North America
အရှေ့အလယ်ပိုင်း စစ်ပွဲကြာရှည်ခြင်းက ကန်ဒေါ်လာ ပိုင်ဆိုင်မှု ဘေးကင်းလုံခြုံမှု၏ ဂုဏ်သတ္တိကို လှုပ်ခတ်စေနိုင်
အစ္စတန်ဘူလ်၊ မတ် ၂၁ ရက် (ဆင်ဟွာ)
အမေရိကန်၊ အစ္စရေးနှင့် အီရန် စစ်ပွဲ၏ ပြင်ပသို့ ယိုလျှံသက်ရောက်မှုများသည် ပို၍ သိသာထင်ရှားလာရာ ပထဝီနိုင်ငံရေးအန္တရာယ်က ကမ္ဘာလုံးဆိုင်ရာ ပိုင်ဆိုင်မှုတန်ဖိုးသတ်မှတ်ခြင်းအပေါ် သက်ရောက်မှုရှိသော အချက်အချာကျသည့် အပြောင်းအလဲ ဖြစ်လာပြီး ကမ္ဘာလုံးဆိုင်ရာ ပိုင်ဆိုင်မှုခွဲတမ်းစီမံမှု ပြန်လည်မျှခြေညှိခြင်းကို အရှိန်မြှင့်ပေးနိုင်ခြေရှိသည်။ ထိုဖြစ်စဉ်တွင် ကန်ဒေါ်လာပိုင်ဆိုင်မှု အခြေအနေသည် မသေချာမရေရာမှုများ တိုးပွားလာရာ ၎င်း၏ သမားရိုးကျ ဘေးကင်းလုံခြုံသည့် ဂုဏ်သတ္တိအပေါ် သံသယဖြစ်မှုများ စတင်ပိုမိုများပြားလာသည်။
ဈေးကွက်ဆန်းစစ်သူများက အရှေ့အလယ်ပိုင်းစစ်ပွဲ အချိန်ကြာရှည်ပြီး မရပ်တန့်နိုင်ဘဲ စစ်မြေပြင်ရှိ အမေရိကန်အရင်းအနှီးများ၏စွန့်စားမှုအန္တရာယ် ထပ်မံကြီးထွားလာခြင်း၊ ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတက်ခြင်း သို့မဟုတ် အမေရိကန်ဗဟိုဘဏ်၏ မူဝါဒချိန်ညှိမှုစည်းချက်များကို ရှုပ်ထွေးစေခြင်း၊ အမေရိကန် ဘဏ္ဍာရေးဈေးကွက် ဖွဲ့စည်းပုံအန္တရာယ် ပိုကြီးလာခြင်း စသည့် ထပ်ဆောင်း အကြောင်းရင်းအမျိုးမျိုးပါ ရှိလာလျှင် နောက်ဆက်တွဲအနေဖြင့် ကန်ဒေါ်လာပိုင်ဆိုင်မှုအရင်းအနှီး ဘေးကင်းလုံခြုံခြင်း၏ ဂုဏ်သတ္တိကို လှုပ်ခတ်စေမည် ဖြစ်သည်ဟု ယူဆကြသည်။
ကန်ဒေါ်လာပိုင်ဆိုင်မှုကို ရင်းနှီးမြှုပ်နှံသူများက ခိုင်မာသောငွေကြေးအဖြစ် ငွေကြေးစီးဆင်းနိုင်စွမ်း မြင့်မားခြင်းနှင့် ဘေးကင်းလုံခြုံခြင်းဂုဏ်သတ္တိရှိသည်ဟု ရေရှည်ရှုမြင်ထားသည်။ ကမ္ဘာတစ်ဝန်း ပထဝီနိုင်ငံရေးနှင့် ဘဏ္ဍာရေးစနစ် ရိုက်ခတ်ခံရချိန်တွင် ကန်ဒေါ်လာ ပိုင်ဆိုင်မှုသည် ဈေးကွက်၏နှစ်ခြိုက်မှုကို ရရှိတတ်ပေသည်။ ယခုအကြိမ် စစ်ပွဲဖြစ်ပွားချိန်မှစ၍ ကန်ဒေါ်လာ အညွှန်းကိန်းများသည် မြင့်တက်လာသော်လည်း ယေဘုယျအားဖြင့် တက်ရိပ်မများလှဘဲ ကန်ဒေါ်လာပိုင်ဆိုင်မှုအားလုံးမှာ အလားတူ ဘေးကင်းလုံခြုံလိုမှုကြောင့် ဈေးတက်ခြင်း မရှိသလို ဈေးကွက်တွင်လည်း ကန်ဒေါ်လာပိုင်ဆိုင်မှုဆီသို့ အရင်းအနှီးများ စုပြုံဝင်ရောက်သည့် အရိပ်လက္ခဏာ မဖြစ်ပေါ်ခဲ့ချေ။
ရိုက်တာသတင်းဌာနက မကြာသေးမီက အမေရိကန် EPFR ကုမ္ပဏီ၏ စာရင်းကောက်ယူမှု အချက်အလက်များကို ကိုးကားဖော်ပြထားရာ မတ် ၁၁ ရက်အထိ ရက်သတ္တပတ်တစ်ပတ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ထွန်းသစ်စဈေးကွက် ငွေချေးစာချုပ် ရန်ပုံငွေမှ ကန်ဒေါ်လာ ၁.၁ ဘီလီယံခန့် အသားတင် စီးထွက်သွားခဲ့ကြောင်း သိရသည်။ အဓိက ငွေကြေး ၆ မျိုးနှင့် နှိုင်းယှဉ်ထားသော ကန်ဒေါ်လာ ညွှန်းကိန်းသည်လည်း ဆက်တိုက် မြင့်တက်နေခြင်း မရှိဘဲ မတ် ၁၇ ရက်တွင် ၀.၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဈေးကွက်ပိတ်ချိန်တွင် ၉၉.၅၇၄ သို့ ရောက်ရှိခဲ့သည်။
သတိပြုထိုက်သည့်အချက်မှာ အမေရိကန်၏ ၁၀ နှစ်သက်တမ်းနှင့် ၂ နှစ်သက်တမ်းရှိ အစိုးရငွေတိုက်စာချုပ် အကျိုးအမြတ်နှုန်းထားသည် မကြာသေးမီက အထိုက်အလျောက် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ယင်းမှာလည်း ပထဝီနိုင်ငံရေး ပဋိပက္ခများဖြစ်ပွားသည့် ကနဦးကာလတွင် အမေရိကန်ငွေတိုက်စာချုပ် အကျိုးအမြတ်နှုန်းထားများ ကျဆင်းလေ့ရှိသည့် သမားရိုးကျ ဘေးကင်းလုံခြုံမှုဆိုင်ရာလော့ဂျစ်နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ဈေးကွက်အတွင်း ပါဝင်ပတ်သက်သူအချို့က ကန်ဒေါ်လာပိုင်ဆိုင်မှုများ၏ ဘေးကင်းလုံခြုံမှု ဂုဏ်သတ္တိအပေါ် သံသယဖြစ်လာစေပြီး ယင်းကို ကန်ဒေါ်လာ ပိုင်ဆိုင်မှုများ၏ “ဘေးကင်းလုံခြုံမှုဂုဏ်သတ္တိ ပျက်ပြားခြင်း” ဟု အချို့ထင်မြင်သူများက ခေါ်ဆိုနေကြသည်။
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် ကုမ္ပဏီလုပ်ငန်းများ၏ ကန်ဒေါ်လာ ဘီလီယံနှင့်ချီသည့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများသည် စွမ်းအင်၊ ဒစ်ဂျစ်တယ် အခြေခံအဆောက်အဦ စသည့် အချက်အချာကဏ္ဍများကို လွှမ်းခြုံထားရာ အန္တရာယ်စွန့်စားမှုနှင့် ထိခိုက်နိုင်မှု (Risk Exposure) အလွန်ကြီးမားသည်။ ရိုက်တာ စသည့်မီဒီယာများ၏ သတင်းများအရ မကြာသေးမီက အီရန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ယူအေအီးရှိ အမေရိကန် Amazon ကုမ္ပဏီလက်အောက်ခံ Cloud Computing ဝန်ဆောင်မှုလုပ်ငန်း၏ ဒေတာစင်တာနှစ်ခု ပျက်စီးခဲ့ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ကာ Cloud ဝန်ဆောင်မှုအချို့ကို ထိခိုက်စေခဲ့ကြောင်း သိရသည်။ ယင်းဖြစ်ရပ်ကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံများပိုင်ဆိုင်သည့် သိပ္ပံနည်းပညာကုမ္ပဏီများ၏ ပြည်ပရှိ ဒစ်ဂျစ်တယ် အခြေခံအဆောက်အဦများက စစ်ရေးတိုက်ခိုက်မှုပစ်မှတ်များအဖြစ် ထည့်သွင်းခံရနိုင်သည့်အပေါ် ဈေးကွက်အတွင်း စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့အပေါ် ပေကျင်းမြို့ရှိ ဈေးကွက်သုတေသနအဖွဲ့အစည်းဖြစ်သည့် ချီလိုင်သုတေသနဌာန၏ ထိပ်တန်းစီးပွားရေးပညာရှင် ဖန်းရှန့်တုန်းက အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ဒစ်ဂျစ်တယ် အခြေခံအဆောက်အဦများသည် စစ်ရေးတိုက်ခိုက်မှုပစ်မှတ်အဖြစ် ဆက်တိုက်ဖြစ်လာမည်ဆိုလျှင် အရှေ့အလယ်ပိုင်းရှိ အမေရိကန်ကုမ္ပဏီလုပ်ငန်းများ၏ ပိုင်ဆိုင်မှုအပေါ် ဆုံးရှုံးနိုင်ခြေစွန့်စားမှု တန်ဖိုးဖြတ်ခြင်းက ပုံမှန်အသွင် မြင့်တက်လာမည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ် များပြားကာ အကျိုးအမြတ်ပြန်လည်ရနိုင်သည့် မျှော်မှန်းချက်များက ကျဆင်းသွားမည် ဖြစ်ကြောင်း၊ ပိုင်ဆိုင်မှု လုံခြုံစိတ်ချရခြင်းနှင့် အကျိုးအမြတ်မျှော်မှန်းချက်အပေါ် ရိုက်ခတ်လာမည် ဖြစ်ပြီး သိပ္ပံနည်းပညာဆိုင်ရာ ပိုင်ဆိုင်မှု တန်ဖိုးဖြတ်ခြင်းသည် ဦးစွာပထမ ဖိအားပေးခံရမည်ဟု ခန့်မှန်းရကာ ၎င်းပိုင်ဆိုင်မှု၏ ဆွဲဆောင်မှုကို ပိုမိုအားနည်းသွားစေနိုင်ကြောင်း ပြောကြားခဲ့သည်။
ဈေးကွက်တွင် ပါဝင်သူများ၏ နောက်ထပ်အာရုံစိုက်မှုမှာ စစ်ပွဲက အမေရိကန်ဗဟိုဘဏ်၏ မူဝါဒချိန်ညှိမှုစည်းချက်ကို ရိုက်ခတ်မည်လော ဟူသည့်အချက် ဖြစ်သည်။ မူလကပင် အမေရိကန်အစိုးရ၏ လွှမ်းမိုးမှုကြောင့် အမေရိကန်ဗဟိုဘဏ်က စီးပွားရေးတိုးတက်မှုကို လှုံ့ဆော်ခြင်း စသည့် ရည်မှန်းချက်များကို ဖော်ဆောင်ရန် စစ်ပွဲမဖြစ်ပွားမီကပင် အတိုးနှုန်းထား လျှော့ချမည့်သတင်းစကားများ အဆက်မပြတ်ထုတ်ပြန်ခဲ့သည်။ သို့သော် အကယ်၍ စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ ရေရှည်မြင့်တက်သည့်ကာလတွင် ရောက်ရှိနေမည်ဆိုလျှင် ယင်းနှင့်တစ်ပါတည်းဖြစ်သော ငွေကြေးဖောင်းပွမှုဖိအားများကြောင့် အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းလျှော့ချသည့်လုပ်ငန်းစဉ်မှာ မဖြစ်မနေ ယာယီရပ်တန့်ရနိုင်ခြေရှိသည်။
ဗြိတိန် Cardiff တက္ကသိုလ် စီးပွားရေးကျောင်း အသုံးချစီးပွားရေးပညာရပ်ဆိုင်ရာ ပါမောက္ခ Patrick Minford က လက်ရှိ ကန်ဒေါ်လာပိုင်ဆိုင်မှုအပေါ် ဈေးကွက်၏ ယုံကြည်ချက်က အမေရိကန် ပြည်တွင်းမူဝါဒ မသေချာမရေရာမှု၏ သက်ရောက်မှုခံရကြောင်း ယူဆသည်။ အမေရိကန်အစိုးရ၏ ဘဏ္ဍာရေး လိုငွေပြမှုက ဆက်တိုက် ကြီးထွားလာရာ အမေရိကန်အစိုးရ၏ ရေရှည်ငွေတိုက်စာချုပ်များအပေါ် ဈေးကွက်၏ ယုံကြည်ချက်က အတိုင်းအတာတစ်ခုအထိ ရိုက်ခတ်ခံရနိုင်ကြောင်း၊ ငွေတိုက်စာချုပ်၏ အကျိုးအမြတ်နှုန်းထား မြင့်တက်လာခြင်းကမူ အနာဂတ် ငွေကြေးဖောင်းပွမှုနှင့် မူဝါဒ မသေချာမရေရာမှုအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်ပူပန်မှုကို အတိုင်းအတာတစ်ခုအထိ ထင်ဟပ်ပြသခဲ့ကြောင်း ၎င်းက ဆိုသည်။
တစ်ချိန်တည်းတွင်ပင် အမေရိကန်ဘဏ္ဍာရေးဈေးကွက် ဖွဲ့စည်းပုံအန္တရာယ်ကလည်း ဈေးကွက်ပါဝင်သူများအတွက် သတိထားစရာ ဖြစ်စေသည်။
အမေရိကန် Cliffwater ကုမ္ပဏီ အထူးရန်ပုံငွေ၏ ပထမသုံးလပတ် ငွေကြေးပြန်လည်ထုတ်ယူသည့် တောင်းဆိုမှုများမှာ ရန်ပုံငွေပမာဏ၏ ၁၄ ရာခိုင်နှုန်းအထိ များစွာ မြင့်တက်ကြောင်း၊ ယင်းမှာ အမေရိကန် ကြီးကြပ်ရေးအာဏာပိုင်များ သတ်မှတ်ထားသည့် သုံးလပတ်ကာလတစ်ခု ငွေကြေးပြန်လည်ထုတ်ယူရန် အမြင့်ဆုံးတောင်းဆိုချက် ၅ ရာခိုင်နှုန်းကို များစွာ ကျော်လွန်နေကြောင်း ဗြိတိန် Financial Times သတင်းစာက မကြာသေးမီရက်ပိုင်းတွင် ဖော်ပြခဲ့သည်။ Wall Street ၏ ထိပ်သီးလုပ်ငန်းကြီးများ ဖြစ်သော BlackRock ၊ Blackstone ၊ Morgan Stanley နှင့် ပုဂ္ဂလိကချေးငွေလုပ်ငန်း ဖြစ်သည့် Blue Owl တို့သည်လည်း မကြာသေးမီရက်ပိုင်းက ရင်းနှီးမြှုပ်နှံသူများ စုပြုံ၍ ငွေကြေးပြန်လည်ထုတ်ယူမှုများနှင့် ရင်ဆိုင်နေရသဖြင့် ငွေထုတ်ယူမှု ကန့်သတ်ချက်စည်းမျဉ်းများ စတင်ကျင့်သုံးနေရကြောင်း သိရသည်။ ဈေးကွက်လေ့လာဆန်းစစ်သူများက ကန်ဒေါ်လာ ထရီလီယံနှင့်ချီ တန်ဖိုးရှိသော အမေရိကန် ပုဂ္ဂလိကချေးငွေလုပ်ငန်းကဏ္ဍသည် ငွေကြေးစီးဆင်းမှု အကျပ်အတည်းနှင့် ကြုံတွေ့ရနိုင်ပြီး ယင်း၏ ကွင်းဆက်ဂယက်ရိုက်ခတ်မှုများကို လျှော့တွက်၍မရသည့်အပေါ် စိုးရိမ်ပူပန်နေကြသည်။
ဩစတြေးလျစီးပွားရေးပညာရှင် ကောစိန်းရှန်က အကယ်၍ အရှေ့အလယ်ပိုင်းစစ်ပွဲသည် ကာလတိုအတွင်း အဆုံးမသတ်နိုင်ပါက ပုဂ္ဂလိကချေးငွေလုပ်ငန်းများ စသည့် အန္တရာယ်များသည့်အရင်းအနှီးကို ရင်းနှီးမြှုပ်နှံသူများက ပြန်ထုတ်မှု ပို၍ များပြားလာမည် ဖြစ်ကြောင်း ထောက်ပြထားသည်။ ထိုအချိန်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများက ငွေသားရရှိရန် ပိုင်ဆိုင်မှုအရင်းအနှီးများကို အောက်ဈေးဖြင့် မဖြစ်မနေ ရောင်းချနိုင်ပြီး ထိုမှတစ်ဆင့် ဈေးကွက်ဆုတ်ယုတ်ကျဆင်းမှု ပို၍ ဆိုးရွားနိုင်ကြောင်း၊ အကယ်၍ ကြပ်မတ်ကွပ်ကဲမှုနှင့် ဈေးကွက်ကယ်ဆယ်ရေးအစီအမံများ ထိရောက်မှုမရှိပါက အမေရိကန် ပုဂ္ဂလိက ချေးငွေလုပ်ငန်း စသည်တို့မှာ ငွေကြေး အလုအယက်ပြန်လည်ထုတ်ယူမှုများကြောင့် စနစ်ဆိုင်ရာ အကျပ်အတည်းအတွင်းသို့ သက်ဆင်းနိုင်ကြောင်း ၎င်းက ဆိုသည်။
ဗြိတိန် Birmingham တက္ကသိုလ် ဘဏ္ဍာရေးဆိုင်ရာ ပါမောက္ခ Hisham Farag က ယခုနှစ်ပိုင်းများတွင် နိုင်ငံအသီးသီးက ကန်ဒေါ်လာစနစ်၏ နိုင်ငံရေးအန္တရာယ်ကို စတင်ပြီး ပိုမိုအာရုံစိုက်လာကြပြီး ဥပမာ မိမိနိုင်ငံငွေကြေးဖြင့် ငွေပေးချေမှု တိုးချဲ့ခြင်း သို့မဟုတ် အခြားသောအရန်ပိုင်ဆိုင်မှုကို အသုံးပြုခြင်း စသည်တို့ဖြင့် ကန်ဒေါ်လာအပေါ်မှီခိုမှုအား လျှော့ချသည့်နည်းလမ်းအား ကြိုးပမ်းရှာဖွေလျက်ရှိကြောင်း ယူဆသည်။ ကန်ဒေါ်လာသည် ကမ္ဘာလုံးဆိုင်ရာ ဘေးကင်းလုံခြုံသည့်ပိုင်ဆိုင်မှုအဖြစ် ရှိနေဆဲဖြစ်သော်ငြားလည်း အမေရိကန်ကုန်သွယ်ရေးမူဝါဒ စသည့် အကြောင်းရင်းများကို ထည့်သွင်းစဉ်းစားရခြင်းကြောင့် ကန်ဒေါ်လာသည် တစ်ဖန်ထပ်မံအားနည်းလာနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ပိုင်ဆိုင်မှုအရင်းအနှီး ခွဲဝေစီမံသည့် ဖွဲ့စည်းပုံကို တစ်ဆင့်ချင်း ပြောင်းလဲစေနိုင်ကြောင်း ၎င်းက ယူဆသည်။
ဖန်းရှန့်တုန်းကလည်း ပဋိပက္ခရေရှည်ဆက်တိုက်ဖြစ်ပွားနေခြင်းက ရေနံနှင့် ကန်ဒေါ်လာစနစ်၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ကန်ဒေါ်လာမှီခိုမှုလျှော့ချရေးကို ထပ်ဆင့် တွန်းအားဖြစ်စေကာ ကန်ဒေါ်လာအပေါ် ယုံကြည်မှုကို ကျဆင်းစေမည် ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ရေရှည် အရင်းအနှီးများ၏ ပိုင်ဆိုင်မှုဆိုင်ရာ ခွဲဝေစီမံမှုလော့ဂျစ်အပေါ် ပြန်လည်စိစစ်သုံးသပ်ရန် တွန်းအားဖြစ်စေကာ ကန်ဒေါ်လာပိုင်ဆိုင်မှု အရင်းအနှီးအများ၏ ခွဲဝေစီမံမှုအချိုးအစားကို တစ်ဆင့်ချင်း လျော့နည်းသွားစေပြီး ၎င်း၏ ရေရှည်တန်ဖိုးဖြတ်မှုနှင့် ခွဲဝေစီမံမှု၏ ဆွဲဆောင်အားသည်လည်း လိုက်ပါလျော့နည်းသွားမည် ဖြစ်ကြောင်း ယူဆသည်။
အရှေ့အလယ်ပိုင်းဒေသ Cedar Financial Group အမှုဆောင်အရာရှိချုပ် ချန်စိဆန်းက ရင်းနှီးမြှုပ်နှံသူများအတွက်ဆိုလျှင် ပထဝီနိုင်ငံရေးပဋိပက္ခသည် ရေတိုအတွင်း ဈေးကွက်အခြေအနေကို ဂယက်ရိုက်ခတ်စေသလို ပိုင်ဆိုင်မှုအရင်းအနှီးဈေးနှုန်းကိုလည်း အပြောင်းအလဲ ဖြစ်စေကြောင်း၊ သို့သော် ရေရှည်ရှုထောင့်မှကြည့်လျှင် နိုင်ငံတကာ အရင်းအနှီးများ စီးဆင်းသည့်ဦးတည်ချက်ကို အမှန်တကယ်ဆုံးဖြတ်ပေးနိုင်သည်မှာ စနစ်တည်ငြိမ်မှု၊ ဘဏ္ဍာရေးစနစ်၏ ရင့်ကျက်မှုနှင့် ပွင့်လင်းမှုစသည့် ဖွဲ့စည်းပုံအကြောင်းတရားများသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စစ်ပွဲသည် ဒေသတွင်း အင်အားစု၏ အခင်းအကျင်းကို ပြောင်းလဲနိုင်သော်လည်း အရင်းအနှီးများက ကမ္ဘာတစ်ဝန်းတွင် တည်ငြိမ်သည့် ဘဏ္ဍာရေးအချက်အချာနှင့် ထိရောက်မှု မြင့်မားသော ဘဏ္ဍာရေးအချက်အချာကို ရှာဖွေကြသည့် အခြေခံလော့ဂျစ်မှာမူ ပြောင်းလဲခြင်း မရှိကြောင်း ၎င်းက ဆိုသည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်စတော့အိတ်ချိန်းရှိ အရောင်းအဝယ်ပြုလုပ်ရာခန်းမအတွင်း အလုပ်လုပ်နေသူတစ်ဦးအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
国际观察|中东战事延宕或动摇美元资产避险属性
新华社伊斯坦布尔3月19日电 题:中东战事延宕或动摇美元资产避险属性 新华社记者傅云威 马则刚
美以伊战事外溢效应正愈加显著,地缘政治风险已成为影响全球资产定价的关键变量,或将加速全球资产配置再平衡。在此过程中,美元资产走势不确定性增强,其传统避险属性开始受到更多质疑。
市场分析人士认为,若中东战事延宕不休,叠加美资在战区风险敞口较大、国际能源价格上涨或扰乱美国联邦储备委员会政策调整节奏、美金融市场结构性风险加大等多重因素,美元资产避险属性或将随之动摇。
美元资产被投资者长期视为硬通货,具备较强流动性和避险功能。在全球地缘政治和金融体系遭遇动荡时,美元资产往往会备受市场追捧。本轮战事爆发以来,美元指数虽有所走强,但整体涨幅不大,且并非所有美元资产都同等获得避险溢价,市场并未出现资金大量涌入美元资产的迹象。
路透社日前援引美国新兴市场证券基金研究公司的统计数据报道,在截至11日的一周内,全球新兴市场债券基金出现约11亿美元资金净流出。衡量美元对六种主要货币的美元指数也没有一路冲高,17日下跌0.13%,尾市收于99.574。 值得关注的是,美国10年期和2年期国债收益率近期均有所上升,这也与地缘冲突初期美债收益率下降的传统避险逻辑不一致,引发部分市场参与者对美元资产避险属性的质疑,有观点将其称为美元资产“避险失灵”。
美国企业在中东的数百亿美元直接投资覆盖能源、数字基建等关键领域,风险敞口较大。据路透社等媒体报道,近期伊朗无人机袭击导致美国亚马逊公司旗下云计算服务平台在阿联酋的两座数据中心受损并引发电力中断,部分云服务运行受到影响。这一事件引发市场对美西方科技企业海外数字基础设施可能被纳入军事打击目标的担忧。
对此,位于北京的市场研究机构启铼研究院首席经济学家潘向东告诉记者,若美西方数字基础设施持续成为军事打击目标,美企中东资产风险定价将常态化上调,运营成本增加、回报预期下降,资产安全性与盈利预期受冲击,科技类资产估值预计会率先承压,进一步弱化其资产吸引力。
市场人士另一关注点集中于战事会否影响美联储政策调整节奏。原本,在美国政府影响下,美联储在战事爆发前不断释放降息信号,以期实现刺激经济增长等目的。然而,若战事刺激国际能源价格进入较长上涨周期,随之而来的通胀压力或迫使美联储暂停降息进程。
英国卡迪夫大学商学院应用经济学教授帕特里克·明福德认为,当前市场对美元资产的信心受到美国国内政策不确定性的影响。美国政府财政赤字持续扩大,市场对美国长期国债的信心或受到一定程度影响,而债券收益率上升在一定程度上反映了投资者对未来通胀和政策不确定性的担忧。
与此同时,美国金融市场结构性风险也引发市场人士警惕。英国《金融时报》日前报道,美国克利夫沃特公司旗舰基金的一季度赎回请求激增至其规模的14%,远超美国监管当局规定5%的季度赎回上限。华尔街巨头贝莱德、黑石、摩根士丹利、私募信贷机构蓝色猫头鹰等近日也遭遇投资者扎堆赎回,从而触发限制赎回条款。市场分析人士担忧,规模上万亿美元的美国私募信贷行业可能正遭遇流动性危机,其连锁反应不容低估。
澳大利亚经济学家郭生祥指出,如果中东战事不能在短期内结束,投资者从私募信贷这类高风险资产撤出的力度会更大。届时,相关机构可能被迫贱卖资产变现,从而加剧市场颓势。如果监管和救市措施不到位,美国私募信贷等行业可能陷入挤兑式赎回激发的系统性危机。
英国伯明翰大学金融学教授希沙姆·法拉格认为,近年来,各国开始更加关注美元体系的政治风险,并探索减少对美元依赖的路径,例如扩大本币结算或使用其他储备资产等。美元仍是全球主要避险资产,但考虑到美国贸易政策等因素,美元可能再次走弱,并逐步改变全球资本配置结构。
潘向东也认为,冲突长期延续可能动摇石油美元体系根基,叠加全球去美元化进程推进,将削弱美元信用,推动全球长期资本重新审视资产配置逻辑,逐步降低对美元资产的配置比例,其长期估值与配置吸引力也将随之减弱。
中东杉树金科集团首席执行官常士杉表示,对投资者而言,地缘冲突往往会在短期内引发市场情绪波动和资产价格调整,但从更长时间维度看,真正决定国际资本流向的仍然是制度稳定性、金融体系成熟度及开放度等结构性因素。战争可能改变地区力量格局,但资本在全球范围内寻找稳定金融节点和高效金融枢纽的基本逻辑并未发生改变。(完)
1. 这是2025年9月17日在美国首都华盛顿拍摄的美国联邦储备委员会大楼外景。新华社记者胡友松摄
2. 2025年12月12日,一名交易员在美国纽约证券交易所交易大厅内工作。纽约股市三大股指当日下跌。新华社记者刘亚南摄
