Connect with us

Asia

တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်ပြည့်စုံမှုကို ဖျက်ဆီးသော မည်သည့်ရန်လိုမှုကိုမဆို လက်ခံနိုင်ဖွယ်မရှိကြောင်း ကာဇက်စတန်ပြည်သူ့ပါတီ ဆို

ကာဇက်စတန်နိုင်ငံ၊ အယ်လ်မာတီမြို့တွင် ကျင်းပသော ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဂီတပွဲတစ်ခုမှ ပရိသတ်တစ်ဦးကို စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အက်စ်တာနာ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

ကာဇက်စတန်ပြည်သူ့ပါတီသည် တရုတ်တစ်နိုင်ငံတည်းမူကို အခိုင်အမာ ထောက်ခံပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ကာဇက်စတန်ပြည်သူ့ပါတီတရားဝင်ဝက်ဘ်ဆိုက်တွင် ဒီဇင်ဘာ ၈ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် တရုတ်နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်နယ်မြေပိုင်နက်၏ ခွဲခြားမရသော တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ မကြာသေးမီက ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ပြောကြားခဲ့သော ရန်လိုသည့် ပြောကြားချက်အပေါ် ကာဇက်ပြည်သူ့ပါတီအနေဖြင့် တရုတ်နိုင်ငံ ပြည်တွင်းရေးကို မည်သူကမျှ ဝင်ရောက်စွက်ဖက်ခွင့်မရှိဟု ယူဆကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

လတ်တလောလပိုင်းများတွင် ဂျပန်ခေါင်းဆောင်အလွှာသည် တရုတ်ဆန့်ကျင်ရေး ပြောကြားချက်များစွာကို ပေါ်ပေါ်တင်တင် ထုတ်ပြန်ခဲ့ကြောင်း၊ “တရုတ်နယ်မြေပိုင်နက်ပြည့်စုံမှုကို ဆုံးရှုံးနစ်နာစေတဲ့၊ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုတွေနဲ့သက်ဆိုင်တဲ့ ဘယ်ရန်စမှု၊ ချဲ့ကားလှုံ့ဆော်မှုကိုမဆို လက်ခံနိုင်စရာမရှိ” ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံအနေဖြင့် ဂျပန်၏အပြုအမူများကို အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု၏ နယ်မြေပိုင်နက် ကိစ္စရပ်များတွင် ကြမ်းကြမ်းတမ်းတမ်းဝင်ရောက်စွက်ဖက်မှုဟု ရှုမြင်ရန် အကြောင်းပြချက်အပြည့်အဝရှိကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)
…………………………
(Chinese Version)
哈萨克斯坦人民党:任何破坏中国领土完整的挑衅均不可接受
新华社阿斯塔纳12月8日电(记者张继业)哈萨克斯坦人民党官网8日发布声明说,哈萨克斯坦人民党坚定支持一个中国原则,台湾是中国的一部分。
声明说,中华人民共和国政府是代表全中国的唯一合法政府,台湾是中国领土不可分割的一部分。对于日本首相高市早苗近期就台湾问题发表的挑衅性言论,哈萨克斯坦人民党认为任何人都无权干涉中国内政。
声明说,近几个月来,日本领导层发表一系列高调反华言论。“任何有关损害中国领土完整、进行军事干预的挑衅和炒作,都是不可接受的。”中国完全有理由将日本的行为视为对主权国家领土问题的粗暴干涉。(完)
图说:这是9月3日在哈萨克斯坦阿拉木图拍摄的纪念抗战胜利80周年音乐会上的观众。新华社记者 李任滋 摄