Politics, Law & Military
တရုတ်နိုင်ငံသည် အကြီးမားဆုံး သေချာရေရာမှုဖြစ်ရာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အမြန်ကားနှင့် လိုက်ပါရန် နိုင်ငံအသီးသီးအား ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ပေကျင်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)
မသေချာမရေရာသောကမ္ဘာကြီးတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံးသော သေချာရေရာမှုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာတိုးတက်မှု၏ အရေးပါသောမောင်းနှင်အားတစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အမြန်ကားနှင့် အတူလိုက်ပါစီးနင်းရန်၊ တရုတ်နိုင်ငံ၏ ကျယ်ပြန့်သောဈေးကွက်အား မျှဝေခံစားရန်၊ အကျိုးစီးပွားပေါင်းစည်းမှုအတွင်း အပြန်အလှန် အောင်မြင်မှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက လတ်တလောရက်များတွင် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) စသည့် အဖွဲ့အစည်းများသည် ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်များကို ရာခိုင်နှုန်းပွိုင့် ၀.၄ ၊ ၀.၂ နှင့် ၀.၁ အသီးသီး မြှင့်တင်ခဲ့ကြောင်း၊ ရိုက်ခတ်မှုများနှင့် ရင်ဆိုင်ရသော်လည်း တရုတ်စီးပွားရေးသည် သိသာထင်ရှားသော ကြံ့ကြံ့ခံနိုင်မှုကို ပြသခဲ့သည်ဟု အဖွဲ့အစည်းများစွာက ဖော်ပြခဲ့ကြကြောင်း၊ အချို့သော ပြည်ပမီဒီယာများက တရုတ်နိုင်ငံကို မသေချာမရေရာသော နိုင်ငံတကာပတ်ဝန်းကျင်တွင် “သေချာရေရာမှု၏ အိုအေစစ်” အဖြစ် တင်စားခဲ့ကြကြောင်း၊ ယင်းနှင့်ပတ်သက်၍ ပြောခွင့်ရပုဂ္ဂိုလ်အနေဖြင့် မည်သို့မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။
ကောကျားခွန်းက “တရုတ်နိုင်ငံအပေါ် အကောင်းမြင်ခြင်း” သည် နေ့စဉ်နှင့်အမျှ နိုင်ငံအသီးသီး၏ သဘောတူညီချက်ဖြစ်လာကြောင်း၊ တရုတ်နိုင်ငံသို့ လာရောက်၍ “၁+၁၀” ဆွေးနွေးပွဲ တက်ရောက်ခဲ့သော နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများက လွန်ခဲ့သောတစ်နှစ်အတွင်း တရုတ်နိုင်ငံ စီးပွားရေးသည် စဉ်ဆက်မပြတ် တည်ငြိမ်စွာ တိုးတက်လာခဲ့ပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် အရေးပါသော အကျိုးထမ်းပိုးမှုများ လုပ်ဆောင်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများက တရုတ်နိုင်ငံ စီးပွားရေးတိုးတက်မှုအပေါ် ခန့်မှန်းချက်များကို ခပ်စိတ်စိတ် မြှင့်တင်ခဲ့ခြင်းက တရုတ်နိုင်ငံအပေါ် အပြုသဘောဆောင်သော သဘောထားများ ပိုမိုတိုးပွားလာနေသည်ကို ထပ်မံပြသလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗဟိုစီးပွားရေးလုပ်ငန်း အစည်းအဝေးကို မကြာသေးမီက အောင်မြင်စွာ ကျင်းပခဲ့ပြီး လာမည့်နှစ် စီးပွားရေး လုပ်ငန်းများအတွက် “ပြည်တွင်းဝယ်လိုအားကို အဓိကဦးတည်ချက်အဖြစ်ထိန်းသိမ်းထားပြီး အားကောင်းသော ပြည်တွင်းဈေးကွက်ကို တည်ဆောက်ရန်”၊ “ပြည်ပသို့တံခါးဖွင့်လှစ်မှု ထိန်းသိမ်းကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို မြှင့်တင်ရန်” စသည့် ကဏ္ဍ ၈ ခု၏ အဓိက တာဝန်များကို အတည်ပြုခဲ့ကြောင်း၊ ယင်းက တရုတ်စီးပွားရေးအတွက် ဆန်းစစ် လမ်းကြောင်းသတ်မှတ်ပေးရုံသာမက ကမ္ဘာ့စီးပွားရေးအတွက်လည်း တည်ငြိမ်သော မျှော်မှန်းချက်၊ ဆန်းသစ်တီထွင်မှုစွမ်းအားနှင့် အခွင့်အလမ်းစာရင်းများကိုလည်း ပံ့ပိုးပေးလိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကို မကြာမီ စတင်တော့မည်ဖြစ်ရာ တရုတ်နိုင်ငံမူဝါဒ၏ တည်ငြိမ်မှု၊ စီးပွားရေးတိုးတက်မှု၏ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက် တည်ငြိမ်မှုတို့ကို ဆက်လက်ထုတ်လွှင့်ပေးမည်ဖြစ်ပြီး ကမ္ဘာကြီးအတွက် ရှားပါးသော သေချာရေရာမှုကို ဖြည့်တင်းပေးမည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားများ အရှိန်မြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး တရုတ်နိုင်ငံထုတ်ပစ္စည်းများသည် နေ့စဉ်နှင့်အမျှ ပိုမို၍ အဆင့်မြင့်အသွင်၊ စမတ်အသွင်၊ အစိမ်းရောင်အသွင် ဖြစ်လာလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်မှု အရှိန်အဟုန်သည် ဆန်းသစ်တီထွင်မှုတွင် ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘာကြီးအားအား ဦးဆောင်ပေးပြီး နည်းပညာအသစ်များ၏ ကုန်ကျစရိတ်ကို လျှော့ချပေးကာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက အဆင့်မြင့် တံခါးဖွင့်လှစ်မှုကို နက်ရှိုင်းစွာ မြှင့်တင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ မိမိတို့သည် စနစ်ပုံစံ တံခါးဖွင့်လှစ်မှုကို တည်ငြိမ်စွာ တိုးချဲ့သွားကာ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်း၍ တံခါးဖွင့်လှစ်မှုဖြင့် ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားမည်ဖြစ်ရာ တရုတ်နိုင်ငံသည် ကမ္ဘာကြီးအတွက် ပိုမိုကျယ်ပြန့်စွာ တံခါးဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“မသေချာမရေရာတဲ့ကမ္ဘာကြီးမှာ တရုတ်နိုင်ငံဟာ သေချာရေရာမှု အကြီးမားဆုံး ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုရဲ့ အရေးပါသောမောင်းနှင်အားတစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်။ နိုင်ငံအသီးသီးအနေနဲ့ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အမြန်ကားမှာ အတူလိုက်ပါစီးနင်းဖို့၊ တရုတ်နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ဈေးကွက်အား မျှဝေခံစားဖို့၊ အကျိုးစီးပွားပေါင်းစည်းမှုအတွင်း အပြန်အလှန် အောင်မြင်မှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ဖို့ ကြိုဆိုပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………..
(Chinese Version)
外交部:中国是最大的确定性,欢迎各国搭乘中国发展快车
新华社北京12月12日电(记者刘杨、黄扬)外交部发言人郭嘉昆12日表示,在不确定的世界中,中国是最大的确定性,也将继续成为全球增长的重要引擎。欢迎各国搭乘中国发展快车,分享中国大市场,在利益交融中实现相互成就,共同发展。
当日例行记者会上,有记者问:近日,世界银行、国际货币基金组织、亚洲开发银行等机构将2025年中国经济增速预期分别上调0.4、0.2、0.1个百分点。不少机构表示,尽管面临冲击,中国经济展现了显著韧性。有外媒将中国比作充满不确定性的国际环境中一片“确定性的绿洲”。发言人对此有何评论?
郭嘉昆说,“看好中国”日益成为各方共识。来华出席“1+10”对话会的国际经济组织负责人表示,过去一年,中国经济持续稳健增长,为世界经济增长作出重大贡献。国际机构密集上调中国经济增长预期,再次表明看多中国愈加成势。
他表示,中央经济工作会议刚刚成功举行,对明年经济工作确定了“坚持内需主导,建设强大国内市场”“坚持对外开放,推动多领域合作共赢”等八方面重点任务,为中国经济把脉定向,也为世界经济提供稳定预期、创新动能和机遇清单。中国“十五五”规划即将启动,中国政策的稳定性、经济增长的稳定性、发展预期的稳定性将持续释放,为世界注入稀缺的确定性。
郭嘉昆说,中国新质生产力将蓬勃发展,中国制造日益高端化、智能化、绿色化,中国创新动能引领世界创新合作,降低新技术成本,促进可持续发展。中国高水平开放将深入推进,我们稳步扩大制度型开放,维护多边贸易体制,以开放促改革促发展,中国开放的大门将越开越大。
“在不确定的世界中,中国是最大的确定性,也将继续成为全球增长的重要引擎。欢迎各国搭乘中国发展快车,分享中国大市场,在利益交融中实现相互成就,共同发展。”郭嘉昆说。(完)
