Connect with us

China

ယွိမိုက်ကျေးရွာစု အသွင်အပြင်အသစ်

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆန်းနန် မြို့၊ လုံကျီခရိုင်ရှိ ယွိမိုက်ကျေးရွာစုကို ၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (အပေါ်ပုံ) ၊ ယွိမိုက်ကျေးရွာစုကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (အလယ်ပုံ)၊ ယွိမိုက်ကျေးရွာစုကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (အောက်ဆုံးပုံ) (ဆင်ဟွာ)

ဆန်းနန် (ရှီးဇန့်)၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆန်းနန်မြို့၊ လုံကျီခရိုင်ရှိ ယွိမိုက်ကျေးရွာစုသည် ဟိမဝန္တာတောင်တန်း၏ တောင်ဘက်တောင်ခြေတွင် တည်ရှိသည်။
မြင့်မားသောပင်လယ်ရေမျက်နှာပြင်၊ အေးခဲသောရာသီဥတုနှင့် ကြမ်းတမ်းသော သဘာဝပတ်ဝန်းကျင်ကြောင့် စန်းကျယ်ချွီပါနှင့် ၎င်း၏သမီးဖြစ်သူ ကျော်ဂါ၊ ယန်းကျုံးတို့ သုံးဦးသာ ကာလကြာရှည် နေထိုင်ခဲ့ကြရာ “သုံးဦးကျေးရွာစု” ဟုလည်း တစ်ချိန်က ခေါ်ဝေါ်ခဲ့ကြသည်။ ယခုအခါ ချောမွေ့သော ကတ္တရာလမ်းများနှင့် အိမ်တိုင်းတွင် မီးလျှပ်စစ်ပြတ်တောက်မှုမရှိဘဲ အသုံးပြုနိုင်လာပြီဖြစ်သဖြင့် နှင်းထူထပ်၍ လမ်းပိတ်ခြင်းနှင့် လျှပ်စစ်မီးသုံးရန်အခက်အခဲများကို အပြီးတိုင် ဖယ်ရှားနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ဒေသခံများက ခရီးသွားဧည့်သည်အကြိမ်ရေ ၁၂,၀၀၀ ကျော်ကို လက်ခံခဲ့ပြီး မိသားစုဧည့်ဂေဟာများမှ ဝင်ငွေမှာ ယွမ် ၂၈၄,၂၀၀ ကျော်အထိ ရရှိခဲ့သည်။

ယနေ့ ယွိမိုက်ကျေးရွာစုတွင် နေအိမ်အဆောက်အအုံများ သပ်ရပ်စွာ တန်းစီတည်ရှိနေပြီး ရေနုတ်မြောင်းများ၊ ဆက်သွယ်ရေး စသည့် အထောက်အကူပြု အဆောက်အအုံများ အပြည့်အစုံ ရှိသည်။ စာသင်ကျောင်းများ၊ ဆေးခန်းများနှင့် ဟိုတယ်များ ပေါ်ပေါက်လာခဲ့ပြီး ရွာသူရွာသားများသည် မိသားစုတည်းခိုခန်းများ၊ စတိုးဆိုင်ငယ်များနှင့် အမြန်အချောပို့ဂိတ်များကို ဖွင့်လှစ်ထားခြင်းကြောင့် ပျော်ရွှင်သောနေလူမှုဘဝနှင့် လက်လှမ်းမီနိုင်စေသည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆန်းနန်မြို့၊ လုံကျီခရိုင်ရှိ ယွိမိုက်ကျေးရွာစုမှ ရွာသူရွာသားများ ရွာထဲတွင် အပန်းဖြေလမ်းလျှောက်ထွက်နေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………….
(Chinese Version)
新春走基层|玉麦新颜(1)
新华社照片,山南(西藏),2026年2月6日
西藏自治区山南市隆子县玉麦乡位于喜马拉雅山脉南麓,因高寒险峻的自然环境,曾长期只有桑杰曲巴与女儿卓嘎、央宗三人居住,因此也一度被称作“三人乡”。如今,畅通的柏油路与家家户户的长明电让玉麦乡彻底告别大雪封山和用电难题。2025年,当地接待游客1.2万余人次,家庭旅馆收入达28.42万余元。
今天的玉麦,民居整齐排列,排水、通讯等配套设施一应俱全。学校、卫生院、酒店拔地而起,村民们开起家庭旅馆、小卖部、快递站,幸福生活触手可及。
图说1:拼版照片:上图是2003年10月26日拍摄的玉麦乡(新华社记者索朗罗布摄);中图是2017年10月31日拍摄的玉麦乡(新华社记者普布扎西摄);下图是2026年2月5日拍摄的玉麦乡(无人机照片,新华社记者丁增尼达摄)。
图说2:2月5日,玉麦乡村民在村里散步。新华社记者 丁增尼达 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.