Media
အီရန် အစ္စလာမ်မစ်လွှတ်တော်ဥက္ကဋ္ဌဟောင်း အလီလာရီဂျာနီအတွက် လက်စားချေမည်ဟု အီရန်သမ္မတက သစ္စာပြု
တီဟီရန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)
အီရန် အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး၊ အီရန် အစ္စလာမ်မစ်လွှတ်တော်ဥက္ကဋ္ဌဟောင်း အလီလာရီဂျာနီ (Ali Larijani) လုပ်ကြံခံရမှုနှင့် စပ်လျဉ်း၍ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး လက်စားချေမည်ဟု သစ္စာပြုခဲ့ကြောင်း အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က မတ် ၁၈ ရက် နံနက်အစောပိုင်းတွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့၍ ပြောကြားခဲ့သည်။
လာရီဂျာနီ၏ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အကျိုးထမ်းပိုးမှုများကို ပါဇက်ရှ်ကီရမ်က အလေးထား ချီးမွမ်းခဲ့သည်။ အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးအနေဖြင့် လာရီဂျာနီသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို အစွမ်းကုန်မြှင့်တင်ခဲ့ပြီး အစ္စလာမ်မစ်နိုင်ငံများအကြား ချစ်ကြည်မှုဆက်ဆံရေးကို တိုးမြင့်စေခဲ့ကြောင်း၊ လာရီဂျာနီ ကွယ်လွန်ခြင်းသည် အစားထိုးမရသော ဆုံးရှုံးမှုကြီးဖြစ်ရာ ပြစ်မှုကျူးလွန်သူကို ပြင်းထန်စွာ အပြစ်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်အနေဖြင့် “ဆင်ခြင်တုံတရားနှင့် အမြော်အမြင် ပေါင်းစပ်ထားသော” ခုခံမှုလမ်းကြောင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပါဇက်ရှ်ကီရမ်က အလေးပေးပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်သည် ပြီးခဲ့သည့်ညက အီရန်မြို့တော် တီဟီရန်အနီးတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လာရီဂျာနီကို လုပ်ကြံခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က မတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။ အီရန် အမြင့်ဆုံးအမျိုးသားလုံခြုံရေးကောင်စီက မတ် ၁၈ ရက် နံနက်အစောပိုင်းတွင် ကြေညာချက် ထုတ်ပြန်၍ လာရီဂျာနီ သေဆုံးမှုကို အတည်ပြုခဲ့သည်။
လာရီဂျာနီသည် အီရန်ခေါင်းဆောင်ပိုင်းတွင် ဝါအရင့်ဆုံးအဖွဲ့ဝင်များအနက် တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ ရှုမြင်ခံခဲ့ရသူဖြစ်ပြီး ကွယ်လွန်ခဲ့သော ထိပ်တန်း ခေါင်းဆောင်ကြီး ခါမေနီ၏ ရင်းနှီးသော မိတ်ဖက်လည်း ဖြစ်သည်။ အစ္စရေး၏ ပြောကြားချက်အရ အမေရိကန်နှင့် အစ္စရေးတို့၏ ဖေဖော်ဝါရီ ၂၈ ရက် လေကြောင်းတိုက်ခိုက်မှုအတွင်း ခါမေနီ ကွယ်လွန်သွားပြီးနောက်ပိုင်း လာရီဂျာနီသည် အစ္စရေးနှင့် အမေရိကန်ကို ပစ်မှတ်ထားသော စစ်ဆင်ရေးများကို ဦးဆောင်ခဲ့ပြီး အီရန်၏ ‘အမှန်စင်စစ် ခေါင်းဆောင်’ ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………………
(Chinese Version)
伊朗总统誓言为拉里贾尼复仇
新华社德黑兰3月18日电 伊朗总统佩泽希齐扬18日凌晨发表声明,就伊朗最高国家安全委员会秘书、伊朗伊斯兰议会前议长阿里·拉里贾尼遇害表示哀悼,并誓言复仇。
佩泽希齐扬高度评价拉里贾尼任职期间的贡献。他表示,作为最高国家安全委员会秘书,拉里贾尼全力促进地区和平与安全,增进伊斯兰国家之间的友好关系。他的去世是难以弥补的巨大损失,凶手必将受到严惩。
佩泽希齐扬强调,伊朗仍将继续“理性与远见相结合”的抵抗路线。
以色列国防军17日称,以军前一晚在伊朗首都德黑兰附近实施空袭,暗杀拉里贾尼。伊朗最高国家安全委员会18日凌晨发表声明,证实拉里贾尼遇害。
拉里贾尼多年来被视为伊朗领导层最资深的成员之一,是已故最高领袖哈梅内伊的亲密伙伴。按照以方的说法,哈梅内伊2月28日在美国和以色列的空袭中丧生后,拉里贾尼领导了针对以色列和美国的作战行动,是伊朗“事实上的领导人”。(完)
图说:这是拉里贾尼2024年11月15日在黎巴嫩贝鲁特发表讲话的资料照片。 新华社发
