Connect with us

International Organizations

တော့တင်ဟမ်နှင့် ပွဲစဉ်၌ ခြေထောက်အရိုး ကျိုးသွားသည့် လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ် ခွဲစိတ်မှုခံယူ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ တော့တင်ဟမ် ဟော့စပါး အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က တော့တင်ဟမ် ဟော့စပါးနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်ကစားသမား အလက်ဇန်းဒါး အီဆက်ခ် (ဝဲ-ဒုတိယ) ဒဏ်ရာရရှိသွားပုံကို တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

လီဗာပူးလ်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်မှာ ဘယ်ဘက်ခြေထောက်ရိုး ကျိုးသွားသည့်အတွက် ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း လီဗာပူးလ်အသင်းက ဒီဇင်ဘာ ၂၂ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
အသင်းဘက်က ၎င်းဘောလုံးပြန်ကစားနိုင်မည့် အချိန်ကို ထုတ်ပြန်ခြင်းမရှိသော်လည်း အဆိုပါ ဆွီဒင်လက်ရွေးစင်ကစားသမားအနေဖြင့် အနည်းဆုံး လအနည်းငယ် အနားယူရဖွယ်ရှိကြောင်း သိရသည်။
အသက် ၂၆ နှစ်အရွယ် အီဆက်ခ်မှာ ခြေသလုံးအပြင်ရိုးကျိုးခြင်း အပါအဝင် ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီးနောက် ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ကြောင်း လီဗာပူးလ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အီဆက်ခ်မှာ ဒီဇင်ဘာ ၂၀ ရက်က တော့တင်ဟမ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားရင်း အာနယ် ဆလော့၏အသင်းအတွက် သွင်းဂိုးရယူပေးခဲ့သော်လည်း ဂိုးသွင်းပြီးမကြာမီမှာပင် တော့တင်ဟမ်နောက်ခံလူ မစ်ကီ ဗန်ဒီဗန်၏ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၎င်းအနေဖြင့် ဆက်လက်ကစားနိုင်ခြင်း မရှိတော့သည့်အတွက် ဆေးအဖွဲ့မှ ဝန်ထမ်းများ၏ အကူအညီဖြင့် ကွင်းထဲမှထွက်ခွာခဲ့ရခြင်းဖြစ်သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ တော့တင်ဟမ် ဟော့စပါး အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က တော့တင်ဟမ် ဟော့စပါးနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်ကစားသမား အလက်ဇန်းဒါး အီဆက်ခ် (ဝဲ-အပေါ်) ဂိုးသွင်းယူနေစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က လီဗာပူးလ်နှင့် အက်စတွန်ဗီလာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ လီဗာပူးလ်ကစားသမား အလက်ဇန်းဒါး အီဆက်ခ်အား တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
Isak suffers leg fracture, undergoes surgery after Tottenham game
LONDON, Dec. 23 (Xinhua) — Liverpool said on Monday that Alexander Isak has undergone surgery after suffering a fracture to his left leg.
The club has not provided a timetable for his return, but the Sweden international is expected to be sidelined for at least several months.
In a statement, Liverpool said the 26-year-old had “successfully underwent surgery” following an “ankle injury that included a fibula fracture”.
Isak came off the bench to score for Arne Slot’s side during Saturday’s match against Tottenham, but was injured moments after striking the ball following a challenge from Micky van de Ven.
The forward was unable to continue and was assisted off the pitch by medical staff.
English Caption 1
Liverpool’s Alexander Isak (2nd L) gets injured during the English Premier League match between Tottenham Hotspur FC and Liverpool FC at the Tottenham Hotspur Stadium in London, Britain, on Dec. 20, 2025. (Xinhua)
English Caption 2
Liverpool’s Alexander Isak (L, top) scores during the English Premier League match between Tottenham Hotspur FC and Liverpool FC at the Tottenham Hotspur Stadium in London, Britain, on Dec. 20, 2025. (Xinhua)
English Caption 3
Liverpool’s Alexander Isak reacts before the English Premier League match between Liverpool FC and Aston Villa FC in Liverpool, Britain, on Nov. 1, 2025. (Xinhua)

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.