International Organizations
တရုတ်အိုးပင်း ရေကူးချန်ပီယံရှစ်ပြိုင်ပွဲတွင် မက်အီဗွိုင်းက ၁၆ နှစ်ကြာ အမျိုးသား မီတာ ၅၀ အလွတ်ကူး ကမ္ဘာ့စံချိန်ကို ချိုးဖျက်
ဆန်းကျန့်၊ မတ် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် တရုတ်အိုးပင်း ရေကူးချန်ပီယံရှစ်ပြိုင်ပွဲ၌ အိုလံပစ်ချန်ပီယံ ကင်မရွန် မက်အီဗွိုင်းက အမျိုးသား မီတာ ၅၀ အလွတ်ကူး ကမ္ဘာ့စံချိန်ကို မတ် ၂၀ ရက်၌ ချိုးဖျက်ခဲ့ကြောင်း သိရသည်။
အသက် ၃၁ နှစ်အရွယ် မက်အီဗွိုင်းက ၂၀၀၉ ခုနှစ် ဒီဇင်ဘာတွင် ဘရာဇီးနိုင်ငံမှ ဆီဇာ ဆီလို စံချိန်တင်ခဲ့သည့် ၁၆ နှစ်သက်တမ်းရှိ ယခင်စံချိန်ဖြစ်သော ပန်းဝင်ချိန် ၂၀.၉၁ ထက် ၀.၀၃ စက္ကန့် လျော့နည်းကာ ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။
မက်အီဗွိုင်းမှာ ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် မီတာ ၅၀ ရွှေတံဆိပ်ကို ပန်းဝင်ချိန် ၂၁.၂၅ စက္ကန့်ဖြင့် ဆွတ်ခူးခဲ့ပြီး လွန်ခဲ့သည့်နှစ် စင်ကာပူကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၌ ၂၁.၁၄ စက္ကန့်ဖြင့် ကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် တရုတ်အိုးပင်း ရေကူးချန်ပီယံရှစ်ပြိုင်ပွဲ၌ အမျိုးသား မီတာ ၅၀ အလွတ်ကူးဗိုလ်လုပွဲပြီးနောက် အောင်ပွဲခံနေသည့် ဩစတြေးလျနိုင်ငံမှ ကင်မရွန် မက်အီဗွိုင်းကို ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် တရုတ်အိုးပင်း ရေကူးချန်ပီယံရှစ်ပြိုင်ပွဲ၌ အမျိုးသား မီတာ ၅၀ အလွတ်ကူးပြိုင်ပွဲအတွက် ဆုချီးမြှင့်ပွဲအခမ်းအနားပြီးနောက် ပွဲကြည့်ပရိသတ်များနှင့် လက်ဝါးချင်းရိုက်၍ နှုတ်ဆက်နေသည့် ဩစတြေးလျနိုင်ငံမှ ကင်မရွန် မက်အီဗွိုင်းကို ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
McEvoy breaks 16-year-old men’s 50m freestyle world record
SHENZHEN, March 20 (Xinhua) — Olympic champion Cameron McEvoy broke the men’s 50 meters freestyle world record at the China Open swimming championships here on Friday.
The 31-year-old clocked 20.88 seconds to secure the gold medal, trimming 0.03 seconds off the 16-year-old previous mark of 20.91 set by Brazil’s Cesar Cielo in December 2009.
McEvoy won the 50m gold medal at the 2024 Paris Olympics in a time of 21.25 seconds and went on to claim the world title in this event at last year’s Singapore World Championships in 21.14. ■
English Caption 1
Cameron Mcevoy of Australia waves after the men’s 50m freestyle final at 2026 China Open Swimming Championship in Shenzhen, south China’s Guangdong Province, March 20, 2026. (Xinhua/Liang Xu)
English Caption 2, 3, 4
Cameron Mcevoy of Australia celebrates after the men’s 50m freestyle final at 2026 China Open Swimming Championship in Shenzhen, south China’s Guangdong Province, March 20, 2026. (Xinhua/Liang Xu)
English Caption 5
Cameron Mcevoy of Australia claps hands with spectators after the awarding ceremony for the men’s 50m freestyle at 2026 China Open Swimming Championship in Shenzhen, south China’s Guangdong Province, March 20, 2026. (Xinhua/Liang Xu)