Africa & Middle East
နိုင်ငံအများအပြားက လူပုဂ္ဂိုလ် ခေါ်ယူရွှေ့ပြောင်းခြင်း၊ လေယာဉ်တင်သင်္ဘော အစ္စရေးသို့ ရောက်ရှိလာခြင်းနှင့်အတူ အမေရိကန်-အီရန် စစ်ပွဲအန္တရာယ် တစ်ဟုန်ထိုး မြင့်တက်လာ
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေးနိုင်ငံရှိ ၎င်းတို့၏ သံတမန်အဖွဲ့ဝင်များအနက် အရေးပေါ် မဖြစ်မနေမဟုတ်သည့် ဝန်ထမ်းများနှင့် မိသားစုဝင်များအား အစ္စရေးမှ ထွက်ခွာခွင့်ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် အတည်ပြုပေးခဲ့သည်။ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mike Huckabee က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် အစ္စရေးမှ ထွက်ခွာလိုပါက “ယနေ့တွင်ပင် မဖြစ်မနေ ထွက်ခွာရန်” အလေးအနက် တိုက်တွန်းပြောကြားခဲ့သည်။ ကနေဒါ စသည့် နိုင်ငံများကလည်း ၎င်းတို့၏ နိုင်ငံသားများအား အီရန်နိုင်ငံမှ ချက်ချင်းထွက်ခွာကြရန် မကြာသေးမီရက်ပိုင်းအတွင်း အသီးသီး အကြံပြုထားကြသည်။ အမေရိကန်၏ အကြီးဆုံး လေယာဉ်တင်သင်္ဘောဖြစ်သော “Gerald R. Ford” သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် အစ္စရေးသို့ ဆိုက်ရောက်လာခြင်းနှင့်အတူ အမေရိကန်-အီရန်အကြား စစ်ပွဲအန္တရာယ်မှာ တစ်ဟုန်ထိုး မြင့်တက်လာလျက်ရှိကြောင်း လေ့လာစောင့်ကြည့်သူများက ယူဆကြသည်။
အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဖေဖော်ဝါရီ ၂၇ ရက်က ၎င်း၏တရားဝင်ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ခဲ့ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အရေးပေါ်မဖြစ်မနေမဟုတ်သော ဝန်ထမ်းများအား အစ္စရေးမှ ထွက်ခွာခွင့်ပြုလိုက်ခြင်းမှာ “လုံခြုံရေးအန္တရာယ်ကို ထည့်သွင်းစဉ်းစားခြင်းကြောင့်” ဖြစ်သည်ဟု ဖော်ပြထားသည်။ သက်ဆိုင်ရာဝန်ထမ်းများအနေဖြင့် “စီးပွားဖြစ်လေကြောင်းလိုင်းများကို လိုက်ပါစီးနင်းနိုင်သေးသည့်အချိန်တွင် အစ္စရေးမှ ထွက်ခွာခြင်းကို စဉ်းစားကြရန်” သံရုံးက အကြံပြုထားသည်။ လုံခြုံရေးဆိုင်ရာ ဖြစ်ရပ်များကို တုံ့ပြန်ဆောင်ရွက်ရန်နှင့် ကြိုတင်အကြောင်းကြားခြင်း မရှိသည့်အခြေအနေတွင် အမေရိကန်သံရုံးသည် အမေရိကန်အစိုးရဝန်ထမ်းများနှင့် မိသားစုဝင်များအား အစ္စရေးနိုင်ငံ၏ အချို့သောဒေသများ၊ ဂျေရုဆလမ်မြို့ဟောင်းနှင့် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း ဒေသများသို့ သွားလာခြင်းကို ပို၍ ကန့်သတ်ခြင်း သို့မဟုတ် တားမြစ်ခြင်းများ ပြုလုပ်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mike Huckabee က သံရုံးနှင့် ကောင်စစ်ဝန်ရုံးဝန်ထမ်းများထံ ပေးပို့သော အီးမေးလ်တွင် အရေးပေါ် မဖြစ်မနေမဟုတ်သော ဝန်ထမ်းများအား အစ္စရေးနိုင်ငံအတွင်းမှ ထွက်ခွာရန် အကြံပြုချက်သည် “ထိုနေ့အတွက် လေယာဉ်လက်မှတ် ဝယ်လိုအားကို များစွာ မြင့်တက်လာစေနိုင်ကြောင်း” ဖော်ပြထားသည်။ သက်ဆိုင်ရာ ဝန်ထမ်းများအနေဖြင့် အစ္စရေးမှ အမြန်ဆုံး ထွက်ခွာနိုင်ရေးကို ဦးစွာဆောင်ရွက်ကြရန်နှင့် “အရေးကြီးသည်မှာ အစ္စရေးမှ လျင်မြန်စွာ ထွက်ခွာရန် ဖြစ်ကြောင်း”၊ ထို့နောက်မှ နောက်ဆက်တွဲ ခရီးစဉ်များကို ထပ်မံစီစဉ်ကြရန် ၎င်းက အကြံပြုထားသည်။
တစ်ချိန်တည်းမှာပင် ဆော်ဒီအာရေဗျနိုင်ငံ Al Arabiya ရုပ်သံဌာနက ဖေဖော်ဝါရီ ၂၇ ရက်တွင် လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်များကို ကိုးကား၍ သတင်းထုတ်ပြန်ခဲ့ရာ လွန်ခဲ့သော ၂၄ နာရီအတွင်း အမေရိကန်နိုင်ငံသား အများအပြားသည် ဘဂ္ဂဒက်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် အီရတ်နိုင်ငံအတွင်းမှ ထွက်ခွာသွားကြပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ဒေသတွင်း အခြေအနေတင်းမာမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် ကနေဒါ၊ အိန္ဒိယ စသည့်နိုင်ငံများက ၎င်းတို့၏ နိုင်ငံသားများအား အီရန်နိုင်ငံမှ ချက်ချင်းထွက်ခွာကြရန် ထပ်မံအကြံပြုထားကြသည်။ ကနေဒါအစိုးရက ဖေဖော်ဝါရီ ၂၆ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်ကာ “ဒေသတွင်း အခြေအနေတင်းမာမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် ရန်လို တိုက်ခိုက်မှုများသည် ကြိုတင်သတိပေးမှု မရှိသလောက်ဖြစ်သည့် အခြေအနေမျိုးတွင် ဖြစ်ပွားလာနိုင်ကြောင်း၊ ထို့ကြောင့် ဘေးကင်းလုံခြုံ၍ လုပ်ဆောင်နိုင်သည့် အခြေအနေရှိပါက အီရန်နိုင်ငံမှ ချက်ချင်းထွက်ခွာကြရန်” ဖော်ပြထားသည်။ ကနေဒါအစိုးရသည် ဖေဖော်ဝါရီ ၄ ရက်ကလည်း လုံခြုံရေးဆိုင်ရာ ခရီးသွားလာမှု သတိပေးချက်ကို ထုတ်ပြန်ခဲ့ဖူးပြီး ၎င်းတို့၏ နိုင်ငံသားများအား အီရန်သို့ သွားရောက်ခြင်းကို ရှောင်ကြဉ်ရန်နှင့် အီရန်ရှိ ကနေဒါနိုင်ငံသားများအနေဖြင့် ချက်ချင်းထွက်ခွာရန် တောင်းဆိုခဲ့သည်။
လက်ရှိ အီရန်၌ ရောက်ရှိနေသော အိန္ဒိယနိုင်ငံသားများအနေဖြင့် ဖြစ်နိုင်ခြေရှိသော သယ်ယူပို့ဆောင်ရေး နည်းလမ်းအားလုံးကို အသုံးပြု၍ အမြန်ဆုံး ထွက်ခွာကြရန် အီရန်နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကလည်း ဖေဖော်ဝါရီ ၂၃ ရက်တွင် အကြံပြုခဲ့သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၄ ရက်တွင်ပင် ခရီးသွားလာမှု သတိပေးချက်ကို ထုတ်ပြန်ခဲ့ဖူးပြီး အိန္ဒိယနိုင်ငံသားများအနေဖြင့် အီရန်သို့ သွားရောက်ခြင်းကို ရှောင်ကြဉ်ရန် အကြံပြုထားသည်။
အမေရိကန်ဘက်ကလည်း လတ်တလောကာလများတွင် အီရန်အပေါ် စစ်ရေးအရ ဖိအားပေးမှုများကို ဆက်တိုက်လုပ်ဆောင်လာပြီး အရှေ့အလယ်ပိုင်းဒေသသို့ စစ်အင်အားများ တိုးမြှင့်စေလွှတ်လျက်ရှိသည်။ အမေရိကန်နှင့် အီရန်တို့အနေဖြင့် လာမည့်သီတင်းပတ်တွင် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း၊ သို့သော် အရှေ့အလယ်ပိုင်းတွင် အမေရိကန်က တိုက်လေယာဉ်နှင့် စစ်သင်္ဘောအုပ်စု အမြောက်အမြားကို စုစည်းထားခြင်းနှင့်အတူ နှစ်နိုင်ငံအကြား စစ်ပွဲအန္တရာယ်မှာ နီးကပ်လာနေပြီ ဖြစ်ကြောင်း အေပီ သတင်းဌာန၏ သတင်းက ယူဆသည်။
ရိုက်တာသတင်းဌာန၏ ဖေဖော်ဝါရီ ၂၇ ရက် သတင်းများအရ အမေရိကန်လေယာဉ်တင်သင်္ဘော “Gerald R. Ford” သည် ထိုနေ့တွင် အစ္စရေးသို့ ဆိုက်ရောက်လာခဲ့ကြောင်း၊ ၎င်းမှာ အမေရိကန်စစ်တပ်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် “Gerald R. Ford” နှင့် “Abraham Lincoln” ဟူသော လေယာဉ်တင်သင်္ဘော နှစ်စင်းကို တစ်ပြိုင်နက်တည်း ဖြန့်ကြက်ချထားလိုက်သည့် အဓိပ္ပာယ်ပင်ဖြစ်ကြောင်း သိရသည်။ အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ “Gerald R. Ford” လေယာဉ်တင်သင်္ဘောသည် အစ္စရေးမြောက်ပိုင်းရှိ ဟိုင်ဖာဒေသအနီးတွင် ဆိုက်ကပ်ထားမည်ဖြစ်ကြောင်း သိရသည်။
“Gerald R. Ford” လေယာဉ်တင်သင်္ဘော၏ သန့်ရှင်းရေးစနစ် ဆိုးရွားစွာ ချို့ယွင်းနေသည်ဟူသော သတင်းများနှင့် ပတ်သက်၍ အမေရိကန်ရေတပ်က ငြင်းဆိုထားသည်။ အမေရိကန်ရေတပ်၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်မှာ အဆိုပါသင်္ဘော၏ သက်ဆိုင်ရာစနစ်များသည် “သတ်မှတ်ထားသော စံညွှန်းဘောင်အတွင်းတွင် ပုံမှန်လည်ပတ်နေကြောင်း”၊ စစ်ပွဲအသင့်အနေအထားနှင့် တာဝန်ထမ်းဆောင်နိုင်စွမ်းတို့အပေါ် သက်ရောက်မှုမရှိကြောင်း ဖော်ပြထားသည်။ “အိမ်သာပိတ်ဆို့မှုဖြစ်စဉ်ကို လေ့ကျင့်ထားသော သက်ဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများက အချိန်တိုအတွင်းတွင်ပင် လျင်မြန်စွာ ဖြေရှင်းနိုင်ခဲ့ကြောင်း၊ ပိတ်ဆို့မှုဖြစ်ပွားသည့်အချိန်သည် အလွန်တိုတောင်းကြောင်း” ၎င်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အခြား အစ္စရေးမီဒီယာများ၏ သတင်းဖော်ပြချက်အရ အမေရိကန်စစ်တပ်၏ ဆီဖြည့်လေယာဉ် ၆ စင်းသည် ဖေဖော်ဝါရီ ၂၆ ရက်တွင် အမေရိကန်ပြည်တွင်းမှ အစ္စရေးနိုင်ငံ Tel Aviv မြို့အနီးရှိ Ben Gurion လေဆိပ်သို့ ဦးတည်ထွက်ခွာလာခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၇ ရက်အထိတွင် အမေရိကန်စစ်တပ်သည် အစ္စရေးနိုင်ငံ၌ ဆီဖြည့်လေယာဉ် အစင်း ၂၀ နီးပါး ဖြန့်ကြက်ချထားပြီးဖြစ်ကြောင်း သိရသည်။
အမေရိကန်၏ မည်သည့်ကျူးကျော်မှုကိုမဆို “ပျက်သုဉ်းအောင် ချေမှုန်းမှု” ဖြင့် ပြန်လည်တုံ့ပြန်သွားမည်ဟု အီရန်စစ်တပ်ဘက်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ အီရန် Mehr သတင်းဌာနက အီရန်လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် Shekarchi ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့ရာတွင် အမေရိကန်၏ မည်သည့်ရန်စသည့် လုပ်ရပ်မဆို အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ “ပြတ်ပြတ်သားသား ပျက်သုဉ်းအောင် ချေမှုန်း” သည့် တုံ့ပြန်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် အမေရိကန်စစ်တပ်နှင့် အစ္စရေးတို့၏ ဒေသတွင်းရှိ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး အပြည့်အဝ ပြင်ဆင်ထားကြောင်း Shekarchi က ပြောကြားခဲ့သည်။ ယင်းဒေသတွင်း အမေရိကန်စစ်တပ် တည်ရှိမှုသည် “စိတ်ဓာတ်စစ်ဆင်ရေး၊ ခြိမ်းခြောက်ငွေညှစ်မှုနှင့် အနိုင်ကျင့်ဗိုလ်ကျမှု” တို့၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့က စစ်လိုလားသူများမဟုတ်သလို စစ်ကိုလည်း မကြောက်ရွံ့ပါဘူး။ ကျွန်တော်တို့ရဲ့ နိုင်ငံနဲ့ အီရန်ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ပြတ်ပြတ်သားသား ကာကွယ်သွားမှာ ဖြစ်တယ်” ၊ ဆင်ခြင်မဲ့ပြုလုပ်သည့် မည်သည့်လုပ်ရပ်မဆို ယင်းဒေသတွင်း၌ အကြီးစားပဋိပက္ခများကို ဖြစ်ပွားစေမည်ဖြစ်ပြီး ယခင်က မရှိဖူးသေးသော ပြင်းထန်သည့် တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။ (Xinhua)

အီရန်နိုင်ငံ တီဟီရန်မြို့ အိန်ဂျလက်ဘ် ရင်ပြင်ရှိ အီရန်နိုင်ငံအလံပုံကြီးအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
多国撤人、航母抵以 美伊战争风险急剧升高
新华社北京2月27日电 综合新华社驻外记者报道:美国国务院27日批准其驻以色列使团非紧急必要人员及其家属撤离以色列。美国驻以大使赫卡比就此表示,如要离开以色列,务必“今天离开”。加拿大等国近日纷纷建议本国公民立即离开伊朗。随着美军最大航母“福特”号27日抵达以色列,观察人士认为,美伊战争风险急剧升高。
美国驻以色列大使馆27日在其官网发布消息说,美国国务院批准从以色列撤离非紧急必要人员是“出于安全风险考虑”。使馆建议相关人员“在仍有商业航班可搭乘时考虑离开以色列”。消息说,为应对安全事件,且在未提前通知的情况下,美国大使馆可能会进一步限制或禁止美国政府雇员及其家属前往以色列部分地区、耶路撒冷老城及约旦河西岸地区。
美国驻以大使赫卡比向使领馆人员发邮件说,建议非紧急必要人员离境的举措“可能导致当天机票需求大幅上升”。他建议相关人员先尽快离境,“重点是迅速离开以色列”,随后再安排后续行程。
与此同时,沙特阿拉比亚电视台27日援引安全部门人士的话说,大量美国公民在过去24小时内经巴格达国际机场离开伊拉克。
鉴于地区局势持续紧张,加拿大、印度等国再次建议本国公民立即撤离伊朗。加拿大政府26日在社交媒体发文:“由于地区局势持续紧张,敌对行动可能在几乎没有预警的情况下发生。请在安全可行情况下立即离开伊朗。”加拿大政府曾于2月4日发布安全旅行提示,要求其公民避免前往伊朗,在伊朗的加拿大公民应立即离开。
印度驻伊朗大使馆23日建议目前在伊朗的印度公民通过一切可行交通方式尽快离开。印度外交部1月14日就曾发布旅行警告,建议印度公民避免前往伊朗。
美方近期持续对伊朗施加军事压力,向中东增兵。美联社报道认为,虽然美伊同意下周继续谈判,但随着美国在中东集结庞大战机与战舰群,两国发生战争的风险正在“迫近”。
据路透社27日报道,美军“福特”号航母当天抵达以色列。这意味着美军在中东地区同时部署了“福特”号和“林肯”号两艘航母。据以色列媒体报道,“福特”号将停靠在以色列北部的海法一带。
对于“福特”号卫生系统出现严重故障的报道,美国海军予以否认。美海军在一份声明中说,该舰相关系统“在预期参数范围内运行”,未对战备状态和任务执行能力造成影响。“马桶堵塞事件被训练有素的相关人员迅速解决,堵塞时间极短。”
另据以色列媒体报道,美军6架加油机26日从美国本土起飞,前往以色列特拉维夫市附近的本-古里安机场。截至27日,美军已在以色列部署近20架加油机。
伊朗军方27日表示,将对美国的任何侵略行为予以“毁灭性”回应。伊朗迈赫尔通讯社援引伊朗武装部队总参谋部发言人谢卡尔希的话报道说,美国的任何挑衅行为都将遭到伊朗武装部队“果断且毁灭性”的回击。
谢卡尔希说,伊朗武装部队正严密监控美军和以色列在该地区的动向,并做好充分准备。他说,美军在该地区的存在是“心理战、讹诈和霸凌”的一部分。他强调,“我们不是好战分子,也不惧怕战争,我们将坚决捍卫我们的国家和伊朗人民的利益”,任何鲁莽的举动都将在该地区引发大规模冲突,并招致前所未有的强烈反应。(完)
1. This photo taken on Feb. 20, 2026 shows a city view of Tehran, Iran. (Xinhua/Shadati)
2. A giant banner is seen at Enghelab Square in Tehran, Iran, Jan. 15, 2026. (Xinhua)
