Connect with us

Africa & Middle East

အမေရိကန် ဝင်ရောက်စွက်ဖက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်သည်ဟု ထရမ့်ကို al-Maliki တုံ့ပြန်

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်တွင် လွှတ်တော်ရွေးကောက်ပွဲ ပိုစတာများရှေ့မှ လမ်းလျှောက်သွားသူတစ်ဦးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

အီရတ်၏ပြည်တွင်းရေးတွင် အမေရိကန် ပြောင်ပြောင်တင်းတင်းဝင်ရောက်စွက်ဖက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း အီရတ်ဝန်ကြီးချုပ်ဟောင်း Nouri al-Maliki က ဇန်နဝါရီ ၂၈ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုသည် အီရတ်အချုပ်အခြာအာဏာအပေါ် ထိပါးမှုဖြစ်သလို ၂၀၀၃ ခုနှစ်နောက်ပိုင်း အီရတ်ထူထောင်ခဲ့သော ဒီမိုကရေစီစနစ်ကို ဖျက်ဆီးခြင်းလည်းဖြစ်ကြောင်း al-Maliki က ပြောကြားခဲ့သည်။ အပြန်အလှန်ဆွေးနွေးမှုသည် နိုင်ငံများအကြား တစ်ခုတည်းသော ဖော်ဆောင်နိုင်သည့် နိုင်ငံရေးလမ်းကြောင်းဖြစ်ရာ “အမိန့်ပေးခြင်း” သို့မဟုတ် “ခြိမ်းခြောက်ခြင်း” ကို အားမကိုးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အကယ်၍ al-Maliki ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံရပါက အမေရိကန်အနေဖြင့် အီရတ်အား ဆက်၍ အကူအညီပေးတော့မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ဇန်နဝါရီ ၂၇ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ Al-Maliki အား ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ခြင်းသည် အီရတ်အတွက် “အလွန်ဆိုးရွားတဲ့ ရွေးချယ်မှု” ဖြစ်လိမ့်မည်၊ al-Maliki ၏ “မူဝါဒများနှင့် အယူဝါဒ” ကြောင့် အကယ်၍ ၎င်းရွေးကောက်ခံရပါက “အမေရိကန်အနေနဲ့ အီရတ်ကို ဆက်ကူညီတော့မှာမဟုတ်ဘူး” ဟု ထရမ့်က ဆိုခဲ့သည်။
Al-Maliki သည် ၂၀၀၆ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အီရတ်ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တိုင် ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ “တရားဥပဒေစိုးမိုးရေးညွန့်ပေါင်းအဖွဲ့ (State of Law Coalition)” ၏ အကြီးအကဲဖြစ်သည်။ ယခုလ ၂၄ ရက်တွင် အီရန် လွှတ်တော်အသစ်၏ အကြီးဆုံးပါတီအဖွဲ့ “ညှိနှိုင်းဆောင်ရွက်မှု မူဘောင် (CF) မဟာမိတ်” က al-Maliki အား ဝန်ကြီးချုပ်သစ်အဖြစ် အမည်စာရင်းတင်သွင်းကြောင်း ကြေညာခဲ့သည်။ (Xinhua)

……………………
(Chinese Version)
马利基回应特朗普:坚决反对美国干涉
新华社巴格达1月28日电(记者段敏夫 李军)伊拉克前总理努里·马利基28日通过社交媒体表示,坚决反对美国公然干涉伊拉克内政。
马利基说,美方干涉是对伊拉克主权的侵犯,是对2003年后伊拉克建立的民主制度的破坏。他表示,对话是国家间唯一可行的政治途径,不应诉诸“命令”和“威胁”。
美国总统特朗普27日在社交媒体发文称,如果马利基再度当选总理,美国将不再援助伊拉克。特朗普称,重新任命马利基为总理将是伊拉克“非常糟糕的选择”。由于马利基的“政策和意识形态”,如果他当选,“美国将不再帮助伊拉克”。
马利基2006年至2014年连续两届出任伊拉克总理,现为“法治国家联盟”领导人。本月24日,伊拉克新一届国民议会最大党团 “协调框架联盟” 宣布提名马利基为新任总理人选。(完)
图说:2025年11月3日,在伊拉克首都巴格达,一名行人经过国民议会选举海报。新华社发(哈利勒·达伍德摄)