Asia
ထိုင်း-ကမ္ဘောဒီးယား ဆွေးနွေးညှိနှိုင်းမှု ဒုတိယနေ့သို့ ရောက်ရှိ၊ ပဋိပက္ခလျော့ကျလာဟု ထိုင်းဘက် ဆို
ဘန်ကောက်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ ဆွေးနွေးညှိနှိုင်းမှုသည် ဒုတိယနေ့သို့ ရောက်ရှိလာကြောင်း၊ နယ်စပ်ပဋိပက္ခသည် အခြေအနေတစ်ရပ်လုံးအားဖြင့် လျော့ကျလာနေကြောင်း ထိုင်းနိုင်ငံ စစ်တပ်က ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် ဒီဇင်ဘာ ၂၅ ရက် နံနက် ၉ နာရီခန့်တွင် ထိုင်း-ကမ္ဘောဒီးယား နှစ်ဖက်က Chanthaburi ပြည်နယ် နယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းတွင် နယ်စပ်အထွေထွေကော်မတီ အတွင်းရေးမှူးဌာန အစည်းအဝေးကို ကျင်းပခဲ့ကြောင်း၊ ကမ္ဘောဒီးယားဘက်က စစ်ဘက်နှင့် အရပ်ဘက် ကိုယ်စားလှယ်ပေါင်း ၃၀ ခန့် အစည်းအဝေးကို တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံအခြေစိုက် အာဆီယံစောင့်ကြည့်ရေးအဖွဲ့မှ မလေးရှားအဖွဲ့ဝင်က ကြားနာခဲ့ကြောင်း ထိုင်းမီဒီယာများက သတင်းဖော်ပြသည်။
ထိုင်းစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲ၌ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ ပြင်းထန်မှုသည် အခြေအနေတစ်ရပ်လုံးအရ ကျဆင်းလာနေကြောင်း၊ ပစ်ခတ်မှုသည် အဓိကအားဖြင့် အချို့သောဒေသများတွင်သာ အကန့်အသတ်ဖြင့် ရှိနေကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံ ကြည်းတပ် ဒုတိယစစ်ဒေသကြီး၏ သတင်းဖော်ပြမှုအရ ထိုင်းနိုင်ငံ စစ်သည်နှစ်ဦးသည် ထိုနေ့တွင် Ta Kwai ဘုရားကျောင်းဒေသ၌ မိုင်းရှင်းလင်းရေးမစ်ရှင်ထမ်းဆောင်ချိန် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုင်း-ကမ္ဘောဒီးယား နှစ်ဖက်အနေဖြင့် ဒီဇင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အထွေထွေကော်မတီ အတွင်းရေးမှူးဌာန အစည်းဝေးကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ အတွင်းရေးမှူးဌာန အစည်းအဝေး အဆင်ပြေချောမွေ့ပါက နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများက ဒီဇင်ဘာ ၂၇ ရက်တွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အထွေထွေကော်မတီ အစည်းအဝေးကို ကြီးမှူးကျင်းပသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Surasant Kongsiri က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

ကမ္ဘောဒီးယားနိုင်ငံ Banteay Meanchey ပြည်နယ်ရှိ နေရာချထားရေးစခန်းတစ်ခုတွင် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်လာသော ကမ္ဘောဒီးယား ပြည်သူများ အနားယူနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
泰柬谈判进入第二天 泰方说冲突减弱
新华社曼谷12月25日电(记者夏康静 常天童)泰国军方25日表示,泰国与柬埔寨的谈判进入第二天,边境冲突整体在减弱。
据泰国媒体报道,当地时间25日上午9时左右,泰柬双方在尖竹汶府边境泰方一侧举行边界总委员会秘书处会议,柬方约30名军方和文职代表参会,驻泰国东盟观察员小组的马来西亚成员旁听。
泰国军方发言人在新闻发布会上说,泰柬边境冲突强度整体下降,交火主要局限在部分地区。另据泰国陆军第二军区通报,两名泰国士兵当天在塔桂寺地区执行排雷任务时被地雷炸伤。
泰国国防部发言人苏拉讪24日表示,泰柬双方将于24至26日召开泰柬边界总委员会秘书处会议,如秘书处会议进行顺利,将于27日由两国国防部长主持召开泰柬边界总委员会会议。(完)
1、这是12月11日在泰国曼谷拍摄的泰国国防部发言人苏拉讪在有关泰柬边境局势的发布会上讲话的直播画面。新华社记者 孙玮彤 摄
2、12月12日,在柬埔寨班迭棉吉省的一处居民安置点,因柬泰边境冲突而撤离的柬埔寨民众在休息。新华社发(索万纳拉摄)
