Asia
ထိုင်းနိုင်ငံ ဘွန်ဂျိုင်ထိုင်း (BJT) က ရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကြေညာ
ဘန်ကောက်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)
ထိုင်းအောက်လွှတ်တော်ရွေးကောက်ပွဲတွင် ဘွန်ဂျိုင်ထိုင်း (BJT) အနိုင်ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်၊ ဘွန်ဂျိုင်ထိုင်း (BJT) ခေါင်းဆောင် အနူတင်က ဖေဖော်ဝါရီ ၈ ရက် ညပိုင်း ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။
ဘွန်ဂျိုင်ထိုင်း (BJT) ၏ အနိုင်ရမှုက ထိုင်းနိုင်ငံသားတိုင်း၏ အောင်မြင်မှုဖြစ်သည်ဟု အနူတင်က ပြောကြားခဲ့သည်။
လက်ရှိ ထိုင်းရွေးကောက်ပွဲကော်မရှင်က ရေတွက်ပြီးသည့် မဲအရေအတွက် ၈၇ ရာခိုင်နှုန်းကျော်တွင် ဘွန်ဂျိုင်ထိုင်း (BJT) က ဦးဆောင်နေပြီး ပြည်သူ့ပါတီ (PPLE) က ဒုတိယအနေဖြင့်လည်းကောင်း၊ ဖြူထိုင်းပါတီ (PTP) က တတိယအနေဖြင့်လည်းကောင်း တည်ရှိနေသည်။
ထိုင်း ပြည်သူ့ပါတီ (PPLE) ခေါင်းဆောင် နထဖုန်းက ပြည်သူ့ပါတီ (PPLE) အနေဖြင့် လက်ရှိ မဲရေတွက်သည့်ရလဒ်တွင် ပထမ မရှိခဲ့သည့်ရလဒ်ကို လက်ခံကြောင်း၊ သို့သော် ဘွန်ဂျိုင်ထိုင်း (BJT) ဦးဆောင်သည့် နိုင်ငံရေးပါတီမဟာမိတ်အဖွဲ့တွင် ပါဝင်မည်မဟုတ်ဘဲ အတိုက်အခံပါတီအဖြစ် ရပ်တည်သွားရန် ပြင်ဆင်ပြီးဖြစ်ကြောင်း ယင်းနေ့ညတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း၊ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အဘီဆစ်က အတိုက်အခံပါတီအဖြစ် ရပ်တည်သွားရန် ပြင်ဆင်ပြီးဖြစ်ကြောင်း ယင်းနေ့ညပိုင်းတွင် ပြောကြားခဲ့သည်။
ဖြူထိုင်းပါတီ (PTP) ခေါင်းဆောင် ဂျူလာပန်က ၎င်းတို့ပါတီအနေဖြင့် ပြည်သူလူထု၏ ရွေးချယ်မှုကို လေးစားကြောင်း၊ အာဏာရနိုင်ငံရေးပါတီတွင် ဖြစ်စေ၊ အတိုက်အခံပါတီတွင် ဖြစ်စေ ပြည်သူလူထုအတွက် အစွမ်းကုန် တာဝန်ကျေပွန်စွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထိုနေ့ညတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)

ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်၊ ဘွန်ဂျိုင်ထိုင်း (BJT) ခေါင်းဆောင် အနူတင်အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်၊ ဘွန်ဂျိုင်ထိုင်း (BJT) ခေါင်းဆောင် အနူတင်က သတင်းစာရှင်းလင်းပွဲတက်ရောက်ချိန် မဲရလဒ်အား စောင့်ဆိုင်းနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
泰国自豪泰党宣布胜选
新华社曼谷2月8日电(记者夏康静 刘杨)泰国看守政府总理、自豪泰党党首阿努廷8日晚召开新闻发布会宣布,自豪泰党在国会下议院选举中取得胜利。 阿努廷说,自豪泰党的胜利是每个泰国人的胜利。
在当前泰国选举委员会已统计的超过87%选票中,自豪泰党得票数领先,人民党暂列第二,为泰党暂列第三。
泰国人民党党首那塔蓬当晚召开新闻发布会称,人民党接受当前计票结果不是第一的结果,但不会加入自豪泰党主导的政党联盟,已准备好当反对党。
泰国前总理、民主党党首阿披实当晚也表示,已准备好当反对党。
为泰党党首朱拉汶在当晚召开的新闻发布会上称,该党尊重民众选择,无论作执政党还是反对党,都将会尽职尽责为民众工作。(完)
1.2. 2月8日,泰国看守政府总理、自豪泰党党首阿努廷(前左二)在曼谷出席新闻发布会。新华社记者 万后德 摄
1. 2月8日,泰国看守政府总理、自豪泰党党首阿努廷(中)在曼谷出席新闻发布会时等待计票结果。
