Connect with us

China

ချစ်စဖွယ်ကျေးလက်ဒေသ – ကျေးရွာလှပ၍ လုပ်ငန်းတိုးတက်မှုကြောင့် ခရီးသွားဧည့်သည်များအား ဆွဲဆောင်နေ

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လျိုကျိုးမြို့ လျိုကျန်းခရိုင် ပိုင်ဖုန်မြို့နယ် ပိုင်ဖုန်ကျေးရွာ “ကျိုဟူဆန်းနေအိမ်” တွင် လည်ပတ်နေသည့် ခရီးသွားများအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လျိုကျိုး၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

ယခုနှစ်ပိုင်းများတွင် တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လျိုကျိုးမြို့ လျိုကျန်းခရိုင်သည် အရှိန်အဟုန်ဖြင့် တိုးတက်လာသော ကျေးလက်ကုန်ထုတ်လုပ်ငန်းနှင့် တက်ကြွသည့် စိုက်ပျိုးရေးလုပ်ငန်းစီးပွားရေးကို အားထားကာ နေထိုင်ရန်သင့်လျော်သော ဂေဟကျေးရွာလေးအဖြစ် တည်ဆောက်ခဲ့ရာ ခရီးသွားအရင်းအမြစ်များကို နိုးကြားတက်ကြွလာစေပြီး ခရီးသွားလုပ်ငန်းပုံစံကြွယ်ဝလာခဲ့သည်။ ဒေသတစ်ခွင် ခရီးသွားလုပ်ငန်း အင်အားခိုင်မာတောင့်တင်းလာခဲ့ရာ စိုက်ပျိုးရေး-ယဉ်ကျေးမှု-ခရီးသွားလာမှု ပေါင်းစည်းတိုးတက်ရေးကို တွန်းအားပေးခဲ့သည်။ ပထမသုံးလပတ်ကာလ သုံးခုတွင် လျိုကျိုးခရိုင်သည် ခရီးသွားဧည့်သည် အကြိမ်ရေ စုစုပေါင်း ၅,၉၉၇,၅၀၀ ကြိုဆိုလက်ခံခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၁.၁၆ ရာခိုင်နှုန်း တိုးမြင့်လာသလို ခရီးသွားကဏ္ဍဝင်ငွေ ယွမ် ၆.၀၀၆ ဘီလီယံကို ဖော်ဆောင်ခဲ့ရာ ယမန်နှစ်ကာလတူထက် ၉.၉၁ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လျိုကျိုးမြို့ လျိုကျန်းခရိုင် လားပေါင်မြို့နယ် စီးရှန်ကျေးရွာ “ရှီကွမ်းခြံဝန်း” တွင် ခရီးသွားဧည့်သည်များ အနားယူနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လျိုကျိုးမြို့ လျိုကျန်းခရိုင် ပိုင်ဖုန်ကျေးရွာတွင် ခရီးသွားဧည့်သည်များ လည်ပတ်နေကြသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
可爱的乡村——村美业旺客自来
新华社照片,柳州(广西),2025年12月3日
近年来,广西柳州市柳江区依托兴旺的乡村产业和活跃的农业经济,打造生态宜居乡村,盘活旅游资源,丰富旅游业态,做大做强全域旅游,推动农文旅融合发展。据了解,前三季度,柳江区共接待游客599.75万人次,同比增长11.16%;实现旅游收入60.06亿元,同比增长9.91%。
1. 游客在柳州市柳江区百朋镇百朋村“酒壶山人家”游玩(11月23日摄,无人机照片)。 新华社记者 黄孝邦 摄
2. 游客在柳州市柳江区拉堡镇思贤村“拾光小院”休闲(12月1日摄)。新华社记者 黄孝邦 摄
3. 游客在柳州市柳江区百朋镇百朋村游览(12月2日摄)。新华社记者 黄孝邦 摄