Connect with us

International Organizations

ဘိုင်ယန်မြူးနစ်က နာဘရီ၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ ယူနီယံဘာလင်ကို ဂိုးပြတ်အနိုင်ရရှိ

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ယူနီယံဘာလင်အသင်းတို့ ၂၀၂၆ ခုနှစ် မတ် ၂၁ ရက် ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်းမှ ဟယ်ရီကိန်း (အလယ်) ၏ ထိုးဖောက်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

မတ် ၂၁ ရက်က ဘိုင်ယန်မြူးနစ်အသင်းနှင့် ယူနီယံဘာလင်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်၌ ဘိုင်ယန်မြူးနစ်က အိမ်ကွင်း၌ ၄ ဂိုးပြတ် အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ၉ မှတ်ဖြတ်၍ ဦးဆောင်ထားဆဲဖြစ်သည်။ဘိုင်ယန်အသင်းဘက်တွင် လူးဝစ်စ် ဒီယက်ဇ်နှင့် နစ်ကိုးလပ်စ် ဂျက်ခ်ဆင်တို့ ပွဲပယ်ခံထားရသလို ဂျိုနသန်တား၊ အယ်လ်ဖွန်ဆို ဒေးဗီးစ်နှင့် ဂျမားလ် မူစီယာလာတို့လည်း ပါဝင်နိုင်ခြင်း မရှိသည့်အတွက် နည်းပြ ဗင်းဆင့် ကွန်ပနီက အသင်းလူစာရင်းအား အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ယူနီယံဘာလင်အသင်းတို့ ၂၀၂၆ ခုနှစ် မတ် ၂၁ ရက် ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်းမှ ဆာ့ဂျ် နာဘရီ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘိုင်ယန်အသင်းက ပွဲအစကတည်းကပင် ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ထိန်းချုပ်ထားသော်လည်း ယူနီယံအသင်း၏ ကျစ်လျစ်တောင့်တင်းသည့် ခံစစ်ကို ထိုးဖောက်နိုင်ရန် ပွဲချိန်အစောပိုင်းတွင် ရုန်းကန်ခဲ့ရသည်။ လန်းနက်ထ် ကားလ်၏ ကန်ချက်ကို ယူနီယံဂိုးသမား ဖရီးဒရစ် ရွန်နိုး ကာကွယ်နိုင်ခဲ့သလို ၎င်း၏ နောက်တစ်ကြိမ် ဂိုးကန်သွင်းမှုမှာလည်း ဂိုးတိုင်နှင့်ထိခဲ့ပြီး ဟယ်ရီကိန်းနှင့် လီယွန် ဂေ့ါဇ်ကာတို့ကလည်း အခွင့်အရေးကောင်းများကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်း မရှိသဖြင့် အစောပိုင်းတွင် ရရှိခဲ့သည့် အခွင့်အရေးများမှာ အလဟဿဖြစ်ခဲ့ရသည်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ယူနီယံဘာလင်အသင်းတို့ ၂၀၂၆ ခုနှစ် မတ် ၂၁ ရက် ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်းမှ ကွန်ရက်ဒ် လိုင်မာ (ဝဲ) နှင့် ယူနီယံဘာလင်အသင်းမှ ဂျန်းနစ်ခ် ဟာဘာရာတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

သို့သော် ပထမပိုင်းမပြီးဆုံးမီတွင် ပွဲ၏အရှိန်အဟုန် အလှည့်အပြောင်းဖြစ်ပေါ်ခဲ့ပြီး မိုက်ကယ် အိုလစ်ဆီက ဂေ့ါဇ်ကာ၏ ဘောလုံးပေးပို့မှုကို လက်ခံရယူကာ အတွင်းထဲသို့ချိုးဝင်ပြီး အဝေးထောင့်ဆီသို့ ဝေ့ဝိုက်ကန်သွင်း၍ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သည်။ မိနစ်ပိုင်းအကြာတွင် ဆာ့ဂျ် နာဘရီက ဒုတိယဂိုးသွင်းယူခဲ့သဖြင့် ဘိုင်ယန်က ပထမပိုင်းတွင် ၂ ဂိုးအသာဖြင့် ဦးဆောင်ထားခဲ့သည်။ ဂျိုရှူအာ ကင်းမစ်ချ်၏ ဖြတ်တင်ဘောကို ယူနီယံဂိုးသမား အတွက်အချက်လွဲမှားရာမှ နာဘရီက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်းပြန်စချိန်တွင် ကွန်ရက်ဒ် လိုင်မာ၏ ဖန်တီးပေးမှုကို ကိန်းက ၁၅ မီတာအကွာမှ ပိတ်သွင်း၍ အနိုင်ဂိုးထပ်မံသွင်းယူခဲ့သဖြင့် ယူနီယံအတွက် မျှော်လင့်ချက်များ အလျင်အမြန် ပျောက်ကွယ်သွားခဲ့ရသည်။ ထို့နောက် ဘိုင်ယန်ကပင် ဆက်လက်ဖိကစားခဲ့ရာ ပွဲချိန် ၆၇ မိနစ်တွင် အိုလစ်ဆီ၏ ထိုးဖောက်မှုမှတစ်ဆင့် နာဘရီက ဂိုးထပ်မံသွင်းယူခဲ့သဖြင့် ဘိုင်ယန်၏ အနိုင်ရလဒ်မှာ သေချာသလောက်ရှိသွားခဲ့သည်။

ယူနီယံအသင်း၏ တိုက်စစ်မှာ ရံဖန်ရံခါမှသာ ခြိမ်းခြောက်နိုင်ခဲ့ပြီး ဘိုင်ယန်အသင်းကသာ ဂိုးသွင်းခွင့်များကို ဆက်လက်ဖန်တီးနိုင်ခဲ့သည်။ အိုလစ်ဆီ၏ကန်ချက်မှာ ဂိုးတိုင်နှင့်ထိခဲ့သလို အသက် ၁၆ နှစ်နှင့် ၃၀၆ ရက်တွင် ဘွန်ဒက်စ်လီဂါ၌ ပွဲဦးထွက်ကစားခွင့်ရခဲ့သည့် လူငယ်ကစားသမားလေး အာဘလင် အော့စ်မာနီ၏ အနီးကပ်ပိတ်သွင်းမှုမှာလည်း လွဲချော်ခဲ့သည်။

ဘိုင်ယန်အသင်းက ယခုရာသီတွင် ၂၂ ပွဲမြောက် နိုင်ပွဲကိုရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိကာ ယူနီယံအသင်းမှာမူ အဆင့်-၁၀ သို့ ရောက်ရှိသွားခဲ့သည်။အခြားပွဲစဉ်များတွင် အဆင့်-၂ မှ ဒေ့ါမွန်အသင်းက နှစ်ဂိုးရှုံးနိမ့်‌နေသော်လည်း နောက်မှလိုက်ကစားကာ ဟမ်းဘတ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ လေဗာကူဆင်အသင်းကလည်း အမှတ်ပေးဇယားအောက်ဆုံးမှ ဟိုင်ဒန်ဟိမ်းအသင်းကို နှစ်ဂိုးအသာဖြင့် ဦးဆောင်ထားသော်လည်း ၃-၃ ဂိုးစီ သရေကျခဲ့သည်။ ပွဲ ၁၀၀ မြောက် ရိုင်းလန်းဒါဘီအဖြစ် ကိုလုံးအသင်းနှင့် မွန်ချန်ဂလာဘတ်ချ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ၃ ဂိုးစီ သရေကျခဲ့ပြီး ဝါဒါဘရီမင်က ဝုဖ်ဘတ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ဝုဖ်ဘတ်မှာ တန်းဆင်းရမည့် အန္တရာယ်နှင့် ပိုမိုနီးကပ်လာခဲ့သည်။ (Xinhua)
…………………………………………
(English Version)
Gnabry double leads Bayern past Union in dominant display
BERLIN, March 21 (Xinhua) — Bayern Munich delivered a commanding 4-0 home victory over Union Berlin on Saturday to maintain its nine-point lead at the top of the Bundesliga table.
Coach Vincent Kompany rotated his side with several absentees, with Luis Diaz and Nicolas Jackson suspended and Jonathan Tah, Alphonso Davies and Jamal Musiala also unavailable.
Bayern dominated possession from the outset but initially struggled to break down a compact Union defense. Early chances went begging as Lennart Karl was denied by goalkeeper Frederik Ronnow and later hit the post, while Harry Kane and Leon Goretzka also failed to convert from promising openings.
Momentum shifted just before the interval when Michael Olise collected a pass from Goretzka, cut inside and curled into the far corner. Serge Gnabry added a second moments later after Ronnow misjudged a Joshua Kimmich cross, sending Bayern into the break 2-0 ahead.
Any hopes of a Union response were quickly dashed after the restart. Konrad Laimer found Kane, who finished from around 15 meters to extend the lead. Bayern continued to press, and Gnabry struck again in the 67th minute following an Olise effort, effectively sealing the victory.
Union rarely threatened in attack, while Bayern continued to create chances. Olise hit the woodwork and missed from close range before 16-year-old Erblin Osmani came on to make his Bundesliga debut at 16 years and 306 days.
Bayern’s leads the standings with its 22nd victory, while Union drops to 10th place.
Elsewhere, second-placed Borussia Dortmund recovered from a two-goal deficit to beat Hamburger SV 3-2. Bayer Leverkusen squandered a two-goal lead in a 3-3 draw with bottom side Heidenheim. Cologne and Borussia Monchengladbach shared six goals in a 3-3 draw in the 100th Rhineland derby, while Werder Bremen’s 1-0 victory deepened Wolfsburg’s relegation concerns.
English Caption 1
Harry Kane (C) of FC Bayern Munich breaks through during the German first division Bundesliga football match between FC Bayern Munich and 1. FC Union Berlin in Munich, Germany, March 21, 2026. (Photo by Philippe Ruiz/Xinhua)
English Caption 2
Serge Gnabry of FC Bayern Munich celebrates scoring during the German first division Bundesliga football match between FC Bayern Munich and 1. FC Union Berlin in Munich, Germany, March 21, 2026. (Photo by Philippe Ruiz/Xinhua)
English Caption 3
Konrad Laimer (L) of FC Bayern Munich vies with Janik Haberer of 1. FC Union Berlin during the German first division Bundesliga football match between FC Bayern Munich and 1. FC Union Berlin in Munich, Germany, March 21, 2026. (Photo by Philippe Ruiz/Xinhua)