Connect with us

North America

ဂရင်းလန်းကျွန်းအား သိမ်းပိုက်ရန် အဆိုကို ထရမ့် ထပ်‌‌လောင်းပြောဆို

ဒိန်းမတ်နိုင်ငံ၏ ဂရင်းလန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေရှိ Aasiaat မြို့၌ ဂရင်းလန်း၏ ပါလီမန်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများ၏ ပိုစတာများကို ၂၀၂၅ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က ဒိန်းမတ်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့ထံမှ ပြင်းထန်သော ကန့်ကွက်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ဂရင်းလန်းကျွန်းအား သိမ်းပိုက်ရန် ၎င်း၏ အဆိုကို ဒီဇင်ဘာ ၂၂ ရက်၌ ထပ်‌‌လောင်းပြောဆိုခဲ့သည်။

“သတ္တုတွေအတွက်မဟုတ်ဘဲ အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကျွန်းကို ကျွန်တော်တို့ လိုအပ်ပါတယ်” ဟု ထရမ့်က ဖလော်ရီဒါပြည်နယ် ပါးလ်မ်ကမ်းခြေရှိ ၎င်း၏ မာ-အာ-လာဂို အပန်းဖြေစခန်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ “ဂရင်းလန်းကျွန်းကို ဒိန်းမတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ သူတို့က ဆိုပါတယ်။ ဂရင်းလန်းအတွက် ဒိန်းမတ်က ငွေမသုံးသလို စစ်ရေးကာကွယ်မှုလည်း မရှိပါဘူး” ဟု ထရမ့်က ပြောကြားခဲ့သည်။

ဒိန်းမတ်နိုင်ငံသည် ဂရင်းလန်းကျွန်း၏ ကာကွယ်ရေးအတွက် တရားဝင်တာဝန်ရှိပြီး ကျွန်းနှင့် ဆက်စပ်သော စစ်ရေးစွမ်းရည်များကို ထိန်းသိမ်းထားသည်။
ထရမ့်က လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်ဖ် လန်ဒရီအား ဂရင်းလန်းဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ကြောင်း ဒီဇင်ဘာ ၂၂ ရက်၌ ကြေညာခဲ့သည်။
“ကျွန်တော်တို့မှာ အဲဒီကျွန်း (ဂရင်းလန်း) ရှိရမှာဖြစ်ပြီး သူ (လန်ဒရီ) ကလည်း အဲဒီတာဝန်ကို ယူဖို့ လိုလားခဲ့ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

………………
(English Version)
Trump renews call to take over Greenland
WASHINGTON, Dec. 22 (Xinhua) — U.S. President Donald Trump on Monday reiterated his call to take over Greenland, which triggered strong objections from Denmark and the European Union.
“We need Greenland for national security, not for minerals,” Trump told reporters at his Mar-a-Lago resort in Palm Beach, Florida. “They say Denmark owns it. Denmark has spent no money and has no military protection,” Trump said.
Denmark is legally responsible for Greenland’s defence and maintains military capabilities related to the island.
On Sunday, Trump announced the appointment of Louisiana Governor Jeff Landry as special envoy to Greenland.
“We have to have it (Greenland) and he (Landry) wanted to lead the charge,” Trump said. ■
English Caption
This photo taken on March 11, 2025 shows posters of Greenland’s parliamentary election candidates in Aasiaat, Greenland, an autonomous territory of Denmark. (Photo by Zhang Quanwei/Xinhua)