Latin America
မက္ကဆီကို မူးယစ်ရာဇာ စစ်တပ်၏ ဖမ်းဆီးရေးလှုပ်ရှားမှုအတွင်း ဒဏ်ရာရ သေဆုံး
မက္ကဆီကို စီးတီး၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
မက္ကဆီကို လက်နက်ကိုင်တပ်ဖွဲ့များက ဖေဖော်ဝါရီ ၂၂ ရက်တွင် ဂျလစ်စကိုပြည်နယ်၊ Tapalpa မြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ပစ်မှတ်ထားသော ဖမ်းဆီးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း “ဂျလစ်စကို မျိုးဆက်သစ်” မူးယစ်ဂိုဏ်း၏ ခေါင်းဆောင် Nemesio Oseguera Cervantes သည် ဖမ်းဆီးမှုကို ခုခံရာတွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဌာန၏ ထိုနေ့ ထုတ်ပြန်ချက်အရ သိရသည်။
လှုပ်ရှားမှု လုပ်ဆောင်ပြီးနောက် ဂျလစ်စကိုပြည်နယ်နှင့် ၎င်းအိမ်နီးချင်းဖြစ်သော Michoacán ၊ ကိုလီမာနှင့် Guanajuato စသည့် ပြည်နယ်အများအပြားတွင် လမ်းပိတ်ဆို့မှုများနှင့် မော်တော်ယာဉ်မီးရှို့မှုများ စသည့်အကြမ်းဖက်မှုလုပ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။ ဤအကြမ်းဖက်လုပ်ရပ်များသည် မူးယစ်ဆေးဝါးဂိုဏ်းများက စစ်တပ်၏ လှုပ်ရှားမှုများအပေါ် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ဒေသခံမီဒီယာများက ယူဆကြသည်။ (Xinhua)

မက္ကဆီကိုနိုင်ငံ ဂျလစ်စကိုပြည်နယ် မြို့တော် Guadalajara တွင် လမ်းမပေါ်၌ မီးရှို့ခံရသော မော်တော်ကားဘေးတွင် တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်အား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


………………………
(Chinese Version)
墨西哥毒枭在军方抓捕行动中受伤身亡
新华社照片,墨西哥城,2026年2月23日
据墨西哥国防部22日通报,墨西哥武装部队当天在哈利斯科州塔帕尔帕市针对毒贩开展抓捕行动,“哈利斯科州新生代”贩毒集团头目内梅西奥·奥塞格拉·塞万提斯拒捕受伤,在送医途中身亡。行动开展后,哈利斯科州及其邻近的米却肯、科利马、瓜纳华托等多个州出现道路封锁和车辆遭焚等暴力行为。当地媒体认为,这些暴力行为是贩毒集团对军方行动的报复。
图说1:这是2月22日在墨西哥哈利斯科州首府瓜达拉哈拉拍摄的超市外被焚烧的汽车残骸。新华社发(迪亚娜·马克斯摄)
图说2:2月22日,在墨西哥哈利斯科州首府瓜达拉哈拉,警察在街头被焚烧的汽车旁警戒。新华社发(迪亚娜·马克斯摄)
