Africa & Middle East
၂၀၂၅ ခုနှစ် အီဂျစ် “တရုတ်ရုပ်ရှင်သီးတင်ပတ်” ကိုင်ရိုမြို့တွင် ဖွင့်လှစ်
ကိုင်ရို၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် အီဂျစ် “တရုတ်ရုပ်ရှင်သီတင်းပတ်” ကို မကြာမီရက်ပိုင်းက အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ Zamalek ရုပ်ရှင်ရုံတွင် ဖွင့်လှစ်ခဲ့သည်။
တရုတ်နိုင်ငံဧည့်သည်တော်များက “တရုတ်ရုပ်ရှင်သီတင်းပတ်” ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားရာတွင် တရုတ်ရုပ်ရှင်ဈေးကွက်သည် တံခါးဖွင့်လှစ်မှုနှင့် အားလုံးပါဝင်မှုရှိကြောင်း၊ နှစ်ဖက်ရုပ်ရှင်လုပ်ငန်းနယ်ပယ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ ပူးပေါင်းရိုက်ကူးသည့်လုပ်ငန်းများ တက်ကြွစွာလုပ်ဆောင်ရန်၊ တစ်ဖက်နိုင်ငံ၏ရုပ်ရှင်များ အပြန်အလှန်တင်သွင်းရန် တရုတ်နိုင်ငံဘက်က အားပေးရာ ပိုမိုများပြားသော အီဂျစ်ရုပ်ရှင်များ တရုတ်နိုင်ငံတွင် ရုံတင်ရန် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
အီဂျစ်အမျိုးသားရုပ်ရှင်စင်တာ အကြီးအကဲ Ahmed Saleh က အမှာစကားပြောကြားရာတွင် “တရုတ်ရုပ်ရှင်သီတင်းပတ်” သည် အီဂျစ်-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ခြင်း၏ အရေးကြီးအစိတ်အပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်ပိုင်းများတွင် တရုတ်ရုပ်ရှင်များ တိုးတက်အောင်မြင်မှုရရှိခဲ့ခြင်းအပေါ် ၎င်းက အထူးချီးကျူးပြောကြားခဲ့ပြီး အနာဂတ်တွင် နှစ်ဖက်အနေဖြင့် ရုပ်ရှင်ထုတ်လုပ်မှု၊ ဖြန့်ချိမှု စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုးနက်ရှိုင်းစေရန်၊ အီဂျစ်-တရုတ် ရုပ်ရှင်ဖလှယ်မှုများ စဉ်ဆက်မပြတ်တိုးချဲ့ရေး တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ကိုင်ရိုတက္ကသိုလ် တရုတ်ဘာသာအထူးပြုကျောင်းသူ Mai Mohamed က ရုပ်ရှင်ကြည့်ခြင်းမှာ ၎င်းအား တရုတ်ဘာသာစကားသင်ယူရန် အထောက်အကူဖြစ်စေသလို တရုတ်ယဉ်ကျေးမှုအပေါ် သိရှိနားလည်မှု ပို၍နက်ရှိုင်းစေရန် အကူအညီဖြစ်စေကြောင်း ဆိုသည်။
“ရုပ်ရှင်ဆိုတဲ့ ဒီယဉ်ကျေးမှုပုံစံက နိုင်ငံတစ်နိုင်ငံ၊ အဲဒီနိုင်ငံက ပြည်သူတွေအကြောင်းကို သိရှိနားလည်စေဖို့ ပိုပြီးကျယ်ပြန့်တဲ့လမ်းကြောင်းကို ပံ့ပိုးပေးတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ရုပ်ရှင်သီတင်းပတ်ကို ဒီဇင်ဘာ ၁၃ ရက် အထိ ကျင်းပမည်ဖြစ်ပြီး ပရိသတ်များအနေဖြင့် The Lychee Road ၊ Dead To Rights ၊ I Am What I Am 2 ၊ The Shadow’s Edge ၊ The Sinking of the Lisbon Maru ၊ Panda Plan တရုတ်ရုပ်ရှင် ၆ ကားကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
—————–
(Chinese Version)
2025埃及“中国电影周”在开罗开幕
新华社开罗12月1日电(记者董修竹)2025埃及“中国电影周”日前在开罗扎马利克电影院开幕。
中方嘉宾在“中国电影周”开幕式致辞中表示,中国电影市场开放包容,中方鼓励双方电影业界加强合作,积极开展合拍业务,相互引进对方国家影片,欢迎更多埃及电影到中国上映。
埃及国家电影中心主任艾哈迈德·萨利赫在致辞中表示,“中国电影周”是埃中两国文化交流的重要组成部分。他高度评价近年来中国电影取得的发展成就,并期待未来双方在电影制作、发行等领域进一步深化合作,推动埃中电影交流持续拓展。
开罗大学中文系学生马伊·穆罕默德告诉记者,观影既帮助她学习了中文,更帮助她加深了对中国文化的理解。“电影这一文化形式为人们提供了更广阔的途径去认识一个国家及其人民。”她说。
电影周将持续至12月13日,观众将欣赏到《长安的荔枝》《南京照相馆》《雄狮少年2》《捕风追影》《里斯本丸沉没》《熊猫计划》6部中国电影。(完)
1. 11月11日晚拍摄的2025年中国金鸡百花电影节开幕式现场。新华社记者 周义 摄
