မြန်မာ-ENG
မျက်မမြင်ဘောလုံးအားကစားနှင့် နည်းပြ လောချိန်မျန်တို့ကြားက ခိုင်မာသော သံယောဇဉ်
ကွမ်ကျိုး၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ဘက်ကမ်းရိုးတန်းရှိ တံငါရွာလေးတစ်ရွာမှ မသန်စွမ်း အမျိုးသားအားကစားပြိုင်ပွဲ အားကစားကွင်းဆီသို့ တက်လှမ်းခဲ့ရာတွင် မျက်မမြင်ဘောလုံးနည်းပြ လောချိန်မျန်အဖို့ တစ်မူထူးခြားသော လမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့ရသည်။လောမှာ မွေးရာပါ အမြင်အာရုံချို့ယွင်းသူတစ်ဦးအဖြစ် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကျန့်ကျန်းမြို့တွင် ကြီးပြင်းလာစဉ် ၎င်း၏အခြေအနေက ဘဝအတွက် အဓိပ္ပာယ်သက်ရောက်စေမည့်အရာကို တဖြည်းဖြည်း ရိပ်စားမိခဲ့သည်။
၎င်းသည် ၂၀၀၉ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အိမ်မှထွက်ကာ အထူးသင်တန်းကျောင်းတစ်ခု၌ တက်ရောက်ခဲ့ပြီး တေးဂီတအကြောင်း ဆည်းပူးလေ့လာရင်း မျက်မမြင်ဘောလုံးအားကစားနှင့်လည်း ထိတွေ့ခွင့်ရခဲ့သည်။

“ပါရမီရှင်လေးများ” ဟုအမည်ရသော ဘောလုံးအသင်းမှ လူငယ်ကစားသမားများ ကမ်းခြေ၌ အပြေးလေ့ကျင့်ခန်း ပြုလုပ်နေစဉ် (ဆင်ဟွာ)
လောမှာ မျက်မမြင်ဘောလုံးကွင်းထဲတွင် လွတ်လပ်ပေါ့ပါးမှုကို မကြုံစဖူး ကြုံတွေ့ခံစားလိုက်ရသည်။ အသံနှင့် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုတို့ကို အားပြုလျက် အင်ပြည့်အားပြည့် ပြေးလွှားနေစဉ် ယုံကြည်ချက်နှင့် နောင်တွင် ၎င်း၏ဘဝကို အဓိပ္ပာယ်ဖွင့်ဆိုပေးမည့် ရည်မှန်းချက်တို့ကို တွေ့ရှိခဲ့လေသည်။

ရှင်းကျန်းအသင်းနှင့် ယူနန်အသင်းမှ ကစားသမားများ ယှဉ်ပြိုင်ကစားနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)
လောသည် ၂၀၁၉ ခုနှစ်တွင် ကွမ်တုန်းပြည်နယ် လေကျိုးမြို့ရှိ ၎င်း၏မွေးရပ်မြေသို့ ပြန်ရောက်လာခဲ့သည်။ ၎င်းအနေဖြင့် ဝမ်းရေးအတွက် လမ်းပေါ်တွင် ဂစ်တာတီးကာ သီချင်းဆိုပြရင်း မိဘများနှင့်ခွဲ၍ နေထိုင်နေရသော ကလေးငယ်အများအပြား အပါအဝင် ယင်းဒေသရှိ ကလေးငယ်များအား ဘောလုံးကစားရန် စည်းရုံးတိုက်တွန်းမှုများ စတင်လုပ်ဆောင်ခဲ့သည်။
နောင်တွင် ၎င်းက မိသားစုပိုင် ကုန်စုံဆိုင်လေးနံဘေး၌ “ပါရမီရှင်လေးများ” ဟု အမည်ပေးထားသော ကလပ်အသင်းတစ်သင်းကို တည်ထောင်ခဲ့သည်။ မကြာမီ ထိုကလပ်အသင်းမှာ ဒေသခံကလေးငယ်များ စာဖတ်ခြင်း၊ စစ်တုရင်ကစားခြင်း၊ သီချင်းဆိုခြင်းနှင့် အဓိကအကျဆုံးဖြစ်သော ဘောလုံးကစားခြင်းတို့ ပြုလုပ်ရာ ဗဟိုချက်တစ်ခု ဖြစ်လာခဲ့သည်။
“ဘောလုံးကစားခြင်းက ကျွမ်းကျင်မှုဆိုတာထက်ပိုတဲ့ အရာတွေကို သင်ပေးပါတယ်။ အဲဒါက ကလေးငယ်တွေကို ဘယ်လိုမျိုးကြီးပြင်းနေထိုင်ရမယ် ဆိုတာကိုလည်း သင်ပြပေးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ပြိုင်ပွဲအပြီးတွင် ကွင်းထဲမှ ပြန်လည်ထွက်ခွာသွားသော လော (ယာ) နှင့် ၎င်း၏ကစားသမားများအား တွေ့ရစဉ် (ဆင်ဟွာ)
အဆိုပါနှစ်များအတွင်း ယင်းကလပ်အသင်းမှာ သေးငယ်သော်လည်း ကျေးရွာ၌ စည်ကားသော အချက်အချာနေရာတစ်ခုအဖြစ် တည်ရှိခဲ့သည်။ အချိန်တရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့်အမျှ ကျေးရွာစာသင်ကျောင်းများ ပိတ်သွားပြီးနောက် ကလေးငယ်များမှာ မြို့တွင် သွားရောက်ပညာသင်ကြားခဲ့ရသည်။ လောသည်လည်း ပိုမိုဆိတ်ငြိမ်အေးချမ်းသော ဘဝတွင် ပြန်လည်အခြေချခဲ့ပြီး လေကျိုးမြို့ရှိ လူစည်ကားသော လမ်းထောင့်တစ်နေရာတွင် စတိုးဆိုင်တစ်ဆိုင် ဖွင့်ခဲ့သည်။
ထိုစဉ် ကီလိုမီတာထောင်နှင့်ချီ ကွာဝေးသော တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် မျက်မမြင် ဘောလုံးအသင်းသစ် တစ်သင်း ရုပ်လုံးပေါ်စပြုလာပြီဖြစ်သည်။
ရှင်းကျန်းဒေသ ခါးစန်းမြို့၌ မျက်မမြင်ဘောလုံးအားကစားနှင့် ပတ်သက်၍ မှတ်တမ်းရုပ်ရှင် ရိုက်ကူးစဉ်အတွင်း မျက်မမြင်ကလေးငယ် အဖွဲ့တစ်ဖွဲ့ကို ခေါ်ယူစုစည်းခဲ့သည်။ နောက်ဆုံးတွင် ထိုပရောဂျက်ကို ရွှေ့ဆိုင်းလိုက်ရသော်လည်း ကြိုးပမ်းအားထုတ်မှုများကို စွန့်လွှတ်ခဲ့ခြင်းမရှိပေ။ စဉ်ဆက်မပြတ် ဝန်းရံအားပေးမှုများကြောင့် ထိုအစီအစဉ်မှာ အခြေတကျဖြစ်လာခဲ့ကာ ရှင်းကျန်းအခြေစိုက် မျက်မမြင်ဘောလုံးအသင်းတစ်သင်းကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့သည်။
၂၀၂၄ ခုနှစ် မျက်မမြင်ဘောလုံးအားကစား အမျိုးသားတံခွန်စိုက်ပြိုင်ပွဲ နီးကပ်လာသည်နှင့်အမျှ အသစ်ဖွဲ့စည်းထားသော ဘောလုံးအသင်းမှာ နည်းပြချုပ်တစ်ဦးကို အရေးတကြီး လိုအပ်လာခဲ့သည်။
ထိုအချိန်တွင် လောမှာ နည်းပြရာထူးအတွက် ကမ်းလှမ်းခြင်းခံခဲ့ရသည်။
ထိုအခါ လောက စတိုးဆိုင်ကို ၎င်း၏မိသားစုထံ လွှဲပေးခဲ့ကာ အဆိုပါဘောလုံးအသင်း၏ နည်းပြချုပ်ဖြစ်လာခဲ့ပြီး ၎င်း၏ဘဝခရီးသစ်ကို စတင်ခဲ့သည်။”အရင်က ကျွန်တော်လည်း တခြားသူတွေရဲ့အကူအညီကို ယူခဲ့တာမို့လို့ အဲဒါက တခြားသူတွေအတွက် ဘယ်လောက်အရေးကြီးမှန်း ကျွန်တော် သိပါတယ်” ဟု လောက ရှင်းပြခဲ့သည်။
၎င်း၏အသင်းမှ ကစားသမားအများစုမှာ ရှင်းကျန်းဒေသကို ဘယ်သောအခါမှ စွန့်ခွာခဲ့ခြင်းမရှိပေ။ မျက်မမြင်ဘောလုံးအားကစားက ၎င်းတို့အတွက် ရှင်းလင်းသေချာသော ဦးတည်ချက်လမ်းကြောင်းကို ဆောင်ကြဉ်းပေးခဲ့သည်။ ဘောလုံးကွင်းထဲတွင် ဘောလုံးနှင့် ခြေထောက်ထိလိုက်သည်နှင့်တစ်ပြိုင်နက် တွေဝေတုံ့ဆိုင်းမှုများ ဆိတ်သုဉ်းပျောက်ကွယ်သွားကာ ယင်းအစား အာရုံစူးစိုက်မှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့ အလိုအလျောက် ဖြစ်ပေါ်လာခဲ့သည်။
လော၏အသင်းမှာ ၎င်း၏ဦးဆောင်မှုအောက်တွင် လအတန်ကြာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့သည်။ ထို့နောက် ၎င်းတို့၏ ကြိုးစားအားထုတ်မှုများ အရာထင်လာခဲ့ကာ အမျိုးသားတံခွန်စိုက်ပြိုင်ပွဲမှတစ်ဆင့် မသန်စွမ်း အမျိုးသားအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ (Xinhua)
#Soccer #NationalGamesforPersonswithDisabilities #China #ဘောလုံး #မသန်စွမ်းအမျိုးသားအားကစားပြိုင်ပွဲ #တရုတ်နိုင်ငံ
………………………………………………………………………………………………………………………….
(English Version)
Coach Luo’s strong bond with blind football
GUANGZHOU, Dec. 15 (Xinhua) — From a small fishing village on China’s southern coast to the pitch of the National Games for Persons with Disabilities, blind football coach Luo Chengmian has followed an unusual path.
Born with a visual impairment, Luo grew up in Zhanjiang, Guangdong Province, gradually learning what his condition would mean for his life.
In 2009, he left home for the first time to attend a special education school, where he studied music and was introduced to blind football.
On the blind football pitch, Luo discovered a rare sense of freedom. Sprinting at full speed, guided only by sound and teamwork, he found the confidence and purpose that would later define his life.
In 2019, Luo returned to his hometown in Leizhou, Guangdong. While making a living singing and playing guitar on the streets, he began organizing local children, many of them left-behind children, to play football.
He later founded a club called “Little Prodigy” beside his family’s small grocery store. It soon became a hub where children read books, played chess, sang songs and, most importantly, played football.
“Football teaches more than skills,” Luo said. “It teaches children how to grow up.”
Over the years, the club has been a small but lively center in the village. As time passed, village schools closed and the children were sent to study in town. Luo returned to a quieter life, opening a convenience store on a busy street corner in Leizhou.
Meanwhile, thousands of kilometers away in northwest China, a new blind football team was beginning to take shape.
In Kashgar, Xinjiang, a group of blind children was brought together during the filming of a documentary on blind football. Although the project was eventually shelved, the effort did not fade away. With continued support, the initiative took root, and a Xinjiang blind football team was formally established.
As the 2024 National Blind Football Championships approached, the newly formed team urgently needed a head coach.
That was when Luo received the call.
He handed over his store to his family and embarked on a new journey, becoming the team’s head coach.
“Because I’ve been helped before, I know how important it is to be there for others,” Luo explained.
Most of his players had never left Xinjiang. For them, blind football brought a clear sense of direction. On the pitch, hesitation faded as soon as the ball reached their feet, replaced by focus and resolve.
Under Luo’s guidance, the team trained intensively for months. Their efforts paid off when they qualified for the National Games for Persons with Disabilities through the National Championships.
English Caption 1
Coach Luo Chengmian coaches team Xinjiang during the blind football competitions at China’s 12th National Games for Persons with Disabilities and the 9th National Special Olympic Games in Guangzhou, south China’s Guangdong Province. (Xinhua/Zheng Zhi)
English Caption 2
Young players of the “Little Prodigy” club run during their training on the beach. (Xinhua)
English Caption 3
Players of Xinjiang and Yunnan in action during the game. (Xinhua/Zheng Zhi)
English Caption 4
Luo (R) and his players leave the pitch after the game. (Xinhua/Zheng Zhi)
