North America
အမေရိကန်နှင့် ရုရှား ဖလော်ရီဒါပြည်နယ်၌ ဆွေးနွေးမှုကလည်း “ထိရောက်မှုနှင့် အပြုသဘောဆောင်မှု ကြွယ်ဝကြောင်း” အမေရိကန်သမ္မတ၏ အထူးသံတမန် ဆို
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ရုရှား-ယူကရိန်း “ငြိမ်းချမ်းရေးအစီအစဉ်” အား တွန်းအားပေးရန်အလို့ငှာ အမေရိကန်နှင့် ရုရှားကိုယ်စားလှယ်များသည် လွန်ခဲ့သည့် နှစ်ရက်က အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ “ထိရောက်မှုနှင့် အပြုသဘောဆောင်မှု ကြွယ်ဝ” သည့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်သမ္မတ၏ အထူးသံတမန် Steve Witkoff က ဒီဇင်ဘာ ၂၁ ရက်တွင် လူမှုမီဒီယာ၌ ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုရေးရာအား တာဝန်ယူရသည့် သမ္မတ အထူးကိုယ်စားလှယ် Kirill Dmitriev သည် အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ အဖွဲ့ဝင်များတွင် Steve Witkoff ၊ သမ္မတထရမ့်၏ သားမက် Jared Kushner နှင့် အိမ်ဖြူတော် ဝန်ထမ်း Josh Gruenbaum တို့ပါဝင်ကြောင်း ကြေညာချက်တွင် ဆိုထားသည်။
ရုရှားအနေဖြင့် “ယူကရိန်းတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန် အပြည့်အဝ ကြိုးပမ်းနေဆဲ” ဖြစ်ပြီး အမေရိကန်ဘက်၏ သက်ဆိုင်ရာကြိုးပမ်းမှုနှင့် ထောက်ခံအားပေးမှုများကို များစွာအလေးထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုနေ့အစောပိုင်းတွင် Steve Witkoff က လူမှုမီဒီယာ၌ ကြေညာချက်ထုတ်ပြန်ရာတွင် “ထိရောက်မှုနှင့် အပြုသဘောဆောင်မှု ကြွယ်ဝသည်” ဟူသော စကားလုံးဖြင့်ပင် အမေရိကန်နှင့် ယူကရိန်း၊ ဥရောပနိုင်ငံများက လွန်ခဲ့သည့် ၃ ရက်အတွင်း ဖလော်ရီဒါပြည်နယ်၌ တွေ့ဆုံဆွေးနွေးမှုကို ဖော်ပြခဲ့သည်။ ယူကရိန်းဘက် ဆွေးနွေးညှိနှိုင်းမှု ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ယူကရိန်း အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး Rustem Umerov ကလည်း လူမှုမီဒီယာ၌ အဆိုပါအကြောင်းအရာနှင့် အလားတူနီးပါးဖြစ်သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

ရုရှားနိုင်ငံ မြို့တော်မော်စကိုရှိ ကရင်မလင်နန်းတော်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
美总统特使:美俄佛州会谈也“富有成效和建设性”
新华社华盛顿12月21日电(记者徐剑梅 黄强)美国总统特使威特科夫21日在社交媒体发表声明说,美国与俄罗斯代表过去两天在佛罗里达州举行了“富有成效和建设性”的会谈,以推进俄乌“和平计划”。
声明说,俄罗斯负责对外投资和经济合作事务的总统特别代表德米特里耶夫与美方代表团举行了会谈,美方代表团成员包括威特科夫、总统特朗普的女婿库什纳和白宫幕僚乔希·格林鲍姆。
声明说,俄罗斯“仍然完全致力于在乌克兰实现和平”,并高度重视美方相关努力和支持。
当天稍早时候,威特科夫在社交媒体发表声明,同样用“富有成效和建设性”形容美国和乌克兰及欧洲国家过去三天在佛罗里达州举行的会谈。乌克兰谈判代表团团长、乌国家安全与国防委员会秘书乌梅罗夫在社交媒体上发表了内容与此几乎相同的声明。(完)
1、这是12月2日在美国首都华盛顿拍摄的白宫。新华社记者 胡友松 摄
2、这是11月10日在俄罗斯首都莫斯科拍摄的克里姆林宫。新华社发(亚历山大摄)
