Business
မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၈ လအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁.၇၈ သန်းကျော် တင်ပို့နိုင်ခဲ့
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမ ရှစ်လအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁.၇၈ သန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဦးရဲမင်းအောင်က ဆင်ဟွာသို့ ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) ပြောခဲ့သည်။
“၂၀၂၅ ခုနှစ် ယခုနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ရှစ်လတာကာလအတွင်း ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၅၇၅ သန်းခန့် ရရှိခဲ့ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ဆန်နှင့် ဆန်ကွဲများကို နိုင်ငံနှင့် ဒေသပေါင်း ၃၀ ကျော်သို့ ကုန်းလမ်း၊ ပင်လယ်ရေကြောင်းလမ်းတို့ဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၃ သန်းခန့် တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ဦးရဲမင်းအောင်၏ ပြောကြားချက်အရ သိရသည်။ (Xinhua)
…………………..
(English Version)
Myanmar exports over 1.78 mln tons of rice, broken rice in 8 months of 2025-2026 FY
YANGON, Dec. 10 (Xinhua) — Myanmar exported over 1.78 million tons of rice and broken rice in the first eight months of the current fiscal year (FY) 2025-2026, according to the Myanmar Rice Federation on Wednesday.
The Southeast Asian country earned about 575 million U.S. dollars from the exports during the eight months, from April to November this year, the federation’s data showed.
During the period, the country exported rice and broken rice via both sea and land routes to more than 30 countries and regions, it said.
The federation aims to achieve 3 million tons of rice exports in the current fiscal year 2025-2026. Enditem
