Africa & Middle East
အစ္စရေးစစ်ဦးစီးချုပ်က အစ္စရေး၏ တပ်ဆုတ်ခွာသည့်မျဉ်းသည် ဂါဇာကမ်းမြောင်ဒေသ၏ “နယ်နိမိတ်အသစ်” ဖြစ်သည်ဟုဆို
ဂျေရုဆလမ်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်အနေဖြင့် ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ပထမအဆင့် သဘောတူညီချက်တွင် ချမှတ်ထားသော တပ်ဆုတ်ခွာသည့်မျဉ်း “အဝါရောင်မျဉ်း” သည် ဂါဇာကမ်းမြောင်ဒေသ၏ “နယ်နိမိတ်အသစ်” ဖြစ်သည်ဟု အစ္စရေးစစ်တပ် စစ်ဦးစီးချုပ် Eyal Zamir က ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
“အဝါရောင်မျဉ်း” သည် ဂါဇာကမ်းမြောင်ဒေသ၏ “နယ်နိမိတ်အသစ်” ဖြစ်ကြောင်း၊ ယင်းသည် အစ္စရေးဘက်၏ ရှေ့ပြေးကာကွယ်ရေးမျဉ်းဖြစ်သလို အစ္စရေးစစ်တပ်လှုပ်ရှားမှု နယ်နိမိတ်မျဉ်းလည်းဖြစ်ကြောင်း၊ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ၏ ဒေသအများစုအပေါ် စစ်ဆင်ရေးနှင့် ထိန်းချုပ်ခွင့်ရှိပြီး အဆိုပါ ကာကွယ်ရေးမျဉ်းများကို ဆက်လက်ခိုင်မာစွာ စောင့်ထိန်းသွားမည်ဖြစ်ကြောင်း Eyal Zamir က ထိုနေ့တွင် ဂါဇာကမ်းမြောင်ဒေသ၌ လေ့လာကြည့်ရှုစဉ် ပြောကြားခဲ့သည်။
ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ပထမအဆင့် သဘောတူညီချက်အရ “အဝါရောင်မျဉ်း” ပြင်ပဒေသသည် အစ္စရေးစစ်တပ်၏ ထိန်းချုပ်ရာဒေသ ဖြစ်နေဆဲဖြစ်ကြောင်း၊ “အဝါရောင်မျဉ်း” အတွင်းတွင်မူ အစ္စရေးစစ်တပ်က အခြေစိုက်ခြင်း သို့မဟုတ် လှုပ်ရှားခြင်း လုပ်ဆောင်တော့မည် မဟုတ်ကြောင်း သိရသည်။
ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ပထမအဆင့် သဘောတူညီချက်သည် အောက်တိုဘာလတွင် စတင်အသက်ဝင်သည့်အချိန်မှစ၍ အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှု (ဟားမက်စ်) တို့သည် အဆက်မပြတ် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး တစ်ဖက်က တစ်ဖက်ကို အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်အား ချိုးဖောက်သည်ဟု အပြန်အလှန် ပြစ်တင်ပြောကြားခဲ့သည်။ အစ္စရေးဘက်အနေဖြင့် ဟားမက်စ်ဘက်က ဖမ်းဆီးထိန်းသိမ်းခံရသူများ၏ ရုပ်အလောင်းအား လွှဲပြောင်းပေးမှု လုပ်ငန်းတိုးတက်မှု အခြေအနေကို အစဉ်အမြဲ မကျေမနပ် ဖြစ်နေခဲ့သည်။ လက်ရှိတွင် ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးဘက်က ဖမ်းဆီးထိန်းသိမ်းခံထားရသူတစ်ဦး၏ ရုပ်အလောင်း ကျန်ရှိနေဆဲဖြစ်သည်။
တစ်ချိန်တည်းတွင် အစ္စရေးစစ်တပ်က “အဝါရောင်မျဉ်း” အား ကျော်လာသည့် ပါလက်စတိုင်းသားများကို အကြိမ်များစွာ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဟားမက်စ် လက်နက်ကိုင်သမားများက “မျဉ်းကျော်” ၍ တိုက်ခိုက်မှု လုပ်ဆောင်သည်ဟု ထောက်ပြပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲရေး ပထမအဆင့် သဘောတူညီချက် စတင်အသက်ဝင်သည့်အချိန်မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းသားပေါင်း ၃၇၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း ပါလက်စတိုင်း သတင်းအေဂျင်စီ (WAFA) ၏ သတင်းအရသိရသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဒီဇင်ဘာ ၇ ရက်တွင် ခရီးစဉ်ရောက်ရှိလျက်ရှိသည့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Friedrich Merz နှင့် တွေ့ဆုံပြီးနောက် ဂါဇာဒေသ အပစ်ရပ်ရေး ပထမအဆင့်သည် မကြာမီ ပြီးဆုံးတော့မည်ဖြစ်ရာ ဒုတိယအအဆင့်သို့ “အလွန်လျင်မြန်စွာ” ဝင်ရောက်သွားမည်ဟု မျှော်မှန်းရကြောင်း၊ ၎င်းအနေဖြင့် ယခုလနှောင်းပိုင်းတွင် အမေရိကန် သမ္မတ ထရမ့်နှင့် တွေ့ဆုံ၍ ဟားမက်စ်၏ “ဂါဇာကမ်းမြောင်ဒေသတွင် စီမံအုပ်ချုပ်မှု” အား မည်ကဲ့သို့ အဆုံးသတ်မည်နည်းနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
以军总参谋长称以方撤军线是加沙地带“新边界”
新华社耶路撒冷12月7日电(记者路一凡 王卓伦)以色列国防军总参谋长扎米尔7日表示,以军根据加沙停火第一阶段协议划设的撤军线、即“黄线”是加沙地带“新边界”。
扎米尔当天在视察加沙地带时说,“黄线”是加沙地带“新边界”,既是以方的前沿防线,也是以军行动的界线。以方对加沙地带的大片区域拥有作战控制,并将继续坚守这些防线。
根据加沙停火第一阶段协议,“黄线”以外仍为以军控制区,“黄线”以内以军不再驻扎或开展行动。
自加沙停火第一阶段协议10月生效以来,以色列与巴勒斯坦伊斯兰抵抗运动(哈马斯)冲突不断,互指对方违反停火协议。以方一直对哈马斯移交被扣押人员遗体的进度表示不满。目前加沙地带还有一具以方被扣押人员遗体。
同时,以军多次射杀越过“黄线”的巴勒斯坦人,指认哈马斯武装人员“越线”发动袭击。据巴勒斯坦通讯社报道,停火第一阶段协议生效以来,加沙地带已有超过370名巴勒斯坦人死亡。
以色列总理内塔尼亚胡7日与到访的德国总理默茨会晤后说,加沙停火第一阶段即将结束,预计将“很快”进入第二阶段。他将于本月晚些时候与美国总统特朗普会面,讨论如何结束哈马斯“在加沙地带的统治”。(完)
图说:11月20日,加沙居民在加沙城东部查看被以军炸毁的建筑。新华社发(里泽克·阿卜杜勒贾瓦德摄)
