Connect with us

Asia

တောင်ကိုရီးယား သမ္မတရုံးအား အိမ်ပြာတော်သို့ ပြန်လည်ရွှေ့ပြောင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင် စီးနင်းလိုက်ပါလာသော မော်တော်ယာဉ် အိမ်ပြာတော်သို့ ရောက်ရှိလာသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ သမ္မတရုံး ရွှေ့ပြောင်းရေးလုပ်ငန်းကို ဒီဇင်ဘာ ၂၉ ရက်တွင် တရားဝင် လုပ်ဆောင်ပြီးစီးခဲ့ရာ သမ္မတရုံးကို ၃ နှစ် ၇ လ အကြာတွင် အိမ်ပြာတော်သို့ ပြန်လည်ရွှေ့ပြောင်းခဲ့သည်။ ၁၉၄၈ ခုနှစ်မှစ၍ အိမ်ပြာတော်သည် တောင်ကိုရီးယားနိုင်ငံ သမ္မတအဆက်ဆက်၏ အိမ်တော်နှင့် ရုံးခန်းနေရာ ဖြစ်ခဲ့သည်။
ယွန်းဆက်ယိုက ၂၀၂၂ ခုနှစ် မေလတွင် သမ္မတအဖြစ် စတင်ထမ်းဆောင်ပြီးနောက် ရုံးခန်းနေရာကို ဆိုးလ်မြို့ ရုံဆန်ခရိုင် ကာကွယ်ရေးဝန်ကြီးဌာနရုံး အဆောက်အဦတွင် အသစ်တည်ဆောက်ထားသည့် သမ္မတရုံးသို့ ရွှေ့ပြောင်းခဲ့ကာ အိမ်ပြာတော်ကို အများပြည်သူ လာရောက်လည်ပတ်နိုင်ရန် ဖွင့်လှစ်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ သမ္မတအဖြစ် လီဂျေမြောင် စတင်တာဝန်ထမ်းဆောင်ပြီးနောက် သမ္မတရုံးအား အိမ်ပြာတော်သို့ ပြန်လည်ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

——————-
(Chinese Version)
韩国总统府正式迁回青瓦台
新华社照片,首尔,2025年12月29日
当日,韩国总统府正式完成搬迁工作,时隔3年7个月迁回青瓦台。自1948年以来,青瓦台一直是韩国历任总统的官邸和办公场所。尹锡悦2022年5月就任总统后,将办公地点迁至首尔龙山区国防部大楼的新设总统府,青瓦台面向公众开放。李在明就任韩国总统后宣布把总统府迁回青瓦台。
1、12月29日,在韩国首尔,韩国总统李在明乘坐的车辆抵达青瓦台。 新华社记者 姚琪琳 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.