Connect with us

International Organizations

နီရက်စ်၏ ခြေစွမ်းပြမှုနှင့်အတူ အီတလီစူပါဖလားကို နာပိုလီ ဆွတ်ခူး

အီတလီနိုင်ငံ ရောမမြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က ရိုးမားနှင့် နာပိုလီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် စီးရီးအေဘောလုံးပွဲစဉ်၌ နာပိုလီအသင်းမှ ဒေးဗစ် နီရက်စ် (ဝဲ) ဂိုးသွင်းပြီးနောက် အသင်းဖော် ရက်စ်မက်စ် ဟွိုင်းလန်းနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ရီယတ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ဒီဇင်ဘာ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အီတလီစူပါဖလား ဗိုလ်လုပွဲတွင် နာပိုလီက ဒေးဗစ် နီရက်စ်၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ ဘိုလော့ဂ်နာကို အနိုင်ရရှိခဲ့ပြီး အီတလီစူပါဖလားကို သုံးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။
ပွဲချိန် ၃၉ မိနစ်တွင် ဂိုးဧရိယာအပြင်ဘက်မှ လက်ပစ်ဘောမြှောက်ပေးမှုကို နီရက်စ်က တစ်ချက်ထိန်း၍ ဂိုးအပေါ်ထောင့်ထဲသို့ ဝေ့ဝိုက်ကန်သွင်းကာ နာပိုလီအတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။
ထို့နောက် ပွဲချိန်မိနစ် ၆၀ ဝန်းကျင်၌ ဘိုလော့ဂ်နာအသင်း၏ ဂိုးဧရိယာထဲတွင် နီရက်စ် ဘောလုံးရရှိသွားပြီးနောက် ရှေ့တက်လာသော ဂိုးသမားကိုကျော်ကာ ထောင့်ကျဉ်းအနေအထားမှ အဆုံးသတ်၍ နာပိုလီအတွက် ဒုတိယဂိုးသွင်းယူခဲ့သည်။
ယခုအနိုင်ရလဒ်ကြောင့် နာပိုလီအသင်းက အီတလီစူပါဖလားကို တတိယအကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင်လည်း ယင်းဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
အီတလီစူပါဖလားပြိုင်ပွဲအား ၂၀၂၃ ခုနှစ်မှစ၍ အသင်း‌လေးသင်းပြိုင်ပွဲပုံစံဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကာ စီးရီးအေ လက်ရှိချန်ပီယံ၊ စီးရီးအေ ဒုတိယရရှိသည့်အသင်း၊ အီတလီဖလားချန်ပီယံနှင့် အီတလီဖလား ဒုတိယရရှိသည့်အသင်းတို့ ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ လက်ရှိချန်ပီယံ နာပိုလီက ဆီမီးဖိုင်နယ်တွင် အေစီမီလန်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူ၍လည်းကောင်း၊ အီတလီဖလားချန်ပီယံ ဘိုလော့ဂ်နာက ဆော်ဒီအာရေဗျတွင် အင်တာမီလန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူ၍လည်းကောင်း ဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။ (Xinhua)

အီတလီနိုင်ငံ ရောမမြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က ရိုးမားနှင့် နာပိုလီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် စီးရီးအေဘောလုံးပွဲစဉ်၌ အနိုင်ရရှိပြီးနောက် နာပိုလီအသင်းနည်းပြချုပ် အန်တိုနီယို ကွန်တီ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ ဘိုလော့ဂ်နာမြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၉ ရက်က ဘိုလော့ဂ်နာနှင့် နာပိုလီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် စီးရီးအေဘောလုံးပွဲစဉ်၌ ဘိုလော့ဂ်နာအသင်းမှ ဂျွန်လူကူမီ (ဝဲ) နှင့် နာပိုလီအသင်းမှ ရက်စ်မက်စ် ဟွိုင်းလန်းတို့ ဘောလုံးယှဉ်လုနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

…………….
(English Version)
Neres inspires Napoli to win third Italian Super Cup title
RIYADH, Dec. 23 (Xinhua) — David Neres scored twice as Napoli beat Bologna 2-0 to win its third Italian Super Cup on Monday.
Napoli broke the deadlock in the 39th minute when Neres controlled a throw-in outside the area and curled a shot into the top corner.
The Partenopei doubled their lead around the hour mark as Neres won the ball inside Bologna’s box and finished from a tight angle past the onrushing goalkeeper.
The victory gave Napoli its third Supercoppa Italiana title after lifting the trophy in 1990 and 2014.
Since 2023, the Supercoppa Italiana has adopted a four-team format, pitting together the reigning Serie A champion, the runner-up, and the winner and runner-up of the Italian Cup.
Defending champion Napoli beat AC Milan 2-0 in the semifinals, while Coppa Italia holder Bologna advanced by defeating Inter Milan on penalties in Saudi Abrabia.
English Caption 1
Napoli’s David Neres (L) celebrates his goal with his teammate Rasmus Hojlund during a Serie A soccer match between Roma and Napoli in Rome, Italy, Nov. 30, 2025. (Photo by Alberto Lingria/Xinhua)
English Caption 2
Napoli’s head coach Antonio Conte celebrates winning during a Serie A soccer match between Roma and Napoli in Rome, Italy, Nov. 30, 2025. (Photo by Alberto Lingria/Xinhua)
English Caption 3
Bologna’s Jhon Lucumì (L) vies with Napoli’s Rasmus Hojlund during a Serie A football match between Bologna and Napoli in Bologna, Italy, Nov. 9, 2025. (Photo by Alberto Lingria/Xinhua)