Connect with us

Social, Education & Health

အမွေးပွမိတ်ဆွေလေးများ နွေဦးပွဲတော်ခရီးသွားရာသီတွင် ပါဝင်နိုင်ရန် တရုတ်နိုင်ငံက ရထားဖြင့် အိမ်မွေးတိရစ္ဆာန်လေးများ သယ်ယူပို့ဆောင်မှု တိုးချဲ့

ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

သန်းပေါင်းများစွာသော တရုတ်နိုင်ငံမှ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များအနေဖြင့် နွေဦးပွဲတော် ပြန်လည်ပေါင်းစည်းမှုတွင် ၎င်းတို့ချစ်ခင်ရသော ခြေလေးချောင်းမိသားစုဝင်လေးများ မပါဝင်ဘဲ အချိန်ကြာမြင့်စွာ ကုန်ဆုံးရခြင်းမရှိနိုင်တော့ပေ။အထူးသဖြင့် ယခုနှစ်တွင် ၎င်းတို့အတွက် အလွန်ကောင်းမွန်ဖွယ်သတင်း ရရှိလာခဲ့ပြီဖြစ်သည်။ ယခုအခါ အိမ်မွေးတိရစ္ဆာန်သယ်ယူပို့‌ဆောင်ရေးဝန်ဆောင်မှုပေးသည့် မြန်နှုန်းမြင့်ရထားဘူတာရုံ ၁၁၀ ခုနှင့် ရထား အစင်းရေ ၁၇၀ စံချိန်တင်ရှိလာပြီဖြစ်ရာ ယခင်က ရထားအစင်းရေ ၅၄ စင်း ရှိခဲ့ရာမှ သိသိသာသာတိုးတက်လာခဲ့သည်။ ထိုသို့ တိုးချဲ့လိုက်ခြင်းက ပိုမိုများပြားသော တိရစ္ဆာန်လေးကို ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျရောက်သော တရုတ်နှစ်သစ်ကူးအတွက် ရထားစီးနင်းကာ နေအိမ်ပြန်ခွင့်ရရှိစေမည် ဖြစ်သည်။

အဆိုပါ ဝန်ဆောင်မှု တိုးတက်လာခြင်းက ကမ္ဘာ့အကြီးဆုံး နှစ်စဉ် လူသားများရွှေ့ပြောင်းသွားလာကြရာတွင် လူအများအတွက် သက်သောင့်သက်သာဖြစ်ခြင်း၏ အရင်းအမြစ်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။ ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၁၃ ရက်အထိ ကြာမြင့်သည့် တရုတ်နိုင်ငံ၏ ၂၀၂၆ ခုနှစ် နွေဦးပွဲတော် ခရီးသွားရာသီ၌ ဒေသတွင်း ခရီးစဉ် ၉.၅ ဘီလီယံဖြင့် သမိုင်းစံချိန်တင်နိုင်မည်ဟု ခန့်မှန်ထားကြောင်း သိရသည်။

အချိန်မှန်ခြင်း၊ ဈေးနှုန်းသင့်တင့်ခြင်းနှင့် ရာသီဥတုဒဏ်ခံနိုင်ခြင်းများကြောင့် ခရီးသည်များ ပိုမိုနှစ်သက်ကြသည့် ရထားဖြင့်ခရီးသွားခြင်းမှာ ခရီးသည်ခရီးစဉ် သန်း ၅၄၀ ကိုင်တွယ်ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားကာ နေ့စဉ်ခရီးသွားလာမှုအမြင့်ဆုံးများအနေဖြင့် ယခင်စံချိန်အားလုံးကို ကျော်လွန်ခဲ့ကြောင်း သိရသည်။ China State Railway Group က လျှပ်စစ်ရထား (EMU) အသစ် ၂၅၁ စင်း ဖြန့်ကြက်ထားကာ ခရီးသွားလိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရန် လိုင်းအသစ် ၃,၁၀၉ ကီလိုမီတာအထိ ပြေးဆွဲနိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးအရှေ့ပိုင်းဘူတာရှိ China Railway Express (CRE) ရုံးတွင်လည်း အိမ်မွေးတိရစ္ဆာန် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းမှာ အချိန်ပြည့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိရသည်။ ဟန်ကျိုးမြို့မှ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းသို့ ၎င်း၏အိမ်မွေးတိရစ္ဆာန်ခွေးလေးကို သယ်ဆောင်မည့် ခရီးသည် မစ္စချန်းက ထဲထဲဝင်ဝင်လေ့လာစုံစမ်းပြီးနောက် အချိန် ၁၀ နာရီကြာမြင့်မည့်ခရီးအတွက် ရထားခရီးစဉ်ကိုပင် ရွေးချယ်ဖြစ်ခဲ့သည်။

“မြန်နှုန်းမြင့်ရထားက စိတ်ချရဆုံးရွေးချယ်မှုပါပဲ” ဟု ၎င်းက ပြောခဲ့သည်။ ရထားဖြင့်ခရီးသွားခြင်းက နိုင်ငံတစ်ဝန်းဖြတ်သန်းသွားမည့် ခရီးရှည်ကြီးတစ်လျှောက် ၎င်း၏ အိမ်မွေးတိရစ္ဆာန်လေးကို ခေါ်ဆောင်သွားရန် ရွေးချယ်စရာဖြစ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

အိမ်မွေးတိရစ္ဆာန်လေးများနှင့်အတူ ခရီးသွားမည့် ပိုင်ရှင်များအနေဖြင့် ရထားမထွက်ခွာမီ အနည်းဆုံး နှစ်နာရီ အရောက်လာရမည်ဖြစ်ကာ ၎င်းတို့၏ ကိုယ်ရေးမှတ်တမ်းအထောက်အထားများနှင့် တိရစ္ဆာန်ရောဂါကင်းရှင်းကြောင်း ထောက်ခံစာများ ယူဆောင်လာရမည်ဖြစ်သည်။ ထို့နောက် အထူးဒီဇိုင်းထုတ်လုပ်ထားသည့် သယ်ယူပို့ဆောင်ရေးသေတ္တာများအတွင်း အိမ်မွေးတိရစ္ဆာန်လေးများကို နေရာချကာ ရထားပေါ်ရှိ မြန်နှုန်းမြင့်ရထားဗီရိုငယ်များဖြင့် ထိန်းသိမ်းထားမည်ဖြစ်သည်။

“ခေတ်မီရေထုတ်ပေးတဲ့စက်တွေနဲ့ အရေးပေါ်လေသန့်စင်စနစ်တွေပါဝင်တဲ့ သေတ္တာတွေကို အဆင့်မြှင့်ထားပါတယ်။ ဝန်ထမ်းတွေကလည်း ခရီးစဉ်တစ်လျှောက်လုံး အပူချိန်၊ စိုထိုင်းမှုနဲ့ အောက်ဆီဂျင်အဆင့်တွေကို အချိန်နဲ့အမျှစောင့်ကြည့်နေတာဖြစ်ပါတယ်” ဟု ဘူတာရုံ၏ CRE ရုံး မန်နေဂျာ ဝမ်လင်က ပြောသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/bafY

……………………………………..
(English Version)
China expands rail pet transport as furry friends join Spring Festival rush
BEIJING, Feb. 14 (Xinhua) — For millions of Chinese pet owners, the Spring Festival reunion is no longer complete without the presence of their four-legged family members.
This year, notably, they have received very good news. A record 110 high-speed rail stations and 170 dedicated trains are now offering pet transport services — a significant leap from 54 trains previously. This expansion will allow many more companion animals to ride the rails home for the Chinese New Year, which falls on Feb. 17 this year.
This service growth has emerged as a source of relief for many amid the world’s largest annual human migration. China’s 2026 Spring Festival travel rush, which runs from Feb. 2 to March 13, is projected to see a historic 9.5 billion inter-regional trips.
Rail travel, favored because of its punctuality, moderate pricing and resilience to weather, is expected to handle 540 million passenger trips, with daily peaks surpassing all previous records. The China State Railway Group has deployed 251 new electric multiple units (EMU) and activated 3,109 km of new lines to meet surging demand.
At the China Railway Express (CRE) office in the Hangzhou East Station in east China’s Zhejiang Province, the pet transport service is in full swing.
Ms. Chen, a passenger transporting her pet dog from Hangzhou to Kunming, capital of the southwestern province of Yunnan, a 10-hour journey, chose rail travel after conducting extensive research.
“High-speed rail is the most reliable option,” she said. Of course, it also provides the option of taking her pet along on this long trek across the country.
Owners must arrive at least two hours before departure, and have to carry their ID documents and valid animal quarantine certificates. Pets are then placed in specially designed white transport boxes, which are stored in dedicated high-speed rail express lockers onboard.
“We’ve upgraded the containers with smart water dispensers and emergency ventilation systems,” said Wang Lin, manager of the station’s CRE office. “Our staff monitors temperature, humidity and oxygen levels in real time throughout the journey.” xhtxs.cn/bafY