Africa & Middle East
အာဖဂန်နိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး တိုးတက်ရေး ကုလသမဂ္ဂ ဆိုင်ရာ တရုတ်နိုင်ငံ သံတမန်က တိုက်တွန်း
ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)
အာဖဂန်နစ္စတန် နိုင်ငံတွင် တာလီဘန်များအား ညှိနှိုင်း ဆွေးနွေးရေး စကားဝိုင်း သို့ပြန်လည် လာရောက်ကြရန် အားပေး ကြခြင်းဖြင့် အာဖဂန်၏ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် နိုင်ငံတကာ အသိုက်အဝန်းမှ ကူညီကြရန် ကုလ သမဂ္ဂ ဆိုင်ရာ တရုတ်နိုင်ငံ သံတမန်က တိုက်တွန်း ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန် နိုင်ငံ အစိုးရက မကြာသေးမီက တာလီဘန်များနှင့် အစိုးရ၏ညှိနှိုင်းဆွေးနွေးမှု အဖွဲ့တို့ ခြွင်းချက်မရှိ ဆွေးနွေးမှုများအား နောက်တစ်ကြိမ် ပြုလုပ်သွားရန် တောင်းဆိုခဲ့ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ တရုတ် နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် မာကျောင်းရွှီ(Ma Zhaoxu) က ဒီဇင်ဘာ ၁၇ ရက်တွင် ပြုလုပ်သော လုံခြုံရေး ကောင်စီက ပြောကြားခဲ့သည်။
အာဖဂန် နစ္စတန် နိုင်ငံ လုံခြုံရေး ပိုမို ကောင်းမွန်ရန် ကူညီကြရေး အတွက် နိုင်ငံတကာ အသိုက်အဝန်းကိုလည်း မာကျောင်းရွှီ က ပြောကြားခဲ့သည်။
အာဖဂန် နစ္စတန် နိုင်ငံရေး တည်ငြိမ်မှု ဆက်လက် ထိန်းသိမ်းနိုင်ရန် အားထုတ် ကြရေး အတွက်လည်း ၎င်းက တောင်းဆိုခဲ့သည်။(Xinhua)