Connect with us

International Organizations

အက်ဖ်အေဖလားတွင် အာဆင်နယ်က ပို့စ်မောက်ကို ဂိုးပြတ်အနိုင်ရ၊ မန်ချက်စတာယူနိုက်တက် တတိယအဆင့်မှပင် ထွက်ခွာခဲ့ရ

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က မန်ချက်စတာယူနိုက်တက်နှင့် ဘရိုက်တန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်၌ မန်ချက်စတာယူနိုက်တက်အသင်းမှ ဘန်ဂျမင် ဆက်စကို (ရှေ့) ဂိုးကန်သွင်းနေစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်က ချန်ပီယံရှစ်ကလပ် ပို့စ်မောက်ကို အဝေးကွင်း၌ စောစောစီးစီး ဦးဆောင်ဂိုးပေးခဲ့ရသော်လည်း ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိကာ အက်ဖ်အေဖလား စတုတ္ထအဆင့်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။
အဆိုပါပွဲစဉ်၌ ပွဲအစ သုံးမိနစ်တွင် ကိုလ်ဘီ ဘစ်ရှော့က ပို့စ်မောက်အတွက် အဖွင့်ဂိုးသွင်းယူခဲ့သော်လည်း ဂါဘရီရယ် မာတင်နယ်လီက ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို အာဆင်နယ်အနေဖြင့် တည်ကန်ဘောများကို မည်မျှထိထိရောက်ရောက် အသုံးချနိုင်သည်ကိုလည်း ပြသခဲ့သည်။

အာဆင်နယ်က ကစားအားမြှင့်ကာ အကြိတ်အနယ် ဖိကစားပြီးနောက် ပွဲချိန် ခုနစ်မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ချေပဂိုးပြန်လည်ရရှိခဲ့သလို ပွဲချိန် ၂၅ မိနစ်တွင်လည်း အာဆင်နယ်အသင်း ထပ်မံရရှိခဲ့သည့် ထောင့်ကန်ဘောမှတစ်ဆင့် မာတင်နယ်လီက ၎င်းအတွက် ပထမဂိုးသွင်းယူခဲ့သည်။
အာဆင်နယ်အသင်း ပထမပိုင်းတွင် ရရှိခဲ့သည့်ပင်နယ်တီကို နိုနီ မာဒူအက်ကေ လွဲချော်ခဲ့သော်လည်း မာတင်နယ်လီက သေသပ်ကောင်းမွန်သော အသင်းလိုက် ကစားကွက်ဖော်ဆောင်မှုမှတစ်ဆင့် အဝေးတိုင်ဆီသို့ အဆုံးသတ်၍လည်းကောင်း၊ နောက်တစ်ကြိမ်ရရှိခဲ့သည့် ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်၍လည်းကောင်း ဟက်ထရစ်သွင်းယူခဲ့ရာ အာဆင်နယ်အနေဖြင့် ယခုရာသီတွင် ဆုဖလားလေးလုံး လမ်းကြောင်းပေါ်၌ ဆက်လက်တည်ရှိနေသည်။

အခြားပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်က ဘရိုက်တန်ကို အိမ်ကွင်း၌ ၁-၂ ဂိုးဖြင့် အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် ယခုရာသီမှာ ယူနိုက်တက်အတွက် ပိုမိုဆိုးရွားသထက် ဆိုးရွားလာခဲ့သည်။
ဒါရင်း ဖလက်ချာ ယာယီနည်းပြအဖြစ် ကိုင်တွယ်နေသည့် ယူနိုက်တက်အား ဘရိုက်တန်က ခြေအသာစီးဖြင့် ကစားသွားခဲ့ပြီး ဘရာဂျန် ဂရူဒါနှင့် ဒန်နီ ဝဲဘက်ခ်တို့၏ သွင်းဂိုးများနှင့်အတူ ၂-၀ ဂိုးရလဒ်ဖြင့် ဦးဆောင်ထားခဲ့ကာ ပွဲချိန် ၈၅ မိနစ်တွင် ဘန်ဂျမင် ဆက်စကိုက ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သဖြင့် ယူနိုက်တက်အတွက် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာသော်လည်း ပွဲချိန် ၈၉ မိနစ်တွင် ရှေး လေစီ ထုတ်ပယ်ခံရပြီးနောက် ချေပဂိုးရရှိရေး မျှော်လင့်ချက်များ ပျက်သုဉ်းသွားခဲ့သည်။
ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီက လိဒ်စ်ယူနိုက်တက်ကို ဘန် ဘရီရက်တန်၏ ပထမပိုင်းသွင်းဂိုးဖြင့် အိမ်ကွင်း၌ ဦးဆောင်ထားခဲ့သော်လည်း ဧည့်သည် လိဒ်စ်အသင်းက ပွဲရလဒ်ကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး ဝီလ်ဖရက် နွန်တိုနှင့် အာအို တာနာကာတို့က ချေပဂိုးနှင့် ဦးဆောင်ဂိုး အလျင်အမြန်သွင်းယူခဲ့သလို နာကျင်အချိန်ပိုတွင် ဂျိမ်းစ် ဂျက်စတင်က လိဒ်စ်အတွက် အနိုင်သေချာစေမည့်ဂိုးကို သွင်းယူခဲ့သည်။
ဝက်စ်ဟမ်းအသင်းက အိမ်ကွင်း၌ ဒုတိယတန်းကလပ် ကျူပီအာရ်ကို အချိန်ပိုအထိ ကစားပြီးမှ အနိုင်ရရှိခဲ့ကာ ကွန်စတန်တီနိုစ် မက်ဗရိုပါနော့စ် ဒဏ်ရာအပြင်းအထန် ရရှိပြီးနောက် ပထမပိုင်း နာကျင်အချိန်ပိုတွင် ခရီဆန်စီယို ဆမ်းမားဗေးလ်က ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။

ထို့နောက် ဒုတိယပိုင်းတွင် ရစ်ချက်ဒ် ကိုနေးက ကျူပီအာရ်အတွက် ချေပဂိုးသွင်းယူခဲ့သဖြင့် အချိန်ပို ဆက်လက်ကစားခဲ့ရာ တာတီ ကက်စတယ်လာနော့စ်က ဝက်စ်ဟမ်းအတွက် အနိုင်ဂိုး (၎င်းအတွက် ပထမဆုံးဂိုး) ကို သွင်းယူကာ ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရသည့် နူနို အက်စ်ပီရီတို ဆန်းတို့စ်၏ အသင်းအတွက် နိုင်ပွဲရှာဖွေပေးခဲ့သည်။
ချန်ပီယံရှစ်အသင်းများဖြစ်သည့် ဟူးလ်စီးတီးနှင့် ဘလက်ဘန်းရိုဗာစ်အသင်း၏ ပွဲစဉ်တွင် မိနစ် ၁၂၀ ကြာ ယှဉ်ပြိုင်ပြီးသည်အထိ ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေခြင်းကြောင့် ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းခဲ့ရာ ဟူးလ်စီးတီးက အနိုင်ရရှိခဲ့သည်။ ထို့အတူ နောဝစ်ချ်စီးတီးက စတုတ္ထတန်းကလပ် ဝေါဆောလ်ကို ၅-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သလို လိဂ်ဝမ်းကလပ် မန်စ်ဖီးလ်တောင်းက ချန်ပီယံရှစ်တွင် ရုန်းကန်နေရသည့် ရှက်ဖီးယူနိုက်တက်ကို အဝေးကွင်းတွင် ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် အနည်းငယ်အံ့အားသင့်စရာ ရလဒ်တစ်ခုဖြစ်ခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က မန်ချက်စတာယူနိုက်တက်နှင့် ဘရိုက်တန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်၌ ဘရိုက်တန်းအသင်းမှ ဂျက်ခ် ဟင်ရှယ်ဝုဒ် (အောက်) အား မန်ချက်စတာယူနိုက်တက် ကစားသမားငါးဦး ပိတ်ဆို့ဟန့်တားနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က မန်ချက်စတာယူနိုက်တက်နှင့် ဘရိုက်တန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်၌ ဘရိုက်တန်အသင်းမှ ဒန်နီ ဝဲဘက်ခ် (အလယ်) ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

……………….
(English Version)
Arsenal powers past Portsmouth as Man United crashes out in FA Cup third round
LONDON, Jan. 11 (Xinhua) — Premier League leader Arsenal overcame conceding an early goal to reach the fourth round of the FA Cup with a 4-1 win away to Championship side Portsmouth.
Gabriel Martinelli scored a hat-trick for Arsenal, who showed how effective they are from set pieces after Colby Bishop rewarded Portsmouth’s bright start with a third-minute opener.
Arsenal equalized following a scramble after a corner in the seventh minute, and Martinelli scored his first after another corner in the 25th minute.
Although Noni Madueke missed a first-half penalty for Arsenal, Martinelli completed his hat-trick with a far-post finish following a well-worked team move and a header from another corner to keep the Gunners in the race for four titles this season.
Manchester United’s bad season got worse after a 2-1 defeat at home to Brighton ended its interest in this year’s FA Cup.
With Darren Fletcher still in temporary charge of Manchester United, his side was outplayed by Brighton, who led 2-0 thanks to goals from Brajan Gruda and Danny Welbeck before Benjamin Sesko gave the home side late hope with a goal in the 85th minute, although hopes of an equalizer were ended when Shea Lacey saw an 89th-minute red card.
Ben Brereton gave Championship side Derby Country a first-half lead at home to Leeds United, but the visitors turned things around with a quickfire double from Wilfried Gnonto and Ao Tanaka before James Justin confirmed the win with Leeds’ third in injury time.
West Ham needed extra time for a much-needed win at home to second-tier Queens Park Rangers, with Crysencio Summerville putting the Hammers ahead in first-half injury time after Konstantinos Mavropanos suffered a serious injury.
Richard Kone levelled for QPR 20 minutes into the second half and the game went into extra-time where Taty Castellanos scored his first goal for West Ham to win the game for Nuno Espirito Santo’s Premier League strugglers.
Elsewhere, Hull City won an all-Championship duel against Blackburn Rovers after a penalty shoot-out that followed 120 goalless minutes, Norwich City won 5-1 against fourth-tier Walsall, while Mansfield Town from League One caused a minor upset with a 4-3 victory away to Championship strugglers Sheffield United.
English Caption 1
Manchester United’s Benjamin Sesko (front) shoots during the FA Cup 3rd Round match between Manchester United FC and Brighton & Hove Albion FC in Manchester, Britain, on Jan. 11, 2026. (Xinhua)
English Caption 2
Five Manchester United’s players challenge Brighton & Hove Albion’s Jack Hinshelwood (bottom) during the FA Cup 3rd Round match between Manchester United FC and Brighton & Hove Albion FC in Manchester, Britain, on Jan. 11, 2026. (Xinhua)
English Caption 3
Brighton & Hove Albion’s Danny Welbeck (C) celebrates his goal with his teammates during the FA Cup 3rd Round match between Manchester United FC and Brighton & Hove Albion FC in Manchester, Britain, on Jan. 11, 2026. (Xinhua)