Economy
တရုတ်နိုင်ငံက ပထမ ၁၁ လအတွင်း ကုန်တင်ရထားပို့ဆောင်မှု တည်ငြိမ်စွာ တိုးတက်လျက်ရှိ
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရထားလုပ်ငန်း၏ ကုန်တင်ပို့ဆောင်မှုပမာဏမှာ ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း တည်ငြိမ်စွာတိုးတက်မှုကို ထိန်းထားလျက်ရှိကာ စီးပွားရေးလုပ်ငန်း ထောက်ပံ့သယ်ပို့ဆောင်ရေးစရိတ်ကိုလည်း လျော့နည်းစေခဲ့ပြီး နိုင်ငံ၏ စီးပွားရေး တည်ငြိမ်စွာလည်ပတ်နိုင်အောင် ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံ၏ ရထားလုပ်ငန်းစနစ်က ယင်းကာလအတွင်း စုစုပေါင်း ကုန်စည်တန်ချိန် ၃.၇ ဘီလီယံ ပို့ဆောင်နိုင်ခဲ့ရာ ယမန်နှစ် ကာလတူထက် ၂.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ရထားလုပ်ငန်းလုပ်ငန်းစု ကုမ္ပဏီလီမိတက်က ဒီဇင်ဘာ ၁၉ ရက်၌ ထုတ်ပြန်ခဲ့သည်။
ကုန်စည်တင်ဆောင်သော နေ့စဉ် ပျမ်းမျှကုန်ရထားတွဲအရေအတွက်မှာ ၁၈၇,၀၀၀ အထိ ရောက်ရှိလာခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၃.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း သတ္တုထုတ်ကုန်ကြမ်းပစ္စည်းများနှင့် ကောက်ပဲသီးနှံများ ပါဝင်သော ကုန်စည်ပို့ဆောင်မှုပမာဏမှာ ယမန်နှစ် ကာလတူထက် ၈.၅ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့ကြောင်း သိရသည်။
နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်မှုပမာဏသည်လည်း တည်ငြိမ်သောစွမ်းဆောင်မှု ရှိခဲ့သည်။ နိုဝင်ဘာလက တရုတ်-ဥရောပကုန်တင်ရထားခရီးစဉ်များ ၁,၈၅၂ စင်း ပြေးဆွဲခဲ့ရာ လွန်ခဲ့သည့်တစ်နှစ်ကထက် ၂၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ တစ်လတာအတွင်း စံချိန်တင်မြင့်မားခဲ့သည်။ တရုတ်-လာအိုရထားလမ်းက နိုင်ငံဖြတ်ကျော်သယ်ယူပို့ဆောင်ခဲ့သော ကုန်စည်ပမာဏမှာလည်း တန်ချိန် ၄.၉၈ သန်း ရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၁၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
China reports steady railway freight growth in first 11 months
BEIJING, Dec. 19 (Xinhua) — China’s railway freight volume maintained steady growth in the first 11 months of 2025, contributing to lower logistics costs across the economy and supported the stable operation of the national economy.
The national railway system transported a total of 3.7 billion tonnes of cargo in the period, marking a year-on-year increase of 2.7 percent, China State Railway Group Co., Ltd. said on Friday.
The daily average number of loaded freight cars reached 187,000, up 3.7 percent from the same period last year.
During the January-November period, the freight volume for metallurgical materials and grains rose 8.5 percent and 10 percent year on year, respectively.
International freight also posted a stable performance. In November, a total of 1,852 China-Europe freight trains trips were operated, a 21-percent increase from a year ago, hitting a record high in a single month. The China-Laos Railway transported over 4.98 million tonnes of cross-border cargo, up 15 percent year on year.
Photo: Passengers walk on a platform at the Nanjing Railway Station in Nanjing, east China’s Jiangsu Province, Oct. 8, 2025. (Photo by Su Yang/Xinhua)
