Asia
အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး နိုင်ငံတကာအစည်းအဝေး ဘန်ကောက်မြို့၌ ကျင်းပ
ဘန်ကောက်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်ဆက်ဆံရေး နိုင်ငံတကာအစည်းအဝေးကို ဒီဇင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည်။ အစည်းအဝေးသည် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တစ်ပြေးညီညှိနှိုင်းပူးပေါင်းဆောင်ရွက်ထားသော လှုပ်ရှားမှုများအား အရှိန်မြှင့်လုပ်ဆောင်ပြီး တစ်နေ့တခြား ပိုမိုဆိုးရွားလာသည့် အွန်လိုင်းလိမ်လည်မှုပြစ်မှုပြဿနာအား အတူတကွကိုင်တွယ်စီမံရေးကို တိုက်တွန်းရန် ရည်ရွယ်ထားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပသော အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်ဆက်ဆံရေး နိုင်ငံတကာအစည်းအဝေးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ယခုအကြိမ်အစည်းအဝေးကို ထိုင်းနိုင်ငံမှ ကမကထပြုလုပ်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့ ပူးတွဲကြီးမှူးကျင်းပခြင်းဖြစ်ရာ နိုင်ငံပေါင်း ၆၀၊ နိုင်ငံတကာအဖွဲ့အစည်းနှင့် လူမှုအဖွဲ့အစည်း ၅ ခုမှ ကိုယ်စားလှယ်ပေါင်း ၃၃၀ ကျော် တက်ရောက်ခဲ့သည်။ တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မြန်မာ၊ လာအို စသည့်နိုင်ငံများမှလည်း အစည်းအဝေးတက်ရောက်ရန် ဝန်ကြီးအဆင့်ကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပသော အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်ဆက်ဆံရေး နိုင်ငံတကာအစည်းအဝေး ညစာစားပွဲတွင် အမှာစကားပြောကြားနေသော ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အနူတင်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Thailand’s Ministry of Foreign Affairs/Handout via Xinhua)
ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အနူတင်က အမှာစကားပြောကြားရာ၌ အွန်လိုင်းလိမ်လည်မှုသည် ဒေသတွင်းပြဿနာမဟုတ်တော့ဘဲ နိုင်ငံအသီးသီး အတူတကွကိုင်တွယ်စီမံရမည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု ဖြစ်လာပြီဖြစ်ကြောင်း၊ ယခုအကြိမ်အစည်းအဝေးသည် အတူတကွတိုက်ဖျက်ရေးကို တွန်းအားပေးသည့် အရေးကြီးခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံအသီးသီးနှင့်အတူ သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအတွင်း၌ အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ခြင်းများကို လက်တွေ့ကျကျတိုက်ဖျက်သွားရန် အချိန်မရွေးအဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က အစည်းအဝေးတွင် အွန်လိုင်းလိမ်လည်မှုသည် အတိုင်းအတာကြီးမားသော နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးလွန်မှုအဖြစ် ဆင့်ကဲဖြစ်ပေါ်လာရာ ဆိုးရွားသော စီးပွားရေးအရ နစ်နာဆုံးရှုံးမှုဖြစ်စေခဲ့ကြောင်း၊ ထို့ပြင် လူ့အခွင့်အရေးချိုးဖောက်မှု၊ လူကုန်ကူးမှု၊ အတင်းအဓမ္မ ခိုင်းစေမှု စသည့် နိုင်ငံဖြတ်ကျော် အစီအစဉ်ချ ပြစ်မှုကျူးလွန်မှုများနှင့်လည်း နီးကပ်စွာ ပတ်သက်ဆက်နွှယ်လျက်ရှိကြောင်း၊ ဘက်အသီးသီးအနေဖြင့် လက်တွေ့နည်းလမ်းများလုပ်ဆောင်၍ လက်တွေ့လုပ်ငန်းများတွင် အာရုံစိုက်ကာ အကျိုးစီးပွားအရ သက်ဆိုင်သူဘက်အသီးသီးနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် တွန်းအားပေးပြီး ဘက်စုံ တရားဥပဒေစိုးမိုးရေးလုပ်ငန်း လုပ်ဆောင်မှုအင်အားကို မြှင့်တင်ခြင်းဖြင့် ပြစ်မှုကျူးလွန်မှုကွန်ရက်အား အပြည့်အဝဖြိုခွင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————————————
(Chinese Version)
打击网络诈骗国际会议在曼谷召开
新华社曼谷12月18日电(记者林淑婷 常天童)全球打击网络诈骗伙伴关系国际会议17日至18日在泰国曼谷召开,会议旨在呼吁国际社会加速采取协调一致的行动,共同应对日益严重的网络诈骗犯罪问题。
此次会议由泰国发起,泰国政府与联合国毒品和犯罪问题办公室联合主办,来自60个国家、5个国际组织以及社会组织的330余名代表参加。中国、印度尼西亚、越南、缅甸、老挝等派出部级代表参会。
泰国看守政府总理阿努廷在致辞中说,网络诈骗已不再是区域性问题,而是各国都必须共同面对的全球性挑战,本次会议将是推动共同打击的关键一步。泰国随时准备同各国和相关方合作,在全球范围内切实打击网络诈骗犯罪。
泰国外交部长西哈萨在会上说,网络诈骗已演变为大规模跨国犯罪,造成了严重的经济损失,且与侵犯人权、人口贩运、强迫劳动等跨国有组织犯罪密切相关。各方需采取务实方式,聚焦实际工作,推动所有利益相关方开展协同合作,强化综合执法力度,彻底瓦解犯罪网络。(完)
1、12月17日,在泰国曼谷,泰国外交部长西哈萨在全球打击网络诈骗伙伴关系国际会议上发言。新华社记者 孙玮彤 摄
2、这是12月17在泰国曼谷拍摄的全球打击网络诈骗伙伴关系国际会议现场。新华社记者 孙玮彤 摄
3、12月17日,在泰国曼谷,泰国看守政府总理阿努廷在全球打击网络诈骗伙伴关系国际会议晚宴上致辞。新华社发(泰国外交部供图)
