Connect with us

Africa & Middle East

အရှေ့အလယ်ပိုင်းဒေသ၌ အရပ်ဘက် အခြေခံအဆောက်အအုံများအား တိုက်ခိုက်မှုများ ရပ်တန့်ရန် မက်ခရွန် တိုက်တွန်း

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပသည့် ဒုတိယအကြိမ် နျူကလီးယားစွမ်းအင် ညီလာခံ၌ အမှာစကားပြောကြားနေပုံကို ၂၀၂၆ ခုနှစ် မတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- French Ministry of Europe and Foreign Affairs/Handout via Xinhua)

ပဲရစ်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

လတ်တလော ဖြစ်ပွားနေသည့် အီရန်စစ်ပွဲအတွင်း အထူးသဖြင့် စွမ်းအင်နှင့် ရေပေးဝေရေး အဆောက်အအုံများ အပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံများအား စစ်ရေးအရ တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က မတ် ၁၉ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
အီရန်နှင့် ကာတာနိုင်ငံတို့ရှိ ဓာတ်ငွေ့ထုတ်လုပ်သည့် အဆောက်အအုံများကို ထိမှန်ခဲ့သည့် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ကာတာနိုင်ငံစော်ဘွား ရှိတ်ခ် တာမင် ဘင်ဟာမက် အယ်လ်သနီတို့နှင့် ဆွေးနွေးပြောဆိုခဲ့ကြောင်း မက်ခရွန်က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ကာ အဆိုပါ တိုက်ခိုက်မှုများ ရပ်တန့်ရေးကို အမြန်ဆုံးအကောင်အထည်ဖော်ခြင်းမှာ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီမှုရှိကြောင်း ပြောကြားခဲ့သည်။

အရပ်သားများနှင့် ၎င်းတို့၏ အခြေခံလိုအပ်ချက်များ၊ စွမ်းအင်ထောက်ပံ့မှုဆိုင်ရာ လုံခြုံမှုတို့ကို စစ်ရေးအရှိန်မြင့်တက်မှုမှ အကာအကွယ်ပေးရမည်ဖြစ်ကြောင်း မက်ခရွန်က အလေးအနက်ပြောကြားခဲ့သည်။
ကာတာပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံပိုင် QatarEnergy ကုမ္ပဏီတို့က ရက်စ် လက်ဖန် စက်မှုမြို့မှာ ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရသည့်အတွက် မီးလောင်ကျွမ်းမှုများနှင့် ထိခိုက်ပျက်စီးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ကြောင်း မတ် ၁၈ ရက်က ပြောကြားခဲ့သည်။
ယင်းနေ့အစောပိုင်းတွင် အစ္စရေးလေတပ်က အီရန်နိုင်ငံ တောင်ပိုင်း ဘူရှာမြို့ရှိ အီရန်၏ အဓိက သဘာဝဓာတ်ငွေ့ထုတ်လုပ်သည့် အဆောက်အအုံအား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုအား အမေရိကန်အစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အစ္စရေးနိုင်ငံပိုင်ရုပ်သံ Kan TV News က ဖော်ပြခဲ့သည်။
ယင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်က ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် ကာတာနိုင်ငံတို့ရှိ ရေနံထုတ်လုပ်ရေး အဆောက်အအုံများမှ ရွှေ့ပြောင်းကြရန် သတိပေးချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)

အီရန်နိုင်ငံ တီဟီရန်မြို့ရှိ လူနေရပ်ကွက်တစ်ခု၌ အဆောက်အအုံ အပျက်အစီးများကြားတွင် ထိုင်နေသူများအား ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Macron calls for ending raids on civilian infrastructure in Mideast
PARIS, March 19 (Xinhua) — French President Emmanuel Macron on Thursday called for an immediate end to military strikes on civilian infrastructure, particularly energy and water supply facilities, in the current Iran war.
In a message posted on social media, Macron said he had spoken with U.S. President Donald Trump and the Emir of Qatar Sheikh Tamim bin Hamad Al Thani, following strikes that had hit gas production facilities in Iran and Qatar, noting that it was in the common interest to implement without delay a moratorium on such strikes.
He stressed that civilian populations and their essential needs, as well as the security of energy supplies, must be protected from military escalation.
Qatar’s interior ministry and state-owned QatarEnergy said on Wednesday that Ras Laffan Industrial City was hit by missile attacks, suffering extensive fires and damage.
Earlier in the day, the Israeli air force struck Iran’s major natural gas facility, located in Bushehr in the south of the country. Israel’s state-owned Kan TV News reported that the strike was carried out in coordination with the U.S. administration.
Following the strike, Iran’s Islamic Revolutionary Guard Corps issued an evacuation warning for several oil facilities in Saudi Arabia, the United Arab Emirates and Qatar.
English Caption 1
French President Emmanuel Macron speaks during the second Nuclear Energy Summit in Paris, France, on March 10, 2026. (French Ministry of Europe and Foreign Affairs/Handout via Xinhua)
English Caption 2
People sit on the debris of destroyed buildings at a residential area in Tehran, Iran, March 15, 2026. (Xinhua/Shadati)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.