International Organizations
အာဖရိကနိုင်ငံများဖလားတွင် အီဂျစ်နှင့် နိုင်ဂျီးရီးယားတို့ ကွာတားဖိုင်နယ်တက်ရောက်
ရာဘတ်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
ဇန်နဝါရီ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အာဖရိကနိုင်ငံများဖလား (CAF) ဘောလုံးပြိုင်ပွဲတွင် အီဂျစ်က ဘီနင်ကို အချိန်ပိုကစားပြီးနောက် ၃-၁ ဂိုးဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီဖြစ်သလို နိုင်ဂျီးရီးယားကလည်း မိုဇမ်ဘစ်ကို ၄ ဂိုးပြတ် အနိုင်ယူကာ ကွာတားဖိုင်နယ် တက်ရောက်သွားခဲ့သည်။
မာဝမ် အက်တီယာက ပွဲချိန် ၆၉ မိနစ်တွင် ဂိုးဧရိယာအစပ်မှ အပြင်းကန်သွင်း၍ အီဂျစ်အတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။ ပွဲချိန် ၈၃ မိနစ်တွင် အီဂျစ်အသင်း၏ ခံစစ်ပိုင်းအားနည်းချက်ကို အခွင့်ကောင်းယူ၍ ဘီနင်အသင်းမှ ဂျိုဒယ်လ် ဒေ့ါဆူးက ချေပဂိုးပြန်လည်သွင်းယူခဲ့သဖြင့် အချိန်ပိုဆက်လက်ကစားခဲ့ရသည်။
ပွဲချိန် ၉၇ မိနစ်တွင် ယက်ဆာ အီဘရာဟင်က ဖြတ်တင်ဘောပေးပို့မှုအား အမြင့်ခေါင်းခုန်တိုက်၍ အီဂျစ်အတွက် ဦးဆောင်ဂိုးပြန်လည်သွင်းယူခဲ့သည်။ ဘီနင်က တရစပ်ဖိကစားခဲ့သော်လည်း ခံစစ်ပိုင်းလစ်ဟာမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပွဲပြီးခါနီးတွင် မိုဟာမက် ဆာလာက အီဂျစ်အတွက် တတိယဂိုးသွင်းယူခဲ့သည်။
အခြားပွဲစဉ်တွင် နိုင်ဂျီးရီးယားက မိုဇမ်ဘစ်ကို သက်သောင့်သက်သာ အနိုင်ရရှိခဲ့ကာ ပွဲချိန်မိနစ် ၂၀ တွင် အက်ဒီမိုလာ လွတ်ခ်မန်းက အဖွင့်ဂိုးသွင်းယူခဲ့ပြီး ငါးမိနစ်အကြာတွင် ဗစ်တာ အိုဆင်မန်က ဒုတိယဂိုးသွင်းယူခဲ့သည်။
ထို့နောက် ဒုတိယပိုင်း ပွဲပြန်စချိန်တွင် အိုဆင်မန်ကပင် ဒုတိယဂိုးသွင်းယူခဲ့သလို ပွဲချိန် ၇၅ မိနစ်တွင် အက်ကော် အဒမ်စ်က ပွဲသိမ်းအနိုင်ဂိုးသွင်းယူခဲ့သည်။ (Xinhua)

မော်ရိုကိုနိုင်ငံ ဖက်စ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်က နိုင်ဂျီးရီးယားနှင့် မိုဇမ်ဘစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အာဖရိကနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲစဉ်မစတင်မီ နိုင်ဂျီးရီးယားအသင်း၏ ပွဲထွက်ကစားသမားများ အသင်းလိုက်ဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ ဖက်စ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်က နိုင်ဂျီးရီးယားနှင့် မိုဇမ်ဘစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အာဖရိကနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲစဉ်မတိုင်မီ မိုဇမ်ဘစ်အသင်း၏ ပွဲထွက်ကစားသမားများ အသင်းလိုက်ဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

………………
(English Version)
Egypt, Nigeria secure quarterfinal spots at Africa Cup of Nations
RABAT, Jan. 5 (Xinhua) — Egypt qualified for the quarterfinals of the CAF Africa Cup of Nations on Monday by defeating Benin 3-1 after extra time, while Nigeria dominated Mozambique 4-0.
Marwan Attia opened the scoring for Egypt in the 69th minute with a powerful strike from the edge of the box. Benin responded in the 83rd minute when Jodel Dossou capitalized on a defensive error to equalize and force extra time.
In the 97th minute, Yasser Ibrahim restored Egypt’s lead with a looping header from a cross. Benin pressed forward but was left exposed late on, and in the closing moments Mohamed Salah scored Egypt’s third.
In Nigeria’s comfortable win, Ademola Lookman broke the deadlock in the 20th minute, and Victor Osimhen doubled the lead five minutes later.
Osimhen added his second shortly after the break, before Akor Adams rounded off the scoring in the 75th minute.
English Caption 1
Mozambique’s Aflons Amade (L) competes against Nigeria’s Frank Ogochukwu Onyeka during the Africa Cup of Nations round of 16 football match between Nigeria and Mozambique in Fes, Morocco, Jan. 5, 2026. (Photo by Aissa/Xinhua)
English Caption 2
Nigeria’s starting players pose for a photo ahead of the Africa Cup of Nations round of 16 football match between Nigeria and Mozambique in Fes, Morocco, Jan. 5, 2026. (Photo by Aissa/Xinhua)
English Caption 3
Mozambique’s starting players pose for a photo ahead of the Africa Cup of Nations round of 16 football match between Nigeria and Mozambique in Fes, Morocco, Jan. 5, 2026. (Photo by Aissa/Xinhua)
