Connect with us

Media

“ချစ်စရာ မျက်ပြူးလေး” ရဲစခန်းကို မှားပြီး ရောက်သွား၊ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ဝင်များက နွေးထွေးစွာ ကျွေးမွေးပြီးနောက် ပြန်လွှတ်ပေးခဲ့

ယူနန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

မကြာသေးမီရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ နယ်စပ်စီမံခန့်ခွဲရေးအဖွဲ့၏ လျန်ဟယ်နယ်စပ်စစ်ဆေးရေးစခန်းမှ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် စခန်းအတွင်း ငှက်ကလေးတစ်ကောင်ကို တွေ့ရှိခဲ့သည်။ ရဲတပ်ဖွဲ့ဝင်က ငှက်ကလေးအား စစ်ဆေးကြည့်ရှုပေး၍ အစာရေစာများ တိုက်ကျွေးခဲ့သည်။ ဒဏ်ရာရထားသည့် လက္ခဏာများမတွေ့ရှိရသောကြောင့် ညအချိန် ပျံသန်းစဉ်တွင် စခန်းသို့ဝင်ရောက်ကာ လမ်းပျောက်သွားသည်ဟု ယူဆခဲ့ကြသည်။ ကနဦးဆန်းစစ်ချက်အရ ထိုငှက်ကလေးမှာ တရုတ်နိုင်ငံ၏ နိုင်ငံတော်ပထမအဆင့် ကာကွယ်စောင့်ရှောက်ထားသော တောရိုင်းတိရစ္ဆာန်ဖြစ်သည့် ဇီးကွက်ဗိုက်ကွက် (Asian Barred-Owlet) ဖြစ်ပြီး လက်ရှိတွင် သဘာဝထဲသို့ ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.