内塔尼亚胡因受贿面临的最高刑罚将是10年监禁,因欺诈和违背公众信任将合计面临3年监禁的最高刑罚。
以媒此前报道称,自2020年审理启动以来,内塔尼亚胡多次以战事、外访、健康等理由“拖延避审”。(完)
图说:9月26日,在位于纽约的联合国总部,以色列总理内塔尼亚胡在第80届联合国大会一般性辩论发言。新华社记者李睿摄
