Myanmar
မြန်မာနိုင်ငံက တရားမဝင်သစ် ၈၄ တန်ကျော်နှင့် တရားခံ ၁၆ ဦး ဖမ်းဆီးရမိ
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ရက်သတ္တပတ် တစ်ပတ်အတွင်း တစ်နိုင်ငံလုံးတွင် တရားမဝင်သစ် ၈၄.၃ တန်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း မတ်လ ၁၉ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်မှ မတ်လ ၁၅ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်းသစ် ၁၈.၄၅၅၈ တန်၊ သစ်မာ ၈.၄၀၄၄ တန်၊ အခြား ၅၇.၅၀၄၃ တန်၊ စုစုပေါင်း ၈၄.၃၆၄၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းတွင် ဖော်ပြပါရှိသည်။
ရက်သတ္တပတ်တစ်ပတ်အတွင်း ယာဉ်/ယန္တရား ၁၂ စီး နှင့်အတူ တရားခံ ၁၆ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
