Connect with us

North America

အီရန်စစ်ပွဲကို ထောက်ခံရန် မိမိ အသိတရားကို ဆန့်ကျင်၍မရသောကြောင့် ရာထူးမှ နုတ်ထွက်ကြောင်း အမေရိကန် အမျိုးသားအကြမ်းဖက်မှုတိုက်ဖျက်ရေးစင်တာ ညွှန်ကြားရေးမှူး ဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကို ကန့်ကွက်သည့်အနေဖြင့် လူထုစုဝေး ဆန္ဒပြပွဲ၌ ပါဝင်ခဲ့ကြသူများကို ၂၀၂၆ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန် အမျိုးသားအကြမ်းဖက်မှုတိုက်ဖျက်ရေးစင်တာ (NCTC) ညွှန်ကြားရေးမှူး Joe Kent က မတ် ၁၇ ရက်တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး သမ္မတ ထရမ့်ထံ ပေးပို့သော စာတစ်စောင်တွင် “အီရန်စစ်ပွဲကို ထောက်ခံရန် မိမိ အသိတရားကို ဆန့်ကျင်၍မရကြောင်း” ဖော်ပြခဲ့သည်။

Joe Kent က သမ္မတ ထရမ့်ထံ ပေးပို့သည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ပြီး ထိုစာ၌ “NCTC ညွှန်ကြားရေးမှူး ရာထူးကနေ နုတ်ထွက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပြီး ဒီနေ့ကစ အကျုံးဝင်မှာဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေသော အီရန်စစ်ပွဲကို ကျွန်တော့်အနေနဲ့ အသိတရားကို ဆန့်ကျင်ပြီး ထောက်ခံဖို့ မဖြစ်နိုင်ပါဘူး။ အီရန်ဟာ ကျွန်တော်တို့နိုင်ငံအပေါ် အရေးတကြီး ခြိမ်းခြောက်မှု မရှိခဲ့သလို ဒီစစ်ပွဲဟာ အစ္စရေးနှင့် အမေရိကန်ရှိ အစ္စရေးတို့ရဲ့ အင်အားကြီးလောဘီအုပ်စုတွေရဲ့ ဖိအားပေးမှုကြောင့် ဖြစ်ပွားရတယ်ဆိုတာ ထင်ရှားလှပါတယ်” ဟု ဖော်ပြခဲ့သည်။

NCTC သည် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (DNI) လက်အောက်တွင်ရှိပြီး အဓိကတာဝန်များမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ထောက်လှမ်းရေးအချက်အလက်များကို စုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအစီအစဉ်များကို အစိုးရက ရေးဆွဲရာတွင် ကူညီရန်ဖြစ်သည်။ (Xinhua)

…………………
(Chinese Version)
美国家反恐中心主任辞职:无法昧着良心支持对伊战争
新华社华盛顿3月17日电(记者杨伶 熊茂伶)美国国家反恐中心主任乔·肯特17日宣布辞职,并在一封致美国总统特朗普的信中说,“无法昧着良心支持对伊朗的战争”。
肯特在社交媒体上发布一封致特朗普的公开信,信中写道:“我决定辞去国家反恐中心主任一职,即日起生效。我无法昧着良心支持正在进行的伊朗战争。伊朗并未对我国构成迫在眉睫的威胁,而且很明显,这场战争是迫于以色列及其在美强大游说集团的压力而发动的。”
美国国家反恐中心隶属国家情报总监办公室,主要任务是收集和分析反恐情报,以及帮助政府制订反恐计划。(完)
图说:3月7日,人们在美国纽约参加集会游行,抗议美国和以色列对伊朗发动军事打击。 新华社记者 张凤国 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.