Connect with us

Asia

ဂျပန်၏ နျူကလီးယားပိုင်ဆိုင်လိုသည့်ရမ္မက်ကို မုချမသွေတားဆီးရမည်ဟု KCNA သတင်းဆောင်းပါးက ဖော်ပြ

ဂျပန်နိုင်ငံ တိုကျိုမြို့ မစ်ဆူကိုရှီ-မာအီ ဘူတာအနီးရှိ မြို့ပြမြင်ကွင်းအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က ဒီဇင်ဘာ ၂၁ ရက်တွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ဂျပန်သုတေသနဌာန အကြီးအကဲ၏ ပြောကြားချက်များကို ထုတ်ပြန်ခဲ့ရာ ဂျပန်၏ လုံခြုံရေးမူဝါဒ ကြီးကြီးမားမား ပြင်ဆင်ချိန်ညှိမှုကို ပြစ်တင်ရှုတ်ချပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်လိုသော ဂျပန်၏ ရမ္မက်က ပေါ်ထွက်လာပြီဖြစ်ကြောင်း ထောက်ပြကာ မုချမသွေ ပြတ်သားစွာ တားဆီးရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လက်ဦးမှုရယူ၍ စတင်တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ခြင်း၊ လက်နက်ပစ္စည်းတင်ပို့မှု ကန့်သတ်ချက်ကို ဖြေလျှော့ခြင်း၊ “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ပြန်လည်စိစစ်ခြင်း စသည့် ဂျပန်၏ လုံခြုံရေးမူဝါဒ ကြီးကြီးမားမား ပြင်ဆင်ချိန်ညှိမှုသည် စစ်မက်နိုင်ငံအဖြစ် အသွင်ပြောင်းရန် ကြံစည်ကြိုးပမ်းခြင်းဖြစ်ရာ စစ်ရာဇဝတ်မှုကျူးလွန်သည့်နိုင်ငံ၏ တားမြစ်စည်းမျဉ်းများကို ကျော်လွန်လိုက်ရုံသာမက နျူကလီးယားလက်နက် ပိုင်ဆိုင်ရန်ကြံစည်သော ရမ္မက်ကို ပြောင်ပြောင်တင်းတင်း ပေါ်လွင်စေခဲ့ကြောင်း ပြောကြားချက်တွင် ဖော်ပြထားသည်။

ယင်းမှာ မတော်တဆပြောဆိုခြင်း လုံးဝမဟုတ်ဘဲ ဂျပန်၏ ကာလကြာရှည်စွာ နျူကလီးယားပိုင်ဆိုင်လိုသည့် အိပ်မက်ရမ္မက် ပေါ်ထွက်လာခြင်းပင် ဖြစ်ကြောင်း၊ ယင်းမှာ ဂျပန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ သာမက စစ်ရှုံးနိုင်ငံအနေဖြင့် ၎င်းက တာဝန်ထမ်းဆောင်ရန် အတိအလင်းသတ်မှတ်ထားသော နိုင်ငံတကာဥပဒေကို တိုက်ရိုက်စိန်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားချက်တွင် ယူဆထားသည်။

ဂျပန်အစိုးရထံ လုံခြုံရေးမူဝါဒအကြုံပြုချက် အဆိုပြုသည့် အဆင့်မြင့်အရာရှိမှ ဤကဲ့သို့သော ဆင်ခြင်မဲ့ ပေါ့ပေါ့တန်တန်ပြောဆိုချက်များ ပြောထွက်လာခြင်းသည် ဂျပန်၏ နျူကလီးယားပိုင်ဆိုင်လိုသော ရည်ရွယ်ချက်က နိုင်ငံရေးနယ်ပယ်တွင် နေ့စဉ်နှင့်အမျှ ကြီးထွားလာသည်ကို သက်သေပြလိုက်ခြင်းဖြစ်ရာ ဂျပန်၏ စစ်ကိုတပ်မက်မှုနှင့် ကျူးကျော်လိုမှု သရုပ်မှန်ကို သံသယဖြစ်ဖွယ်မရှိ ပေါ်လွင်စေကြောင်း အဆိုပါ ပြောကြားချက်တွင် ထောက်ပြခဲ့သည်။

အကယ်၍ နျူကလီးယားလက်နက် ဂျပန်လက်ထဲ၌ ရှိလျှင် ကြောက်မက်ဖွယ် နျူကလီးယားကပ်ဘေးက အာရှနိုင်ငံများအပေါ် ကျရောက်ကာ လူသားမျိုးနွယ် ကပ်ကြီးဆိုက်မည်ဆိုသည်ကို အတိတ်ကာလ ဂျပန်၏ ကျူးကျော်မှုသမိုင်းက ရှင်းလင်းစွာ သက်သေပြထားကြောင်းလည်း ပြောကြားချက်တွင် ဖော်ပြထားသည်။
ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူများအနေဖြင့် ဂျပန် ဤစစ်ရာဇဝတ်မှုကျူးလွန်သောနိုင်ငံ၏ အန္တရာယ်များသော စစ်ရေးစိတ်ကူးယဉ်မှုကို ပြတ်ပြတ်သားသား တားဆီးရမည်ဖြစ်ကြောင်းလည်း ပြောကြားချက်က တိုက်တွန်းထားသည်။ (Xinhua)

——————-
(Chinese Version)
朝中社刊文:必须遏制日本拥核野心
新华社平壤12月21日电(记者王天僚 冯亚松)朝中社21日发表朝鲜外务省日本研究所所长的谈话,谴责日本大幅调整安保政策,指出其“暴露了拥有核武器的野心”,必须坚决制止。
谈话说,日本大幅调整安保政策,包括加强先发制人打击能力、放宽武器出口限制、重新审视“无核三原则”等,企图转型为战争国家,超越了作为战犯国家的禁止线,甚至公然暴露了企图拥有核武器的野心。
谈话认为,这绝不是失言,而是暴露出日本长期以来梦想拥核的野心,这是对日本宪法乃至明确规定其作为战败国所承担义务的国际法的正面挑战。
谈话指出,如此鲁莽的言论出自向日本政府提出安保政策建议的高级官员之口,证明了日本拥核意图在政界日益膨胀,毫无疑问地暴露出日本好战和侵略的真面目。
谈话还说,日本过去的侵略历史清楚证明,如果核武器掌握在日本手中,可怕的核浩劫将落在亚洲国家头上,人类将面临巨大灾难。谈话呼吁,热爱和平的人们必须坚决制止日本这个战犯国家的危险军事妄想。(完)
1. 这是12月18日在日本东京三越前站附近拍摄的城市景观。新华社记者 贾浩成 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.