Asia
ဂျပန်နိုင်ငံ နျူကလီးယား ရေဆိုး ထုတ်လွှတ်မှု ငလျင်ကြောင့် ယာယီရပ်ဆိုင်းပြီးနောက် ပြန်လည်စတင်
တိုကျို၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အာအိုမိုရီခရိုင် အနီးရှိ ပင်လယ်ပြင်တွင် ပြင်းအား ၇.၅ အဆင့်ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် ဂျပန်တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ (TEPCO) သည် ၁၇ ကြိမ်မြောက် ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံမှ နျူကလီးယားရေဆိုးများ ပင်လယ်ထဲသို့ ထုတ်လွှတ်သည့်လုပ်ငန်းကို ယာယီရပ်ဆိုင်းထားသည်။ နျူကလီးယားရေဆိုး ထုတ်လွှတ်မှုလုပ်ငန်းကို ဒီဇင်ဘာ ၉ ရက် ညနေပိုင်းတွင် ပြန်လည်စတင်မည်ဟု TEPCO ၏ သတင်းအချက်အလက်များအရ သိရသည်။
အာအိုမိုရီခရိုင် အနီး ပင်လယ်ပြင်တွင် ပြင်းထန်သောငလျင်လှုပ်ခတ်မှုနှင့် ယင်းနောက် ချက်ချင်းထုတ်ပြန်ခဲ့သော ဆူနာမီသတိပေးချက်ကြောင့် ယာယီရပ်ဆိုင်းထားသည့် ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံ၏ နျူကလီးယားရေဆိုးများ ပင်လယ်ထဲသို့ ထုတ်လွှတ်သည့်လုပ်ငန်းကို ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ (ပေကျင်းစံတော်ချိန် ၁ နာရီ မိနစ် ၃၀) ခန့်တွင် ပြန်လည်စတင်ကြောင်း TEPCO က ကြေညာခဲ့သည်။
TEPCO သည် ဒီဇင်ဘာ ၄ ရက်မှစ၍ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံမှ ၁၇ ကြိမ်မြောက် နျူကလီးယားရေဆိုးများ ပင်လယ်ထဲသို့ ထုတ်လွှတ်ခြင်းကို စတင်ခဲ့သည်။ ယခုအကြိမ် ထုတ်လွှတ်မှုအစီအစဉ်သည် ဒီဇင်ဘာ ၂၂ ရက်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး နျူကလီးယားရေဆိုး တန်ချိန် ၇,၈၀၀ ခန့် ထုတ်လွှတ်မည်ဟု ခန့်မှန်းရသည်။ (Xinhua)
…………………………….
(Chinese Version)
日本核污染水排放因地震暂停后重启
新华社东京12月9日电 在8日深夜日本青森县附近海域发生7.5级地震后,日本东京电力公司第17次福岛第一核电站核污染水排海作业一度暂停。据东京电力公司消息,核污染水排放作业于9日下午重启。
东京电力公司宣布,受青森县近海强震及随后发布的海啸警报影响而暂停的福岛第一核电站核污染水排海作业于9日14时30分(北京时间13时30分)左右重启。
东京电力公司4日开始第17次福岛第一核电站核污染水排海。本次排放计划持续至22日,预计排放约7800吨核污染水。(完)
图说:这是日本时间12月9日在日本东京拍摄的电视画面上显示的地震信息。(手机照片)新华社记者 李子越 摄
