Connect with us

China

ဝမ်ဟုနင်နှင့် အမေရိကန် ဟားဗက်တက္ကသိုလ်ပါမောက္ခ Graham Allison တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ပေကျင်းမြို့၌ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်နှင့် အမေရိကန် ဟားဗက်တက္ကသိုလ်ပါမောက္ခ Graham Allison တို့ မတ် ၂၀ ရက်က တွေ့ဆုံဆွေးနွေးကြစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က မတ် ၂၀ ရက်တွင် အမေရိကန် ဟားဗက်တက္ကသိုလ်ပါမောက္ခ Graham Allison နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ဟုနင်က သမ္မတရှီကျင့်ဖိန်နှင့် သမ္မတ ထရမ့်တို့သည် ကောင်းမွန်သော ဆက်ဆံရေး ထိန်းသိမ်းထားပြီး တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော မဟာဗျူဟာမြောက် လမ်းညွှန်မှုများ ပေးအပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်နိုင်ငံ “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” စတင်ခြင်းနှစ်ဖြစ်ရာ တရုတ်နိုင်ငံသည် ပင်ကိုဖွံ့ဖြိုးတိုးတက်မှု၏ သေချာမှုဖြင့် အပြောင်းအလဲများသော နိုင်ငံတကာအခြေအနေကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ အဓိကကျသော အကျိုးစီးပွားများ၏ အချက်အချာ ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် နှစ်ဖက်အနေဖြင့် အပြန်အလှန်ဆွေးနွေးမှုကို အားကောင်းစေပြီး ကွဲလွဲမှုများကို ကောင်းမွန်ဆီလျော်စွာ စီမံထိန်းချုပ်ကာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်လုပ်ဆောင်သင့်ကြောင်း၊ မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်းကို လျှောက်လှမ်းသင့်ပြီး ကမ္ဘာကြီးအတွက် သေချာမှုနှင့် အပြုသဘောဆောင်သော စွမ်းအားများ ဖြည့်တင်းပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Allison က လက်ရှိ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် စည်းစနစ်တို့သည် ပြင်းထန်စွာ တိုက်စားခံနေရပြီး အမေရိကန်နှင့် တရုတ်က မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်း ရှာဖွေတွေ့ရှိခြင်းသည် ကမ္ဘာကြီးအတွက် အလွန်အရေးပါကြောင်း၊ သမ္မတ ရှီကျင့်ဖိန်အဆိုပြုသော ရာစုနှစ်အတွင်း မကြုံစဖူး အပြောင်းအလဲကြီးအပေါ် အကဲဖြတ်ချက်နှင့် တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူသုံးရပ်သည် အလွန်ပင် လမ်းညွှန်ပေးသည့်အနက်အဓိပ္ပါယ်ရှိစေကြောင်း၊ အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံအနေဖြင့် ထိုင်ဝမ် စသည့် ကိစ္စရပ်များကို ကောင်းမွန်ဆီလျော်စွာ ကိုင်တွယ်ဖြေရှင်းပြီး နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရေးကို သေချာစေရန် မျှော်လင့်ကြောင်း၊ ယင်းသည် နိုင်ငံအသီးသီး၏ မျှော်လင့်ချက်များနှင့်လည်း ကိုက်ညီကြောင်း ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ဝမ်တုန်းဖုန်း စသည်တို့လည်း ပါဝင်တက်ရောက်ခဲ့သည်။ (Xinhua)
………………………
(Chinese Version)
王沪宁会见美国哈佛大学教授艾利森
新华社北京3月20日电 全国政协主席王沪宁20日在京会见美国哈佛大学教授艾利森。
王沪宁表示,习近平主席同特朗普总统保持着良好交往,为中美关系改善发展提供了重要战略引领。今年是中国“十五五”开局之年,中国将以自身发展的确定性应对风云变幻的国际形势。台湾问题是中国核心利益中的核心。中美双方应当加强对话沟通,妥善管控分歧,拓展务实合作,走出一条正确相处之道,为世界注入确定性和正能量。
艾利森表示,当前国际和平与秩序正遭受严重侵蚀,美中找到正确相处之道对世界很重要。习近平主席提出百年未有之大变局的判断和发展中美关系的三原则极富启示意义。希望美中双方妥善处理台湾等问题,确保两国关系稳定发展,这也符合各国的期待。
王东峰等参加会见。(完)
图说:3月20日,全国政协主席王沪宁在北京会见美国哈佛大学教授艾利森。 新华社记者 姚大伟 摄