International Organizations
မက်ဆီက MLS MVP ဆု ဒုတိယအကြိမ် ရရှိ
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
လီယွန်နယ် မက်ဆီက ဒုတိယအကြိမ်မြောက် MLS MVP ဆုကို ဒီဇင်ဘာ ၉ ရက်၌ လက်ခံရရှိခဲ့ပြီး အင်တာမိုင်ယာမီအသင်း၏ ပထမဆုံး MLS ဖလားဆွတ်ခူးနိုင်ရန် ဦးဆောင်နိုင်ခဲ့သည့် နှစ်တစ်နှစ်လည်း ဖြစ်ခဲ့သည်။
မက်ဆီသည် Anders Dreyer ၊ Denis Bouanga ၊ Evander နှင့် Sam Surridge တို့ကို ကျော်တက်ကာ မီဒီယာ၊ အားကစားသမားများနှင့် ကလပ် နည်းပညာပိုင်းဆိုင်ရာဝန်ထမ်းများ ပါဝင်သည့် စုစုပေါင်း ဆန္ဒမဲ၏ ၇၀.၄၃ ရာခိုင်နှုန်း ရရှိခဲ့ခြင်းဖြစ်သည်။
“များပြားလှတဲ့ပွဲတွေ၊ ခရီးသွားရတာတွေနဲ့ ရှည်ကြာလှတဲ့ နှစ်တစ်နှစ်ဆိုပေမဲ့လို့ ကလပ်အတွက်တော့ သမိုင်းဝင်နှစ် တစ်နှစ်ပါပဲ။ ပထမဆုံးအကြိမ် MLS ဖလားကို ကျွန်တော်တို့ ရယူနိုင်ခဲ့တယ်လေ” ဟု အာဂျင်တီးနားကစားသမားတစ်ဦးဖြစ်သော မက်ဆီက ဆုလက်ခံရရှိပြီးနောက် ပြောကြားခဲ့သည်။
“နုသေးပေမဲ့လည်း ထူးချွန်တဲ့ကလပ်အသင်းပါပဲ၊ ဒီလိုအံ့ဖွယ်ကောင်းတာတွေကို ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့တယ်။ အထူးခြားဆုံးပါပဲ”
အသက် ၃၈ နှစ်အရွယ် ရှေ့တန်းတိုက်စစ်မှူး မက်ဆီသည် ပုံမှန်ရာသီပွဲစဉ် ၂၈ ပွဲတွင် သွင်းဂိုး ၂၉ ဂိုး၊ ဂိုးဖန်တီးမှု ၁၉ ကြိမ် စွမ်းဆောင်နိုင်ခဲ့သည်။ ရာသီအကုန်ပွဲစဉ် ခြောက်ပွဲတွင်မူ သွင်းဂိုး ခြောက်ဂိုးနှင့် ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ခဲ့သည်။
ဒီဇင်ဘာ ၆ ရက်က အင်တာမိုင်ယာမီအသင်းနှင့် ဗန်ကူးဗားဝှိုက်ကပ်စ်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော ဗိုလ်လုပွဲစဉ်တွင် မက်ဆီက ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။
ဘလွန်းဒီအောဆု ၈ ဆုရှင်နှင့် ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဖြစ်သူ မက်ဆီသည် MLS MVP ဆုများကို ဆက်တိုက်ရရှိသည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ Elche မြို့ရှိ Martinez Valero အားကစားကွင်းတွင် လေ့ကျင့်ရေးဆင်းနေသော အာဂျင်တီးနား လက်ရွေးစင်အသင်းမှ လီယွန်နယ် မက်ဆီကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က တွေ့ရစဉ် (Str/Xinhua)
……………………………………..
(English Version)
Messi wins second MLS MVP award
WASHINGTON, Dec. 9 (Xinhua) — Lionel Messi won his second consecutive MLS MVP on Tuesday, capping a year in which he helped guide Inter Miami to its first MLS Cup title.
Messi received 70.43 percent of the total vote – which included the media, players and club technical staff – to finish ahead of finalists Anders Dreyer, Denis Bouanga, Evander and Sam Surridge.
“It was a long year, with many matches and a lot of travel, but also a historic year for the club, as it was the first time we won the MLS Cup,” the Argentine said upon receiving the award.
“It’s a great club, still quite young, and being able to achieve what we did was wonderful, very special.”
The 38-year-old forward scored 29 goals and provided 19 assists in 28 regular-season matches. He added another six goals and nine assists in six post-season outings.
His two assists in Saturday’s final were instrumental as Inter Miami clinched the title with a 3-1 victory over the Vancouver Whitecaps.
The eight-time Ballon d’Or winner and 2022 World Cup champion becomes the first player to win back-to-back MLS MVP awards.
Photo 1: Lionel Messi of Inter Miami CF takes a free kick during the 2025 Major League Soccer (MLS) regular season match against Toronto FC in Toronto, Canada, on Sept. 27, 2025. (Photo by Zou Zheng/Xinhua)
Photo 2: Lionel Messi of the Argentina national football team attends a training session at Martinez Valero Stadium in Elche, Spain, on Nov. 13, 2025. (Str/Xinhua)
