Culture & Entertainment
မြန်မာနိုင်ငံ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) တွင် ၁၈ ကြိမ်မြောက် ပန်းပွဲတော်ကျင်းပမည်
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ်တွင် ၁၈ ကြိမ်မြောက် ပန်းပွဲတော်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း အမျိုးသားကန်တော်ကြီး ဥယျာဉ်တွင် (ပြင်ဦးလွင်)မှ တာဝန်ခံ ဦးဝေမျိုးအောင်က ဆင်ဟွာသို့ ယနေ့ (ဒီဇင်ဘာ ၁ ရက်) တွင် ပြောသည်။
“ပန်းပွဲတော်ကို နှစ်စဉ်ကျင်းပနေကျအတိုင်း ရည်ရွယ်ချက် ၄ ရပ်နဲ့ ကျင်းပမှာပါ။ ပြင်ဦးလွင်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုတယ်။ အမျိုးသားကန်တော်ကြီးဥယျာဉ် ပြင်ဦးလွင်ကို ထိန်းသိမ်းထားတာကို promote လုပ်တဲ့ သဘောလည်းပါပါတယ်။ ဒေသစီးပွားရေးနဲ့ eco-tourism ကိုလည်း အထောက်အကူပြုဖို့ ရည်ရွယ်တယ်။ ပန်းမန်စိုက်ပျိုးထုတ်လုပ်တဲ့ ကဏ္ဍကိုလည်း အထောက်အကူပြုဖို့ ရည်ရွယ်ပြီး လုပ်တာပါ” ဟု ၎င်းက ပြောသည်။
ပွဲတော်တွင် ပြည်တွင်းမှ ထွက်ရှိသည့် ပန်း ၃၀၀,၀၀၀ ခန့်နှင့် ပြည်ပမှ တင်သွင်းသည့် ပန်း ၆၀,၀၀၀ ခန့် ကို ပြသသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပန်းပွဲတော်သို့ လာရောက်ကြည့်ရှုသူများအတွက် ဓာတ်ရိုက်ကူးရန် 3D ဒီဇိုင်း ပြင်ဆင်ထားကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
အဆိုပါ ပန်းပွဲတော်တွင် တေးဂီတဖျော်ဖြေပွဲများနှင့် ဒေသထွက်ကုန်များ ရောင်းချသည့်ဆိုင်များလည်း ပါဝင်မည်ဖြစ်ပြီး၊ စားသောက်ဆိုင်များလည်း ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
၁၇ ကြိမ်မြောက် ပန်းပွဲတော်သို့ လာရောက်ခဲ့သည့် ဧည့်သည်ပေါင်း ၃၀၀,၀၀၀ ခန့်ရှိကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။ (Xinhua)
…………………….
(English Version)
Yangon (AAA120102) Myanmar to host 18th flower festival in Pyin Oo Lwin
YANGON, Dec. 1 (Xinhua) — Myanmar will host the 18th flower festival at the National Kandawgyi Gardens in Pyin Oo Lwin, Mandalay region, from Dec. 6, 2025, to Jan. 4, 2026, an official from the gardens told Xinhua on Monday.
The festival aims to be an annual flower festival that meets international standards, to boost the country’s flower cultivation sector, to promote tourism, and to support local development, he said.
Around 300,000 local flowers and about 60,000 imported flowers will be displayed at the festival, he said.
Imported cut flowers will be showcased in 3D display boxes, serving as photo booths for visitors, he added.
The event will also feature music performances and shops selling local products, he said.
About 300,000 people visited the 17th flower festival, he added.
