Connect with us

China

တရုတ်နိုင်ငံ သမ္မတက သံအမတ်အသစ်များ ခန့်အပ်

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံဆိုင်ရာ သံအမတ်အသစ် ၁၈ ဦး၏ သံအမတ်ခန့်အပ်လွှာများအား လက်ခံပြီးနောက် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြုအဖွဲ့ဖြစ်သည့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ ဆုံးဖြတ်ချက်နှင့်အညီ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အောက်ဖော်ပြပါ သံအမတ်အသစ်များ ခန့်အပ်လိုက်ကြောင်း မတ် ၁၇ ရက်က တရားဝင်ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ ဘရူနိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး ရှောင်းကျန့်ကော်၏နေရာတွင် ချန်ရှောက်ချွန်း၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဆိုင်ရာ သံအမတ်ကြီး ဟိုယန့်ချီ ၏နေရာတွင် ဝမ်ချင်း ၊ နီပေါနိုင်ငံဆိုင်ရာ သံအမတ်ကြီး ချန်ဆုန်း၏နေရာတွင် ကျန်းမောက်မင်၊ လစ်ဗျားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် မာရွှိလျန့်၊ ဘူရွန်ဒီနိုင်ငံဆိုင်ရာ သံအမတ်ကြီး ကျောက်ကျန်းဖိန် ၏နေရာတွင် ကျူးခဲ့ဝေ တို့အား အသီးသီး ခန့်အပ်လိုက်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံဆိုင်ရာ သံအမတ်အသစ် ၁၈ ဦး၏ သံအမတ်ခန့်အပ်လွှာများအား လက်ခံပြီးနောက် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Chinese president appoints new ambassadors
BEIJING, March 17 (Xinhua) — Chinese President Xi Jinping has appointed the following ambassadors in accordance with a decision of the Standing Committee of the National People’s Congress, China’s top legislature, an official statement noted on Tuesday.
Chen Shaochun was appointed ambassador to Brunei Darussalam, replacing Xiao Jianguo.
Wang Qing was appointed ambassador to the Association of Southeast Asian Nations (ASEAN), replacing Hou Yanqi.
Zhang Maoming was appointed ambassador to Nepal, replacing Chen Song.
Ma Xuliang was appointed ambassador to Libya.
Zhu Kewei was appointed ambassador to Burundi, replacing Zhao Jiangping. ■
English Caption
Chinese President Xi Jinping delivers a speech after receiving the credentials of 18 new ambassadors to China at the Great Hall of the People in Beijing, capital of China, Jan. 16, 2026. (Xinhua/Huang Jingwen)