Connect with us

Science & Technology

စွမ်းရည်မြင့်ဓာတ်ငွေ့တာဘိုင်က တရုတ်နိုင်ငံတွင် ကာဗွန်လျော့ကျစေမည့် စွမ်းအင်ထောက်ပံ့မှု မြှင့်တင်ပေး

တရုတ်နိုင်ငံအ‌ရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ အန်းကျီခရိုင် ရှိ ယွိချွမ်းကျေးရွာသို့ လာရောက် လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် သြဂုတ် ၆ ရက်က တွေ့ရစဥ်(ဆင်ဟွာ)
ဟန်ကျိုး၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအ‌ရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ၈၄၃ မဂ္ဂါဝပ် ဓာတ်ငွေ့တာဘိုင်တစ်ခုကို ၁၆၈ နာရီကြာ ဝန်အပြည့်ဖြင့် စမ်းသပ်လည်ပတ်မှုအောင်မြင်ပြီးဆုံးပြီးနောက် ဓာတ်အားလိုင်းနှင့် နိုဝင်ဘာ ၃၀ ရက်တွင် တရားဝင် ချိတ်ဆက်လိုက်ပြီဖြစ်သည်။

အန်းကျီခရိုင်ရှိ တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းကုမ္ပဏီလီမိတက်စက်ရုံ၏ ယူနစ်နှစ်ခုအနက် ပထမယူနစ်တစ်ခုသည် အံ့သြဖွယ်စွမ်းဆောင်ရည်နှုန်း ၆၄.၁၅ ရာခိုင်နှုန်းရရှိခဲ့ခြင်းသည် ခန့်မှန်းခြေအားဖြင့် သမားရိုးကျကျောက်မီးသွေးလောင်စာသုံးယူနစ် ကီလိုဝပ်သန်းချီထက် ၁၇ ရာခိုင်နှုန်း တိုးမြင့်သည်ကို ကိုယ်စားပြုကြောင်းသိရသည်။
ကျဲ့ကျန်းလျှပ်စစ်စွမ်းအင်ကုမ္ပဏီလီမိတက် နိုင်ငံ၏ မဟာဓာတ်အားလိုင်း ဟူကျိုးဌာနခွဲ မန်နေဂျာ Shen Chengliang က အဆိုပါတာဘိုင်များ အပြည့်အဝစတင်လည်ပတ်သည့်အခါ နှစ်စဥ် လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၇ ဘီလီယံအထိ ထုတ်ပေးနိုင်ကြောင်း၊ ဒေသခံနေထိုင်သူ ၆ သန်းအတွက် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ထောက်ပံ့နိုင်ပြီး ဒေသလျှပ်စစ်ဓာတ်အားလိုင်းကို ကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့် လျှပ်စစ်ဖြင့် အားဖြည့်ပေးနေကြောင်းပြောကြားခဲ့သည်။
ကာဗွန်လျော့နည်းသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ၂၀၃၀ ပြည့်နှစ်ကို ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေးနှင့် ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု မျှခြေအဆင့်ရောက်ရှိရေး ဟူသည့် ကာဗွန်ပန်းတိုင်နှစ်ခုကို ရောက်ရှိရန် တရုတ်နိုင်ငံ၏ မဟာဗျူဟာအဓိကမောင်းနှင်မှုတစ်ခု ဖြစ်သည်။ (Xinhua)
……….
(English Version)
High-efficiency gas turbine boosts low-carbon power supply in China
HANGZHOU, Dec. 1 (Xinhua) — An 843-megawatt gas turbine was officially connected to the grid on late Sunday in east China’s Zhejiang Province, after completing a 168-hour full-load trial run.
The unit, the first of two at the China Energy Investment Corporation Co., Ltd. plant in Anji County, achieves a remarkable efficiency rate of 64.15 percent, representing an approximately 17-percentage-point increase over conventional million-kilowatt coal-fired units.
Shen Chengliang, a manager at Huzhou branch of the State Grid Zhejiang Electric Power Co., Ltd., said that the turbine units, once fully operational, will generate up to 7 billion kWh of electricity annually, sufficient for the power supply of 6 million residents, strengthening the local power grid with low-carbon electricity.
Low-carbon power generation is a key driver of China’s strategy to meet its dual carbon goals — to peak carbon emissions by 2030 and achieve carbon neutrality by 2060.
Photo : An aerial drone photo taken on Aug. 6, 2025 shows tourists visiting Yucun Village in Anji County of Huzhou City, east China’s Zhejiang Province. (Xinhua/Mao Zhu)
Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.