Connect with us

Africa & Middle East

စစ်ပွဲ “အဆင့်သစ်” သို့ ရောက်ရှိ၊ အမေရိကန်နှင့်သက်ဆိုင်သည့် ရေနံအဆောက်အဦများအား အီရန် တန်ပြန်တိုက်ခိုက်၍ မီးရှို့ဖျက်ဆီး

အီရန်နိုင်ငံ မြို့တော် တီဟီရန်ရှိ တော်လှန်ရေးရင်ပြင်တွင် ဈာပနအခမ်းအနားတက်ရောက်ကြသည့် အီရန်လူထုအား ၂၀၂၆ ခုနှစ် မတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

“True Promise-4” စစ်ဆင်ရေး၏ ၆၃ ကြိမ်မြောက် ထိုးစစ် ဆင်နွှဲလိုက်ပြီဖြစ်ကြောင်း၊ လက်စားချေလက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့်သက်ဆိုင်သည့် ရေနံအဆောက်အဦများအား မီးရှို့ဖျက်ဆီးလိုက်ကြောင်း အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က မတ် ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။ အီရန်နှင့် အမေရိကန်၊ အစ္စရေး၏ စစ်ပွဲသည် “အဆင့်သစ်” သို့ ရောက်ရှိပြီဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုများ အပြင်းအထန်လုပ်ဆောင်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်နှင့်ဆက်စပ်သည့် ရေနံအဆောက်အဦများကို အီရန်ဘက်က “မီးရှို့ဖျက်ဆီး” ခဲ့ကြောင်း၊ ထို့အပြင် ထိပ်ဖူးများစွာပါဝင်သည့် ဒုံးကျည်တစ်စင်းသည်လည်း အစ္စရေးနိုင်ငံ တောင်ပိုင်းရှိ စစ်ရေးဖြန့်ကြက်မှုစင်တာကို ထိမှန်ခဲ့ကြောင်း ကြေညာချက်တွင် ပြောကြားထားသည်။

အီရန်အနေဖြင့် မူလက စစ်ပွဲကို ရေနံအဆောက်အဦများအထိ တိုးချဲ့လိုခြင်းမရှိသလို၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်းနိုင်ငံများ၏ စီးပွားရေးကို ထိခိုက်စေရန် ရည်ရွယ်လိုခြင်းမရှိကြောင်း၊ ရန်သူဘက်က အီရန် စွမ်းအင်အခြေခံအဆောက်အဦများကို တိုက်ခိုက်ခြင်းကြောင့် မိမိတို့အနေဖြင့် စစ်ပွဲ၏ အဆင့်သစ်ကို အမှန်တကယ်ရောက်ရှိသွားရခြင်း ဖြစ်ကြောင်း၊ အီရန်၏ အခြေခံအဆောက်အဦများကို ကာကွယ်ထိန်းသိမ်းရန်အတွက် အီရန်အနေဖြင့် အမေရိကန်နှင့် အမေရိကန် ရှယ်ယာပိုင်သက်ဆိုင်ရာ စွမ်းအင်အဆောက်အဦများကို မဖြစ်မနေတိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အီရန် စွမ်းအင်အခြေခံအဆောက်အဦများကို တိုက်ခိုက်ခြင်းသည် “ကြီးမားသည့် မှားယွင်းမှု” ဖြစ်ကြောင်း အမေရိကန်နှင့် အစ္စရေးတို့အား ကြေညာချက်တွင် သတိပေးထားသည်။ အကယ်၍ ဤကဲ့သို့သော ဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပွားပါက အီရန်အနေဖြင့် “ခင်ဗျားတို့နဲ့ ခင်ဗျားတို့ မဟာမိတ်တွေရဲ့ စွမ်းအင်အခြေခံအဆောက်အဦတွေကို အလုံးစုံ ပျက်သုဉ်းတဲ့အထိ ဆက်တိုက်တိုက်ခိုက်သွားမှာဖြစ်တယ်”၊ “တုံ့ပြန်မှုကလည်း ပိုပြီး ပြင်းထန်လိမ့်မယ်” ဟု ကြေညာချက်တွင် သတိပေးထားသည်။

အစ္စရေးမီဒီယာများ၏ မတ် ၁၈ ရက် သတင်းများအရ အစ္စရေးလေတပ်သည် အီရန်နိုင်ငံတောင်ပိုင်း Bushehr မြို့ရှိ အီရန်၏ အဓိက သဘာဝဓာတ်ငွေ့အဆောက်အဦကို ယင်းနေ့တွင် တိုက်ခိုက်ခဲ့ကြောင်းနှင့် အီရန်၏ အခြားအခြေခံအဆောက်အဦများကိုလည်း တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ကာတာ စသည့် နိုင်ငံများက အီရန်၏တိုက်ခိုက်မှုအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ကြောင်း မတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန် မီဒီယာများ၏ သတင်းများအရ အစ္စရေး၏ ယခုအကြိမ်တိုက်ခိုက်မှုကို အမေရိကန် သမ္မတ ထရမ့်က ကြိုတင်သိရှိကြောင်းနှင့် ထောက်ခံကြောင်း၊ အဆိုပါတိုက်ခိုက်မှုအား အီရန်က ဟော်မုဇ်ရေလက်ကြားကို လက်တွေ့ပိတ်ဆို့ခြင်းနှင့်စပ်လျဉ်း၍ အီရန်အစိုးရအပေါ် သတိပေးချက်အဖြစ် ရှုမြင်ကြောင်း သိရသည်။ သို့သော် မကြာမီတွင်ပင် ထရမ့်က လူမှုကွန်ရက်မီဒီယာ၌ အီရန် ရေနံနှင့် သဘာဝဓာတ်ငွေ့ အဆောက်အဦများကို အစ္စရေးတိုက်ခိုက်ခြင်းအပေါ် အမေရိကန်အနေဖြင့် “လုံးဝဥဿုံမသိရှိရကြောင်း”၊ ကာတာနိုင်ငံအနေဖြင့်လည်း တိုက်ခိုက်မှုတွင် မည်သည့်ပုံစံနှင့်မျှ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

အစ္စရေးနိုင်ငံ အလယ်ပိုင်း Holon မြို့တွင် အီရန် ဒုံးကျည်ထိမှန်သည့် နေရာ၌ မီးခိုးလိပ်များ တက်လာသည်ကို ၂၀၂၆ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ Gideon Markowicz/JINI via Xinhua)

——————-
(Chinese Version)
战争进入“新阶段” 伊朗反击“焚毁”与美相关石油设施
新华社德黑兰3月19日电 伊朗伊斯兰革命卫队19日发表声明说,已发动“真实承诺-4”行动第63波攻势,“焚毁”与美国相关的石油设施作为报复。声明称,伊朗同美国和以色列的战争已进入“新阶段”。
声明说,经猛烈打击,伊方“焚毁”中东地区一系列与美国相关的石油设施。另外,一枚多弹头导弹命中并摧毁以色列南部的军事部署中心。
声明称,伊朗本无意将战争扩大到石油设施,也无意损害友好邻国的经济。由于敌人攻击伊朗能源基础设施,“我们实际上已经进入了战争的新阶段”。为保卫伊朗的基础设施,伊朗“不得不攻击与美国及美国持股相关的能源设施”。
声明警告美国和以色列,攻击伊朗能源基础设施是“重大错误”。如果此类事件再次发生,伊方将“持续攻击你们及你们盟友的能源基础设施,直至其彻底摧毁”,“回应将更加严厉”。
据以色列媒体18日报道,以色列空军当天袭击了位于伊朗南部布什尔市的伊朗“主要天然气设施”,并准备对伊朗的其他基础设施发动袭击。卡塔尔等国18日称,有油气设施在伊朗袭击中受损。
据美国媒体报道,美国总统特朗普事先获悉以色列此次袭击,并表示支持,将其视为就伊朗实际关闭霍尔木兹海峡向伊朗政府发出的信号。但特朗普随后在社交媒体上称,美国对以色列袭击伊朗油气设施“毫不知情”,卡塔尔也没有以任何形式参与袭击。(完)
1. 3月18日,伊朗民众在首都德黑兰的革命广场参加葬礼。新华社记者 沙达提 摄
2. 3月13日,在以色列中部城市霍隆,遭伊朗导弹袭击的一处地点冒出滚滚浓烟。新华社发(吉德翁·马科维奇摄/基尼图片社)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.