Connect with us

Africa & Middle East

အမေရိကန်များအတွက် “အံ့အားသင့်ဖွယ် များစွာ ပြင်ဆင်ထားတယ်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အီရန်နိုင်ငံ မြို့တော် တီဟီရန်ရှိ တော်လှန်ရေးရင်ပြင်တွင် အီရန် ထိပ်တန်းခေါင်းဆောင်အသစ် မို့ချ်တာဘာ ခါမေနီ အပေါ် သစ္စာတည်ကြောင်း လူထု စုဝေး၍ ဆန္ဒဖော်ထုတ်နေသည်ကို ၂၀၂၆ ခုနှစ် မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)
အီရန်စီးပွားရေးကို ဖျက်ဆီးမည့် အမေရိကန်၏ ကြံရွယ်မှုကို ရင်ဆိုင်တုံ့ပြန်ရန် အီရန်အနေဖြင့် အသင့်ပြင်ထားပြီး ဖြစ်သလို အမေရိကန်များအတွက် “အံ့အားသင့်ဖွယ်များစွာ ပြင်ဆင်ထားတယ်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။

အာရက်ဂ်ချီက လူမှုကွန်ရက် မီဒီယာတွင် ပို့စ်တင်ကာ အမေရိကန်စစ်တပ်၏ “မော်ကွန်းတင် အမျက်ဒေါသ” ဟု အမည်ပေးထားသည့် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုကို “မော်ကွန်းတင် မှားယွင်းသော လှုပ်ရှားမှု” အဖြစ် ပြောဆိုခဲ့ပြီး ယင်းစစ်ရေးကျူးကျော်မှုသည် နိုင်ငံတကာ စွမ်းအင်နှင့် ကုန်စည်ဈေးနှုန်းများကို “လက်ခံနိုင်စွမ်းမရှိသည့်အဆင့်” ဆီသို့ တွန်းပို့လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်က အီရန်၏ ရေနံနှင့် နျူကလီးယားအဆောက်အဦများကို တိုက်ခိုက်ရန် လျှို့ဝှက်ကြံစည်လျက်ရှိကြောင်း၊ ယင်းသို့လုပ်ဆောင်ခြင်းဖြင့် အမေရိကန်ပြည်တွင်း ငွေကြေးဖောင်းပွမှု၏ ရိုက်ခတ်သည့်ဒဏ်ကို တားဆီးရန် ကြံရွယ်ခြင်း ဖြစ်ကြောင်း အာရက်ဂ်ချီက ပြောကြားခဲ့သည်။

ထို့အတွက် အီရန်အနေဖြင့် အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်ကြောင်း၊ “ဒါ့အပြင် ကျုပ်တို့က အံ့အားသင့်ဖွယ်များစွာလည်း ပြင်ဆင်ထားတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေးသည် ဖေဖော်ဝါရီ ၂၈ ရက်က အီရန်အပေါ် အကြီးအကျယ် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ရာ အီရန်က အစ္စရေးနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် စစ်အခြေစိုက်စခန်း စသည့်ပစ်မှတ်များကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။
အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားခြင်း မရှိသော်လည်း အမေရိကန် သို့မဟုတ် အစ္စရေးနှင့်သက်ဆိုင်သော ရေယာဉ်သင်္ဘောအားလုံးမှာ အီရန်၏ တိုက်ခိုက်ရေးပစ်မှတ်ဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် အဆင့်မြင့်စစ်တပ်အရာရှိတစ်ဦးက မကြာမီရက်ပိုင်းက ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
伊朗外长:伊朗给美国人“准备了许多惊喜”
新华社德黑兰3月9日电(记者沙达提 段敏夫)伊朗外交部长阿拉格齐9日表示,伊朗已准备好应对美国旨在破坏伊朗经济的阴谋,并给美国人“准备了许多惊喜”。
阿拉格齐在社交媒体发文,把美军代号“史诗怒火”的对伊朗军事行动称为“史诗级错误行动”,说这场军事侵略已然将国际能源和大宗商品价格推至“难以承受的水平”。
阿拉格齐称,美国正密谋袭击伊朗的石油和核设施,企图以此遏制美国国内巨大的通胀冲击。他说,伊朗已对此做好充分准备,“而且,我们也准备了许多惊喜”。
美国和以色列2月28日对伊朗发起大规模军事行动,伊朗对以色列和中东地区的美军基地等目标发起还击。伊朗伊斯兰革命卫队高级军官日前表示,伊朗“并未关闭”霍尔木兹海峡,但任何属于美国或以色列的船只都将成为伊方打击目标。(完)
图说:3月9日,在伊朗首都德黑兰革命广场,民众参加集会表达对伊朗新任最高领袖穆杰塔巴·哈梅内伊的忠诚。新华社记者 沙达提 摄