International Organizations
အရေးပေါ်အတွက် အရန်သိုလှောင်ထားသော ရေနံများ မကြာမီတွင် ဈေးကွက်သို့ ဖြန့်ဖြူးတော့မည်ဟု အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ဆို
ပဲရစ်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
လက်ရှိ နိုင်ငံတကာ ရေနံ ထောက်ပံ့ရေး တင်းမာမှုအခြေအနေကို ဖြေလျှော့ရန် အဖွဲ့ဝင်နိုင်ငံများ၏ အရေးပေါ် အရန်သိုလှောင်ထားသော ရေနံများကို မကြာမီတွင် ဈေးကွက်သို့ ဖြန့်ဖြူးပေးမည်ဟု အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က မတ် ၁၅ ရက်တွင် သတင်းထုတ်ပြန်၍ ပြောကြားခဲ့သည်။
အဖွဲ့ဝင်နိုင်ငံ အသီးသီးသည် IEA ထံ အသေးစိတ်အကောင်အထည်ဖော်ဆောင်မှုအစီအစဉ်ကို တင်ပြခဲ့ပြီးဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ အာရှနှင့် အိုရှင်းနီးယား အဖွဲ့ဝင်နိုင်ငံများက အရန်သိုလှောင်ထားသော ရေနံများကို ဦးစွာ ဖြန့်ဖြူးပေးမည်ဖြစ်ပြီး အမေရိကနှင့် ဥရောပမှ အဖွဲ့ဝင်နိုင်ငံများ၏ အရန်သိုလှောင်ထားသော ရေနံများကို မတ်လနှောင်းပိုင်းမှစ၍ ဈေးကွက်သို့ ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံက မဟာဗျူဟာမြောက် အရန်သိုလှောင်ထားသော ရေနံစည် သန်း ၄၀၀ ကို ဖြန့်ဖြူးရန် တညီတညွတ်တည်း သဘောတူညီခဲ့ကြကြောင်း ယင်းမတိုင်မီ IEA က ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။ ယင်းအနက် စည်ပေါင်း ၂၇၁.၇ သန်းသည် အဖွဲ့ဝင်နိုင်ငံအစိုးရ အရန်သိုလှောင်ထားသော ရေနံများဖြစ်ပြီး၊ စည်ပေါင်း ၁၁၆.၆ သန်းသည် စက်မှုလုပ်ငန်းများမှ ဖြစ်ကြောင်း၊ ထို့အပြင် စည်ပေါင်း ၂၃.၆ သန်းသည် အခြားအရင်းအမြစ်များမှ ရရှိမည်ဖြစ်ကြောင်း၊ ဖြန့်ဖြူးရန် စီစဉ်ထားသော ရေနံများအနက် ၇၂ ရာခိုင်နှုန်းခန့်သည် ရေနံစိမ်းဖြစ်ပြီး ၂၈ ရာခိုင်နှုန်းမှာ သန့်စင်ပြီးသော ရေနံထွက်ကုန်များဖြစ်ကြောင်း နောက်ဆုံးရရှိသော အချက်အလက်များအရ သိရသည်။
ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးကွက်သည် သမိုင်းတွင် အပြင်းထန်ဆုံးသော ထောက်ပံ့ရေး ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ဤ အရေးပေါ် စုပေါင်းလှုပ်ရှားမှုသည် ယနေ့တိုင် ပမာဏအားဖြင့် အကြီးဆုံးဖြစ်ပြီး ဈေးကွက်အတွက် အရေးပါသော ကြားခံပြေလျော့မှုအဖြစ် ပံ့ပိုးပေးခဲ့ကြောင်း၊ သို့သော် ကုန်သွယ်ရေးစီးဆင်းမှုကို အမှန်တကယ် တည်ငြိမ်လိုပါက အဓိကသော့ချက်မှာ ဟော်မုဇ်ရေလက်ကြားတွင် ပုံမှန် ရေကြောင်းသွားလာမှု ပြန်လည်ထူထောင်ရေးပင်ဖြစ်ကြောင်း၊ ယင်းအနက် အာမခံယန္တရား ပြည့်စုံကောင်းမွန်စေပြီး သင်္ဘောများ ဘေးကင်ရေးကို အားကောင်းစွာ အကာအကွယ်ပေးခြင်းက ကုန်သွယ်ရေးစီးဆင်းမှု ပြန်လည်ထူထောင်ရေးကို မြှင့်တင်ပေးသော အဓိကသော့ချက်ဖြစ်ကြောင်း IEA က ထောက်ပြခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
国际能源署:紧急石油储备将很快投放市场
新华社巴黎3月15日电(记者崔可欣)国际能源署15日发布新闻公报称,成员国紧急石油储备将很快投放市场,以缓解当前国际石油供应紧张局势。
公报说,各成员国已向国际能源署提交具体实施方案。根据安排,亚洲和大洋洲成员国将率先释放储备,美洲和欧洲成员国的石油库存则将从3月底起陆续投放市场。
国际能源署此前发表声明称,32个成员国一致同意释放4亿桶战略石油储备。最新数据显示,其中2.717亿桶来自成员国政府储备,1.166亿桶来自行业储备,并有2360万桶来自其他渠道。计划释放的石油中,约72%为原油,28%为成品油。
国际能源署指出,全球石油市场正面临史上最严重的供应梗阻,这项紧急集体行动是迄今规模最大的一次,为市场提供了重要缓冲。但要真正恢复贸易流动稳定,关键仍在于恢复霍尔木兹海峡的正常航运。其中,完善保险机制并加强对船舶的安全保护,是推动贸易流动恢复的关键。(完)
图说:3月9日,在德国首都柏林,一辆货车驶出加油站。新华社记者 张豪夫 摄
