Connect with us

Europe

ယူကရိန်းနှင့် ဥရောပနိုင်ငံသားများ ပါဝင်ခြင်းမရှိဘဲ ပုံဖော်ဖန်တီးထားသော ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက်မှန်သမျှကို ဥရောပခေါင်းဆောင်များ ပယ်ချ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အီလီဇီးနန်းတော်၌ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးအား ကြိုဆိုနေသည့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (ဝဲ-အရှေ့) အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်/ဘာလင်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ယူကရိန်းနှင့် ဥရောပနိုင်ငံသားများ ပါဝင်ခြင်းမရှိဘဲ ဆွေးနွေးညှိနှိုင်းထားသော ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက်မှန်သမျှကို ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ်နှင့် အခြား ဥရောပခေါင်းဆောင်များက ဒီဇင်ဘာ ၁ ရက်၌ ပယ်ချခဲ့ကြောင်း သိရသည်။
ရုရှား-ယူကရိန်း ပဋိပက္ခနှင့်သက်ဆိုင်သော မည်သည့် “ငြိမ်းချမ်းရေးအစီအစဉ်” ကိုမဆို ယူကရိန်းနှင့် ဥရောပတို့၏ ပါဝင်ဆွေးနွေးမှုဖြင့်သာ အပြီးသတ်နိုင်မည်ဖြစ်ကြောင်း မက်ခရွန်က ဒီဇင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။

ပြင်သစ်သို့ရောက်ရှိနေသည့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် တွေ့ဆုံပြီးနောက် အီလီဇီးနန်းတော်၌ ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ မက်ခရွန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိန်းချုပ်ထားသော ရုရှား၏ပိုင်ဆိုင်မှုများ၊ လုံခြုံရေးအာမခံချက်များ၊ ယူကရိန်းအား ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ပြုဖွယ်ရှိခြင်း စသည့် ကိစ္စရပ်များနှင့်စပ်လျဉ်းသော သဘောတူညီချက်များအား ဆွေးနွေးပွဲစားပွဲဝိုင်းပေါ်တွင် ဥရောပနိုင်ငံများ ပါဝင်မှသာလျှင် အပြီးသတ်နိုင်မည်ဟု မက်ခရွန်က ဆိုသည်။
ငြိမ်းချမ်းရေးအစီအစဉ်အား ယနေ့အချိန်အထိ အပြီးသတ်နိုင်ခြင်း မရှိသေးသည်ကိုလည်း ပြင်သစ်သမ္မတက အလေးထားပြောဆိုခဲ့သည်။
ဇယ်လန်းစကီးကမူ ယူကရိန်းအနေဖြင့် ပဋိပက္ခကို သိက္ခာရှိရှိအဆုံးသတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ပြောကြားခဲ့ကာ ခိုင်မာသော လုံခြုံရေးအာမခံချက်များ ရရှိရေးအတွက် တောင်းဆိုခဲ့ပြီး အနာဂတ်ဆွေးနွေးပွဲများတွင် နယ်မြေပိုင်နက်အရေးမှာ အခက်ခဲဆုံးဖြစ်လာမည်ဟု မှတ်ချက်ပြုခဲ့သည်။

မက်ခရွန်နှင့် ဇယ်လန်းစကီးတို့သည် ဒီဇင်ဘာ ၁ ရက်က ဥရောပခေါင်းဆောင်များအပြင် အမေရိကန်နှင့် ယူကရိန်းတို့မှ စေ့စပ်ညှိနှိုင်းသူများနှင့်လည်း ဆွေးနွေးခဲ့သည်ဟု အီလီဇီးနန်းတော်၏ အဆိုအရ သိရသည်။
ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ်ကလည်း ဂျာမနီအနေဖြင့် ယူကရိန်းအပေါ် တစ်ဖက်သတ် ငြိမ်းချမ်းရေးအစီအစဉ်မှန်သမျှကို ဆန့်ကျင်ကြောင်း ဒီဇင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။
“ယူကရိန်းနိုင်ငံသားတွေ၊ ဥရောပနိုင်ငံသားတွေမပါဘဲ ယူကရိန်းနဲ့ ဥရောပရဲ့အရေးကို ဆုံးဖြတ်လို့မရပါဘူး” ဟု ဘာလင်မြို့သို့ရောက်ရှိနေသော ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်ခ်နှင့် တွေ့ဆုံပြီးနောက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ မက်ဇ်က ပြောကြားခဲ့သည်။ တက်စ်ခ်ကလည်း ယူကရိန်းအား ထောက်ခံကြောင်း ပြောကြားခဲ့ကာ ဥရောပ၏လုံခြုံရေး ခိုင်မာအားကောင်းရေးအတွက် ပိုလန်နှင့် ဂျာမနီတို့၏ အတူတကွကြိုးပမ်းအားထုတ်မှုများကို အလေးထားပြောဆိုခဲ့သည်။
ထို့အတူ လတ်ဗီးယားသမ္မတ အက်ဂါစ် ရင်ကီဗစ်စ်ကလည်း ဥရောပအနေဖြင့် ဆွေးနွေးပွဲစားပွဲဝိုင်းပေါ်တွင် ပါဝင်ရမည်ဟု ဒီဇင်ဘာ ၁ ရက်က ပြောကြားခဲ့ကာ အလားအလာရှိသော ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်နှင့် ပတ်သက်၍ မှတ်ချက်ပြုခဲ့သည်။

လတ်ဗီးယားနှင့် နောဒစ်-ဘောလ်တစ်ဒေသမှ နိုင်ငံခြားရေးမူဝါဒ ချမှတ်သူများသာမက အီးယူနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံအများစုမှ ခေါင်းဆောင်များကလည်း ယူကရိန်း၏ နယ်မြေပိုင်နက်ပြည့်စုံမှု၊ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွား စသည့် မူကြီးသုံးချက်ကို လေးစားသင့်ကြောင်း ရင်ကီဗစ်စ်က လတ်ဗီးယား ရေဒီယိုအစီအစဉ် “Krustpunkta” သို့ ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာတီမာပူတင်သည် ယူကရိန်းနှင့်ပဋိပက္ခ အဆုံးသတ်ရေးအတွက် ဆွေးနွေးရန် အမေရိကန်သမ္မတ၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်အား မော်စကိုမြို့တွင် ဒီဇင်ဘာ ၂ ရက်၌ လက်ခံတွေ့ဆုံသွားမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဒီဇင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။
အမေရိကန်က အဆိုပြုထားသော အချက် ၂၈ ချက်ပါဝင်သည့် ငြိမ်းချမ်းရေးအစီအစဉ်အား လွန်ခဲ့သော သီတင်းနှစ်ပတ်က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမေရိကန်၊ ယူကရိန်းနှင့် ဥရောပနိုင်ငံအချို့မှ ကိုယ်စားလှယ်များက ဂျီနီဗာမြို့တွင် နိုဝင်ဘာ ၂၃ ရက်က တွေ့ဆုံကာ ယင်းအစီအစဉ်နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် ဝစ်ကော့ဖ်တို့ကလည်း ဖလော်ရီဒါပြည်နယ် ဟယ်လန်ဒေးဘိရှ် (Hallandale Beach) မြို့တွင် နိုဝင်ဘာ ၃၀ ရက်က ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

…………..
(English Version)
European leaders reject Russia-Ukraine peace deal shaped without Ukrainians, Europeans
PARIS/BERLIN, Dec. 1 (Xinhua) — French President Emmanuel Macron, German Chancellor Friedrich Merz and other European leaders on Monday rejected any Ukraine peace deal negotiated “without Ukrainians and Europeans.”
Macron said Monday that any “peace plan” concerning the Russia-Ukraine conflict could only be finalized with both Ukraine and Europe involved in negotiations.
Macron made the remarks at a joint press conference at the Elysee Palace after meeting with visiting Ukrainian President Volodymyr Zelensky.
On issues including frozen Russian assets, security guarantees and Ukraine’s potential accession to the European Union, Macron said agreements “can only be finalized with the Europeans around the table.”
The French president also stressed that “there is no finalized peace plan as such today.”
Zelensky said Ukraine sought to end the conflict “in a dignified manner,” calling for “solid” security guarantees, and noted that the “territorial issue will be the most difficult” in future talks.
According to the Elysee Palace, Macron and Zelensky also held discussions with European leaders as well as U.S. and Ukrainian negotiators on Monday.
German Chancellor Friedrich Merz also said on Monday that Germany stands against any “dictated peace” over the heads of Ukraine.
“No decision about Ukraine and Europe without Ukrainians and without Europeans,” Merz told a press conference following his meeting with visiting Polish Prime Minister Donald Tusk in Berlin.
Tusk voiced support for Ukraine, noting efforts by Poland and Germany to jointly strengthen the security of Europe.
Latvian President Edgars Rinkevics said on Monday that Europe must also be at the negotiating table, commenting on a possible peace agreement in Ukraine.
Foreign policy makers in Latvia and the Nordic-Baltic region, as well as leaders of the EU and most NATO member states, agree that three principles should be respected, namely the territorial indivisibility of Ukraine, sovereignty and security interests, Rinkevics told Latvian Radio programme “Krustpunkta.”
Russian President Vladimir Putin will meet with U.S. presidential special envoy Steve Witkoff in Moscow on Tuesday to discuss ending the conflict with Ukraine, Kremlin spokesman Dmitry Peskov said Monday.
A U.S.-proposed 28-point “peace plan” was unveiled two weeks ago. Following its release, representatives from the United States, Ukraine and several European countries met in Geneva on Nov. 23 to discuss the plan.
U.S. Secretary of State Marco Rubio and Witkoff held talks on Sunday with a Ukrainian delegation in Hallandale Beach, Florida.
English Caption
French President Emmanuel Macron (front L) greets Ukrainian President Volodymyr Zelensky at the Elysee Palace in Paris, France, Sept. 3, 2025. (Xinhua/Gao Jing)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.