Africa & Middle East
ကင်ညာ နိုင်ငံ အစိုးရ က Al-Shabaab လက်နက်ကိုင် အဖွဲ့ဝင် ၇ ဦး အား ပစ်ခတ်ရှင်းလင်း
နိုင်ရိုဘီ ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
ကင်ညာ နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ ထုတ်ပြန်ကြေညာချက်အရ အစိုးရ တပ်ဖွဲ့ အနေဖြင့် ဇန်နဝါရီ ၁ ရက် တွင် ဆိုမာလီ နိုင်ငံ မြောက်ပိုင်းဒေသ ၌ Al-Shabaab အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း နှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ အစွန်းရောက် အဖွဲ့ဝင် ၇ ဦး အား ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း သိရှိရသည်။
ကင်ညာ နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ၏ ထုတ်ပြန်ကြေညာချက်အရ ဇန်နဝါရီ ၁ ရက် နံနက်ပိုင်း တွင် Al-Shabaab အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း နှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ အစိုးရ တပ်ဖွဲ့ဝင် ၂ ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း ၊ တိုက်ပွဲ ဖြစ်ပွားစဉ် အတွင်း အစွန်းရောက် အဖွဲ့ဝင် ၇ ဦး အား ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ပြီး အချို့က ထွက်ပြေးလွတ်မြောက် သွားကြောင်း ၊ တိုက်ပွဲဖြစ်ပွား ပြီးနောက်တွင် AK-47 သေနတ် ၉ လက် နှင့် လက်ပစ်ဗုံး စသည့် လက်နက်များကို သိမ်းဆည်း မိခဲ့ကြောင်း ၊ ကင်ညာ နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် Al-Shabaab အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း အား ဆက်လက်၍ တိုက်ခိုက်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ဆိုမာလီ Al-Shabaab အဖွဲ့အစည်း က Al-Qaeda အဖွဲ့အစည်း နှင့် ဆက်သွယ်မှု ရှိသည့် အစွန်းရောက် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး လတ်တလော နှစ်ပိုင်း အတွင်း ဆိုမာလီ နှင့် အနီးပတ်ဝန်းကျင် နိုင်ငံ များတွင် အကြမ်းဖက် တိုက်ခိုက်မှုများစွာ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။(Xinhua)