Connect with us

Africa & Middle East

အီရန်အနေဖြင့် ၄၈ နာရီအတွင်း ဟော်မုဇ်ရေလက်ကြားကို ဖွင့်မပေးပါက အီရန်၏ ဓာတ်အားပေးစက်ရုံများကို ဖျက်ဆီးပစ်မည်ဟု ထရမ့် ခြိမ်းခြောက်

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရှင်းလင်းပြောကြားနေပုံကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

အီရန်အနေဖြင့် ၄၈ နာရီအတွင်း ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ဖွင့်ပေးခြင်းမရှိပါက အီရန်၏ ဓာတ်အားပေးစက်ရုံများကို “တိုက်ခိုက်ဖျက်ဆီးပစ်မည်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ် ၂၁ ရက်၌ ခြိမ်းခြောက်ပြောဆိုခဲ့သည်။“အီရန်အနေနဲ့ အခုကစပြီး ၄၈ နာရီအတွင်း ခြိမ်းခြောက်အန္တရာယ်ပေးတာတွေမရှိဘဲ ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ဖွင့်မပေးဘူးဆိုရင် အမေရိကန်အနေနဲ့ အကြီးဆုံး ဓာတ်အားပေးစက်ရုံကနေစပြီး ဓာတ်အားပေးစက်ရုံ အများအပြားကို တိုက်ခိုက်ဖျက်ဆီးပစ်မှာပါ” ဟု Truth Social ၌ ပို့စ်တင်၍ ရေးသားခဲ့သည်။

အီရန်နိုင်ငံ တီဟီရန်မြို့တွင် ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယက် အာဘတ်စ် အာရက်ဂ်ချီအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီရန်နိုင်ငံ မြောက်ပိုင်းအထိ ထိစပ်လျက်ရှိသော အလွန်အရေးပါသည့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လမ်းကြောင်း တစ်ခုဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် တင်ပို့မှု ငါးပုံတစ်ပုံခန့် ဖြတ်သန်းနေသည့် ဟော်မုဇ်ရေလက်ကြားမှာ ယခုစစ်ပွဲ၌ အဓိက ပေါက်ကွဲလုနီးပါး နေရာတစ်ခု ဖြစ်လာခဲ့သည်။

ယင်းအား တုံ့ပြန်သည့်အနေဖြင့် အီရန်ထိပ်တန်း စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်ဖြစ်သည့် ခါတမ် အယ်လ်-အန်ဘီယာ ဗဟိုဌာနချုပ်က အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရမည်ဆိုပါက အမေရိကန်နှင့် အစ္စရေး၏ စွမ်းအင်၊ သတင်းအချက်အလက်နည်းပညာနှင့် ရေချိုထုတ်လုပ်သည့် အခြေခံအဆောက်အအုံများကို တိုက်ခိုက်မည်ဟု မတ် ၂၂ ရက်၌ သတိပေးခဲ့ကြောင်း Fars သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ထရ့မ်က အမေရိကန်အနေဖြင့် ဒေသတွင်း၌ စစ်ရေးလှုပ်ရှားမှုများကို တဖြည်းဖြည်း လျှော့ချသွားရန် စဉ်းစားနေသည်ဟု ပြောကြားခဲ့ပြီး တစ်ရက်အကြာတွင် ယင်းကဲ့သို့ အီရန်အပေါ် ရာဇသံပေးမှုက တင်းမာမှု အရှိန်မြင့်တက်လာသည့် လက္ခဏာကို ပြသနေခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်ဖို့ တော်တော်လေးနီးစပ်နေပြီမို့ အရှေ့အလယ်ပိုင်းဒေသမှာ အီရန်အပေါ် ကြီးမားတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တဖြည်းဖြည်း လျှော့ချသွားဖို့ စဉ်းစားနေပါတယ်” ဟု ထရ့မ်က မတ် ၂၀ ရက်တွင် ဆိုရှယ်မီဒီယာ၌ ပြောကြားခဲ့သည်။ တစ်ဆက်တည်းမှာပင် အီရန်နှင့် အပစ်အခတ်ရပ်စဲမှု ရယူရန်လည်း ထရမ့်က ငြင်းပယ်ခဲ့သည်။

အီရန်အား အမေရိကန်နှင့် အစ္စရေးတို့က ပူးတွဲဆင်နွှဲနေသည့် စစ်ပွဲမှာ စတုတ္ထမြောက် သီတင်းပတ်ထဲသို့ ရောက်ရှိလာပြီးနောက် ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်းသွားလာမှုများကို ထိခိုက်စေသည့်အတွက် ရေနံဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်လာစဉ် ထရမ့်၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်၌ အမေရိကန်နှင့် အစ္စရေးတို့က အီရန်အား တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့ပြီးနောက် ရေနံစျေးနှုန်းများသည် ၅၀ ရာခိုင်နှုန်းခန့်အထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ရာ အမေရိကန်အတွက် ဖိအားများ တိုးလာခဲ့သည်။ ရေနံဈေးနှုန်းများ ထိုးတက်လာခြင်းကြောင့် ကွန်ဂရက်လွှတ်တော်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ရီပက်ဘလစ်ကန်များက မျှော်လင့်ထားသည့် နိုဝင်ဘာလ သက်တမ်းဝက် ရွေးကောက်ပွဲမတိုင်မီ အမေရိကန် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအပေါ် ထိခိုက်မှုများ ရှိလာမည်ကို အိမ်ဖြူတော်က စိုးရိမ်လျက်ရှိသည်။

ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွားလာရန် အဟန့်အတားများဖြစ်ပေါ်နေခိုက် ရေနံပေးသွင်းမှု ပြတ်လပ်နေခြင်းကို ကိုင်တွယ်ဖြေရှင်းရန် ပင်လယ်ပြင်၌ အီရန်ရေနံများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ယာယီရုပ်သိမ်းလိုက်သည့် အထွေထွေ ခွင့်ပြုမိန့်တစ်ရပ်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မတ် ၂၀ ရက်၌ ထုတ်ပြန်ခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယက် အာဘတ်စ် အာရက်ဂ်ချီကမူ အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားခြင်းမရှိကြောင်း၊ သို့သော် အီရန်အား တိုက်ခိုက်မှုများတွင် ပါဝင်နေသော နိုင်ငံများ၏ သင်္ဘောများကိုမူ ကန့်သတ်ပိတ်ဆို့မှုများ လုပ်ဆောင်ထားကြောင်း မတ် ၂၀ ရက်က ပြောကြားခဲ့သည်။

အခြားနိုင်ငံများမှ သင်္ဘောများအနေဖြင့် အီရန်အစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်မည်ဆိုပါက ဟော်မုဇ်ရေလက်ကြားမှ ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် အီရန်နိုင်ငံက အသင့်ရှိကြောင်း အာရက်ဂ်ချီက ပြောသည်။ (Xinhua)
………………………………………………………………….
(English Version)
Trump threatens to “obliterate” Iran’s power plants if Strait of Hormuz not opened within 48 hours
WASHINGTON, March 21 (Xinhua) — U.S. President Donald Trump threatened on Saturday to “hit and obliterate” Iranian power plants if the country fails to fully open the Strait of Hormuz within 48 hours.
“If Iran doesn’t FULLY OPEN, WITHOUT THREAT, the Strait of Hormuz, within 48 HOURS from this exact point in time, the United States of America will hit and obliterate their various POWER PLANTS, STARTING WITH THE BIGGEST ONE FIRST!” He wrote in a post on Truth Social.
The Strait of Hormuz, a vital global energy corridor bordered by Iran to the north, through which around a fifth of global oil and liquefied natural gas supply passed, has become a key flashpoint in the war.
In response, Iran’s primary military command, Khatam al-Anbiya Central Headquarters, warned on Sunday that it would strike U.S. and Israeli “energy, information technology and desalination infrastructure” in the region if its energy infrastructure was attacked, according to Fars News Agency.
Trump’s ultimatum against Iran signaled an escalation one day after he said Washington was considering “winding down” military efforts in the region.
“We are getting very close to meeting our objectives as we consider winding down our great military efforts in the Middle East” with respect to Iran, he said Friday on social media. Meanwhile, Trump refused to reach a ceasefire with Tehran.
His warning also came as the joint U.S.-Israeli campaign against Iran entered the fourth week, which has disrupted global shipping and sent oil prices soaring.
Oil prices have surged by about 50 percent since the United States and Israel launched their attacks on Feb. 28, bringing increasing pressure on Washington. The White House worries that the surge in oil prices will hurt U.S. businesses and consumers ahead of the November midterm elections, when Republicans hope to retain control of Congress.
The U.S. Treasury Department on Friday issued a general license temporarily lifting sanctions on Iranian oil at sea for 30 days to address the supply shortage amid shipping interruptions in the Strait of Hormuz.
Iranian Foreign Minister Seyed Abbas Araghchi said Friday that Iran has not closed the waterway, but has imposed restrictions on vessels belonging to countries involved in anti-Iran attacks.
Araghchi said Iran is ready to ensure safe passage for other states’ vessels through the Strait of Hormuz if they coordinate with Tehran.
English Caption 1
U.S. President Donald Trump speaks during a joint press conference with Israeli Prime Minister Benjamin Netanyahu at the White House in Washington D.C., the United States, Feb. 4, 2025. (Xinhua/Hu Yousong)
English Caption 2
Iran’s Foreign Minister Seyed Abbas Araghchi attends a joint press conference in Tehran, Iran, Jan. 18, 2026. (Xinhua/Shadati)