China
တရုတ်နိုင်ငံ၏ ဝမ်ရှင်းယွီက အော့ကလန်မြို့တွင် ကျင်းပသည့် ASB Classic တင်းနစ်ပြိုင်ပွဲ၌ ကွာတားဖိုင်နယ်သို့ ရောက်ရှိ
ဝယ်လင်တန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
နယူးဇီလန်နိုင်ငံ အော့ကလန်မြို့တွင် ကျင်းပသည့် ASB Classic တင်းနစ်ပြိုင်ပွဲ၏ အမျိုးသမီးတစ်ဦးချင်း ဒုတိယအဆင့်၌ တရုတ်နိုင်ငံ၏ ဝမ်ရှင်းယွီက မက္ကဆီကိုနိုင်ငံမှ ရီနေတာ ဇာရာဇူအာကို ရမှတ် ၇-၅၊ ၆-၄ ဖြင့် ဇန်နဝါရီ ၇ ရက်က အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်သို့ တက်လှမ်းသွားကြောင်း သိရသည်။
နှစ်ချီဆက်တိုက် အနိုင်ရရှိခဲ့ပြီး တစ်နာရီနှင့် ၅၂ မိနစ်ကြာခဲ့သော အဆိုပါပွဲစဉ်တွင် ဝမ်က အကြိတ်အနယ်ဖြစ်ခဲ့သည့် ပထမအချီ၌ ရမှတ် ၇-၅ ဖြင့် အနိုင်ရပြီးနောက် serve ကို ချိုးဖျက်ကာ ဒုတိယအချီကိုလည်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
“လေတိုက်နှုန်းတော်တော်လေးများ” နေခဲ့သော်လည်း ၎င်းအနေဖြင့် အင်တိုက်အားတိုက်ပုံစံဖြင့် ဆက်လက်ကစားပြီး ကစားကွက်ကို ထိန်းညှိရန် “အပိုရိုက်ချက်အနည်းငယ်” ထပ်မံထည့်သွင်းခြင်းဖြင့် ကောင်းစွာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခဲ့ကြောင်း ကမ္ဘာ့အဆင့် ၅၇ ဝမ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
“သူက တကယ့်ကို ရေကုန်ရေခမ်း ကြိုးပမ်းတဲ့သူပါပဲ။ ဒီပွဲကို ကျွန်မ သဘောကျပါတယ်” ဟု ဝမ်က ၎င်း၏ ပြိုင်ဘက်ဖြစ်သူ အဆင့် ၇၇ ရှိ ဇာရာဇူအာအကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
အသက် ၂၄ နှစ်အရွယ် တင်းနစ်မယ် ဝမ်သည် ဇန်နဝါရီ ၅ ရက်က အမျိုးသမီးတင်းနစ်အသင်း ၂၅၀ ပြိုင်ပွဲ၌လည်း အမေရိကန်တင်းနစ်မယ် Caty McNally နှင့် ပထမအဆင့်ပွဲစဉ်တွင် အစောပိုင်း၌ အရေးနိမ့်ခဲ့သော်လည်း နှစ်နာရီနှင့် ၁၀ မိနစ်ကြာ ယင်းပွဲစဉ်ကို ရမှတ် ၂-၆၊ ၆-၃၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့သည်။
ဝမ်သည် ဇန်နဝါရီ ၉ ရက်၌ ယှဉ်ပြိုင်ရမည့် အဆိုပါ ASB Classic တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်တွင် ဗြိတိန်ကစားသမား Francesca Jones နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………….
(English Version)
China’s Wang Xinyu reaches ASB Classic quarterfinals in Auckland
WELLINGTON, Jan. 7 (Xinhua) — China’s Wang Xinyu defeated Mexico’s Renata Zarazua 7-5, 6-4 in the women’s singles second round at the ASB Classic in Auckland, New Zealand, on Wednesday, advancing to the quarterfinals.
Wang won the tight first set 7-5, then broke serve to claim the second set in a one hour and 52 minutes straight-sets match.
World No. 57 Wang said post-match that despite “pretty windy” conditions, she adapted well by staying aggressive and adding “a few more extra shots” to dictate play.
“She is really a fighter. I’ve enjoyed the match,” Wang added of her No. 77-ranked opponent Zarazua.
The 24-year-old overcame an early test with her first-round victory over American Caty McNally, defeating her 2-6, 6-3, 7-5 in a two hours and 10 minutes battle on Monday at the Women’s Tennis Association 250 event.
Wang faces Britain’s Francesca Jones in Friday’s quarterfinals. ■
English Caption 1, 2
China’s Wang Xinyu competes during her semifinal against Liudmila Samsonova at the WTA 500 Berlin Open on June 21, 2025. (WTA/Handout via Xinhua)
