မြန်မာ-中文
၂၉ ကြိမ်မြောက် ချန်ချွမ်း ရေခဲဆီးနှင်းပွဲတော် ဖွင့်လှစ်ကျင်းပ
ချန်ချွမ်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျီလျင်ပြည်နယ် ချန်ချွမ်းမြို့ ရေခဲဆီးနှင်းကမ္ဘာသစ် ရှုခင်းသာ၌ လာရောက်လည်ပတ်နေသူများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၉ ကြိမ်မြောက် ချန်ချွမ်း ရေခဲဆီးနှင်းပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် ချန်ချွမ်း ရေခဲဆီးနှင်းည လှုပ်ရှားမှုအစီအစဉ်များကို ဒီဇင်ဘာ ၁၉ ရက်တွင် တရုတ်နိုင်ငံ ကျီလျင်ပြည်နယ် ချန်ချွမ်းမြို့ ရေခဲဆီးနှင်းကမ္ဘာသစ် ရှုခင်းသာ၌ စတင်ဖွင့်လှစ်ခဲ့သည်။ ယခုအကြိမ် ရေခဲဆီးနှင်းရာသီတွင် ချန်ချွမ်းမြို့သည် “ချန်ချွမ်းမြို့တွင် နှင်းလျှောစီးသင်ခြင်း” နှင့် “ရေခဲဆီးနှင်းကမ္ဘာသစ် နှင်းရောင်စုံပွဲတော်” ဟူသည့် ခေါင်းစဉ်ကြီးနှစ်ရပ်ဖြင့် ထူးခြားချက်ရှိသော ရေခဲဆီးနှင်းလှုပ်ရှားမှု အစီအစဉ် ၂၀၀ ကျော် ကျင်းပသွားမည်ဖြစ်သည်။ (Xinhua)
——————————–
(Chinese Version)
第29届长春冰雪节启幕
新华社照片,长春,2025年12月19日
12月19日,第29届长春冰雪节开幕式暨长春冰雪之夜活动在吉林省长春市冰雪新天地景区拉开帷幕。本次冰雪季,长春市将围绕“学滑雪,到长春”和“冰雪新天地,粉雪嘉年华”两大主题举办200余项特色冰雪活动。
图说1:这是12月19日拍摄的长春市冰雪新天地景区(无人机照片)。新华社发(张扬 摄)
图说2:12月19日,游客在长春市冰雪新天地景区游览。 新华社发(张扬 摄)
