North America
အမေရိကန်က အီရန်အပေါ် ရေနံပိတ်ဆို့အရေးယူမှုများကို အကန့်အသတ်ဖြင့် ပြန်လည်ဖြေလျှော့
နယူးယောက်၊ မတ် ၂၁ ရက် (ဆင်ဟွာ)
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) က မတ် ၂၀ ရက်တွင် အထွေထွေခွင့်ပြုစာကို ထုတ်ပြန်ခဲ့ရာ ရေနံဈေးကွက် ထောက်ပံ့ရေးကို တိုးမြှင့်ရန်အတွက် ထိုနေ့အထိ သင်္ဘောပေါ်သို့ တင်ဆောင်ပြီးဖြစ်သည့် အီရန်ရေနံစိမ်းနှင့် ရေနံထုတ်ကုန်ပစ္စည်းများ လွှဲပြောင်းခြင်းနှင့် ရောင်းချခြင်းကို ခွင့်ပြုလိုက်ကြောင်း သိရသည်။
အဆိုပါ ခွင့်ပြုစာအရ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မတ် ၂၀ ရက်အထိ သင်္ဘောတင်ပြီးဖြစ်သော အီရန်ရေနံစိမ်းနှင့် ရေနံထုတ်ကုန်များကို ယင်းနေ့မှစ၍ ဧပြီ ၁၉ ရက်အထိ ပုံမှန်ရောင်းချခြင်း၊ လွှဲပြောင်းခြင်း စသည့် အရောင်းအဝယ်များ ပြုလုပ်နိုင်မည် ဖြစ်သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က X လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်၍ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် “အခြေအနေနဲ့ အံကိုက်ဖြစ်စေတဲ့ ရေတိုခွင့်ပြုချက်တစ်ရပ်ကို ထုတ်ပြန်ပြီး လက်ရှိ ပင်လယ်ပြင်မှာ သောင်တင်နေတဲ့ အီရန်ရေနံတွေကို ရောင်းချခွင့်ပြုလိုက်ပါတယ်” ဟု ဖော်ပြထားသည်။
“ဒီ ယာယီနှင့် ရေတိုခွင့်ပြုချက်က သယ်ယူပို့ဆောင်နေဆဲရေနံတွေအတွက်သာ တင်းတင်းကျပ်ကျပ် အကျုံးဝင်ခွင့်ပြုထားပြီး အသစ်ဝယ်ယူမှု သို့မဟုတ် ထုတ်လုပ်မှုတွေကိုတော့ ခွင့်ပြုမှာ မဟုတ်ဘူး” ဟု Scott Bessent က ဆိုသည်။
အီရန်၏ ရေနံစည် သန်း ၁၄၀ ခန့်သည် သင်္ဘောပေါ်တင်၍ ပို့ဆောင်နေပြီး သို့မဟုတ် ပင်လယ်ပြင်မှာ သိုလှောင်ထားပြီး ဖြစ်ကြောင်း Scott Bessent က မတ် ၁၉ ရက် မီဒီယာများ၏ မေးမြန်းမှုကို လက်ခံဖြေကြားရာ၌ ပြောကြားခဲ့သည်။
သို့သော် အီရန်ရေနံဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Saman Goudarzi ကမူ လက်ရှိ အီရန်တွင် ပင်လယ်ပြင်၌ သောင်တင်နေသည့် သို့မဟုတ် နိုင်ငံတကာဈေးကွက်ကို ထောက်ပံ့သည့် အပိုလက်ကျန် ရေနံစိမ်း မရှိကြောင်း၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး၏ ကြေညာချက်မှာ “ဝယ်လက်များကို မျှော်လင့်ချက် ပေးရုံမျှသာ ဖြစ်ကြောင်း” မတ် ၂၀ ရက်တွင် X လူမှုကွန်ရက်စာမျက်နှာ၌ တုံ့ပြန်ပြောကြားခဲ့သည်။
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတိုက်ခိုက်မှုကြောင့် ဖြစ်ပွားသည့် စစ်ပွဲအရှိန်ဆက်တိုက် မြင့်တက်လာခြင်းကြောင့် ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှုများ အတားအဆီးဖြစ်ခဲ့ရာ ကမ္ဘာ့ရေနံဈေးနှုန်း များစွာမြင့်တက်ခဲ့သလို အမေရိကန်နိုင်ငံအတွင်း ဓာတ်ဆီနှင့် ဒီဇယ်ဆီ လက်လီဈေးနှုန်းများသည်လည်း တရိပ်ရိပ်မြင့်တက်လာခဲ့သည်။ (Xinhua)
——————-
(Chinese Version)
美国有条件放松对伊朗石油制裁
新华社纽约3月20日电(记者刘亚南)美国财政部下属的外国资产控制办公室20日发布通用许可文件,允许截至当日已经装船的伊朗原油和石油产品交付和销售,以增加石油市场供应。
根据这份许可文件,截至美国东部时间20日已装船的伊朗原油及石油产品,即日起到4月19日可正常开展销售、交付等交易。
美国财政部长贝森特在社交媒体平台X上发文说,财政部发布“一项量身定制的短期授权,允许出售目前滞留在海上的伊朗石油”。贝森特说:“这项临时的、短期的授权严格限于已在运输中的石油,不允许新的购买或生产。”
贝森特19日接受媒体采访时称,伊朗大约有1.4亿桶石油已装运或存放在海上。
不过,伊朗石油部发言人萨曼·戈杜西20日在X上回应说,目前伊朗没有剩余原油滞留在海上或供应国际市场,美国财长的声明“仅是为了给买家带来希望”。
美以袭击伊朗引发的战事持续升级,导致霍尔木兹海峡通行受阻,国际油价大幅上涨,美国国内汽柴油零售价格也持续攀升。(完)
1. 这是12月2日在美国首都华盛顿拍摄的白宫。新华社记者 胡友松 摄
